တရုတ်နိုင်ငံကနေ ထိုင်ဝမ်ကို လက်ဆောင်ပေးခဲ့တဲ့ ပန်ဒါကြီး သေဆုံး

21-11-2022yyl01.jpg

တရုတ်နိုင်ငံက ထိုင်ဝမ်ကို လက်ဆောင်ပေးခဲ့တဲ့ ပန်ဒါကြီးဟာ ကာလအတန်ကြာ ကျန်းမာရေးယိုယွင်းခဲ့ပြီးနောက် သေဆုံးသွားခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်က တရုတ်နဲ့ ထိုင်ဝမ်ကြား ဆက်ဆံရေးကောင်းမွန်နေချိန်မှာ တရုတ်နိုင်ငံက ပန်ဒါအထီးကြီး တွမ်တွမ်နဲ့ ပန်ဒါအမ ယွမ်ယွမ်တို့ကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့တာပါ။

တွမ်တွမ်နဲ့ ယွမ်ယွမ်ဆိုတာ ပြန်လည်သွေးစည်းညီညွတ်မှုလို့ အဓိပ္ပာယ်ရပြီး တရုတ်နိုင်ငံက တချိန်ကျရင် ထိုင်ဝမ်ကို တရုတ်ပြည်မကြီးထဲ ပြန်လည်ပေါင်းစည်းဖို့ ရည်ရွယ်ကြောင်း ပြသခဲ့တယ်လို့ ဆိုကြပါတယ်။ ထိုင်ဝမ်ကို ရောက်ရှိခဲ့ပြီးနောက်မှာ တွမ်တွမ်နဲ့ ယွမ်ယွမ်တို့ဟာ လူအများ စိတ်ဝင်စားခြင်းခံခဲ့ရပြီး ယွမ်ယွမ်က ပန်ဒါဝက်ဝံအမလေး နှစ်ကောင် မွေးခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ နှစ်နိုင်ငံကြား ဆက်ဆံရေးယိုယွင်းလာပြီး တင်းမာမှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။ ပြီးခဲ့တဲ့သြဂုတ်လမှာ တွမ်တွမ် အတက်ရောဂါ ခံစားခဲ့ရပြီး နာမကျန်းဖြစ်တာကို တိရစ္ဆာန်ရုံက စတင်သတိထားမိခဲ့တာပါ။ တရုတ်နိုင်ငံက တိရစ္ဆာန်ကုဆရာဝန်တွေ ခေါ်ယူပြီး တွမ်တွမ်ရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးခဲ့ရာမှာ ဦးနှောက်ယောင်ယမ်းနေတာ တွေ့ရှိခဲ့ပြီး ကုသမှုတွေ လုပ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ အသက် ၁၈ နှစ်ရှိနေပြီဖြစ်တဲ့ တွမ်တွမ်ရဲ့ ကျန်းမာရေးအခြေအနေက ပြန်ကောင်းလာခဲ့ခြင်းမရှိပါဘူး။

Ref:Giant panda gifted to Taiwan by China dies

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top