သတ္တုရှာဖွေသူတစ်ယောက်က သမိုင်းအလယ်ခေတ်မှ မင်္ဂလာပွဲ စိန်လက်စွပ်တစ်ကွင်း ရှာဖွေတွေ့ရှိ

18-11-2022yyl15.jpg

အင်္ဂလန်က သတ္တုရှာဖွေသူတစ်ယောက်ဟာ သမိုင်းအလယ်ခေတ်က မင်္ဂလာပွဲမှာ ဝတ်ဆင်တဲ့ စိန်လက်စွပ်တစ်ကွင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီစိန်လက်စွပ်ကို အခုလနှောင်းပိုင်းမှာ လေလံတင်ရောင်းချဖို့ရှိပြီး ပေါင် ၃၀,၀၀၀၊ ပေါင် ၄၀,၀၀၀ ဝန်းကျင်ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။

အသက် ၆၉ နှစ်ရှိတဲ့ ဒေးဗစ်ဘုတ်ဟာ ၁၉၇၀ ပြည့်နှစ်ဝန်းကျင်က သတ္တုရှာဖွေသူအဖြစ် ပထမအကြိမ် လုပ်ခဲ့ဖူးပြီး ဗြိတိန်နိုင်ငံ ကမ်းခြေတွေမှာ ရှာဖွေခဲ့ပေမဲ့ များများစားစား မတွေ့ခဲ့ပါဘူး။ သူဟာ ၂၀၁၉ ခုနှစ်မှာ သတ္တုရှာဖွေသူအဖြစ် တစ်ကျော့ပြန် လုပ်ခဲ့ပြီး ဒုတိယနေ့ ကွင်းဆင်းရှာဖွေချိန်မှာ သတ္တုပစ္စည်း တွေ့တဲ့ အချက်ပြမှု ရရှိခဲ့တာပါ။ အစပိုင်းမှာ သံတိုသံစဖြစ်မယ်လို့ ထင်ခဲ့ပေမဲ့ လက်စွပ်တစ်ကွင်းဖြစ်နေခဲ့တာပါ။

အိမ်ရောက်တဲ့အခါမှ ရွံ့တွေကို ဆေးကြော၊ ပွတ်တိုက်ကြည့်လိုက်ချိန်မှာ စိန်လက်စွပ်ဖြစ်နေမှန်း သိခဲ့တာပါ။ ဒါဟာ သူ့အတွက်တော့ တစ်သက်မှာ တစ်ခါပဲ ကြုံနိုင်တဲ့ တွေ့ရှိမှုမျိုးလို့ ဒေးဗစ်ဘုတ်က ဆိုပါတယ်။ လက်ထပ် ထိမ်းမြားမှုသင်္ကေတအဖြစ် အတွန့် ၂ ခု ဆုံရာနေရာမှာ စိန်မြှုပ်ထားတဲ့ပုံစံ ဖြစ်ပါတယ်။

Ref:Metal detectorist discovers medieval wedding ring worth an estimated $47,000

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top