နေမကောင်းဖြစ်နေတဲ့ ခွေးလေးရဲ့နောက်ဆုံးထွက်သက်မတိုင်ခင်အထိ အဖော်ပြုပေးချင်လို့ အလုပ်ထွက်ခဲ့တဲ့ အမျိုးသမီး

20-5-2022-yyl-05.jpg

မီဂန် မာရှယ်လ်ဟာ သူ့ရဲ့ခွေးလေး ဆာရှာနဲ့ ၁၅ နှစ်ကြာ အတူနေလာခဲ့ကြတာပါ။ ဒါပေမဲ့ ဆာရှာရဲ့နောက်ဆုံးနေ့ရက်က တဖြည်းဖြည်းနီးလာပါပြီ။ မီဂန်က ဆာရှာရဲ့နောက်ဆုံးနေ့ရက်မတိုင်ခင် သူ့အတွက် တက်နိုင်သလောက် အကောင်းဆုံးဖြည့်ဆည်းပေးချင်တယ်။ ဒါကြောင့် နောက်ဆုံးထွက်သက်မတိုင်ခင် ဆာရှာ လုပ်ချင်တဲ့အရာတွေကို ဖြည့်ဆည်းပေးရင်း အဖော်ပြုပေးချင်တာကြောင့် မီဂန်က သူ့ရဲ့အလုပ်ကနေ ထွက်ခဲ့ပါတယ်။

ဆာရှာက ခြေလက်မသန်စွမ်းတော့ဘဲ လုံးဝလမ်းမလျှောက်နိုင်ဖြစ်သွားမယ့် မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါနဲ့ အခြားကျန်းမာရေးပြဿနာများစွာရှိပါတယ်။ “အခြားသူတွေရဲ့ခွေးလေးတွေကို ကျောင်းရင်း လမ်းလျှောက်ထွက်ပေးရတဲ့ အလုပ်ကို လုပ်နေခဲ့တာပါ။ ဆာရှာရဲ့ကျန်းမာရေးက တဖြည်းဖြည်းဆိုးရွားလာခဲ့တယ်။ ဆာရှာကို အဖော်ပြုပေးတာရော အလုပ်လုပ်တာရော နှစ်ခုလုံးတစ်ပြိုင်နက်တည်းလုပ်ဖို့ အရမ်းခက်ခဲတယ်။

ဒါကြောင့် ကျွန်မရဲ့အလုပ် မလုပ်တော့ဘဲ ဆာရှာအတွက် အချိန်အပြည့်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ ဆာရှာက သူ့ရဲ့ကျန်းမာရေးအတွက် အမြဲတိုက်ပွဲဝင်နေရရင်တောင် ကျွန်မ အခက်အခဲတွေ ကျော်လွှားနေရတဲ့တစ်လျှောက်လုံး ကျွန်မရဲ့အားကိုးရာဖြစ်ခဲ့တယ်။ ဒါကြောင့် ကျွန်မ အခွင့်အရေးရှိခဲ့ရင် သူ ကျွန်မ့ကို ပေးခဲ့တဲ့အရာအတွက် ပြန်ပေးချင်ခဲ့တယ်”လို့ မီဂန်က ပြောပါတယ်။

ဆာရှာက ကမ်းခြေသွားလည်တာ၊ ကားနဲ့ရောင်းတဲ့ရေခဲမုန့်ဆိုင်ကနေ ရေခဲမုန့်စားတာ၊ Dog Show တွေ ဝင်ရောက်ပါဝင်တာ၊ အကင်နဲ့ညစာစားတာ၊ မွေးနေ့ပါတီကျင်းပတာ၊ အဖော်ခွေးလေးတွေနဲ့အတူ အချိန်ကုန်ဆုံးတာအပါအဝင် တော်တော်များများကို လုပ်ပြီးသွာပါပြီ။ သူက ဆန်တာကိုလည်း တွေ့ခဲ့အပြင် တိရစ္ဆာန်ရုံသွားတာ၊ Blenheim Palace နဲ့ King Road ကို အလည်သွားခဲ့ပြီး ဓာတ်ပုံတွေလည်း ရိုက်ခဲ့ပါတယ်။

ဆာရှာရဲ့နောက်ဆုံးနေ့ရက်က နီးကပ်လာတာနဲ့အမျှ မီဂန်က Windsor Castle ကို သွားတာ၊ သားသတ်သမားတွေဆီ အလည်သွားတာ၊ ကလေးတွေနဲ့တွေ့ဆုံဖို့ ကျောင်းသွားတာအပါအဝင် ကျန်ရှိနေတဲ့အရာတွေကို ဖြည့်ဆည်းပေးဖို့ စိတ်အားထက်သန်နေပါတယ်။ မီဂန်က “ကျွန်မတို့ ဒီအရာတွေကို လုပ်ဆောင်ပြီးပြီလို့ သိထားတာက ဆိုးရွားတဲ့နေ့ရက်တွေကို အနည်းငယ်လွယ်ကူစေဖို့ အကူအညီပေးပါလိမ့်မယ်။ ဆာရှာကို ဆုံးရှုံးရတာက ကျွန်မ့အတွက် ကြီးမားတဲ့ရုန်းကန်မှုတစ်ခုဖြစ်လာမယ်ဆိုတာ ကျွန်မသိတယ်။ ဒါကြောင့် ကျွန်မ တတ်နိုင်တဲ့ အရာအားလုံး လုပ်ခဲ့တယ်။ သူ အရမ်းပျော်နေမှန်း သိတယ်”တဲ့။

Ref: Metro “Woman quits job to spend time with her terminally ill labrador”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top