အမေရိကန်နိုင်ငံက တိရစ္ဆာန်ဥယျာဉ်ကို တရုတ်ကနေ ဧရာမပန်ဒါဝက်ဝံ ပင်းပင်းနဲ့ ဖုရှောင် ရောက်ရှိ

Panda.png

အမေရိကန်နိုင်ငံက Zoo Atlanta ကို ဧရာမပန်ဒါဝက်ဝံနှစ်ကောင်ရောက်ရှိလာခဲ့ပါပြီ။ ပင်းပင်းအမည်ရတဲ့ ပန်ဒါဝက်ဝံအထီးနဲ့ ဖုရှောင်အမည်ရတဲ့ ပန်ဒါဝက်ဝံမဟာ စက်တင်ဘာ ၂၇ ရက်နေ့မနက်ခင်းမှာ FedEx Panda Express Boeing 777 နဲ့ Hartsfield Jackson Atlanta International Airport ဆီ ရောက်ရှိလာခဲ့ပါတယ်။

Altanta ကို ပန်ဒါတွေ မကြာခင် ရောက်ရှိလာမယ်လို့ တရုတ်သမ္မတ ကြေညာခဲ့ပြီး ၃ ရက်အကြာမှာ ရောက်လာခဲ့တာပါ။ တရုတ်နိုင်ငံက ပန်ဒါတွေက Zoo Atlanta နဲ့ China Wildlife Conservation Association (တရုတ်နိုင်ငံတောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း) တို့အကြား ချုပ်ဆိုထားတဲ့ ဧရာမပန်ဒါဝက်ဝံထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာသဘောတူညီချက်အသစ်အရ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ပင်းပင်းနဲ့ ဖုရှောင်တို့က Zoo Atlanta ရှိ ဧရာမပန်ဒါဝက်ဝံတွေအတွက် သီးသန့်ဆောက်လုပ်ထားတဲ့ ဇီဝလုံခြုံမှုမြင့်မားတဲ့ နေရာတစ်ခုမှာ ၁ လခန့်ကြာ Quarantine ဝင်ရာမှာဖြစ်ပါတယ်။ အဲ့ဒီနောက်မှ သူတို့ကို တိရစ္ဆာန်ဥယျာဉ်လာရောက်လည်ပတ်သူတွေ ကြည့်ရှုလို့ရနိုင်မယ့် အချိန်ကို ကြေညာသွားမှာဖြစ်ပါတယ်။

ပင်းပင်းနဲ့ ဖုရှောင်တို့ကို the Chengdu Research Base of Giant Panda Breeding မှာ ၂၀၂၀ ခုနှစ်က မွေးဖွားခဲ့တာပါ။ Zoo Atlanta ရဲ့အရင်ပန်ဒါဝက်ဝံတွေ တရုတ်နိုင်ငံကို ပြန်သွားခဲ့ပြီး ၂ နှစ်အကြာမှာ ပင်းပင်းနဲ့ ဖုရှောင်တို့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ သဘောတူစာချုပ်ကုန်ဆုံးသွားလို့ လွန်လွန်၊ ယန်ယန်နဲ့ သူတို့ရဲ့သားပေါက် ၂ ကောင်တို့ဟာ ၂၀၂၄ ခုနှစ်အောက်တိုဘာမှာ တရုတ်ကို ပြန်သွားခဲ့တာပါ။

Zoo Atlanta က အခုဆိုရင် အမေရိကန်ရှိ ဧရာမပန်ဒါဝက်ဝံတွေရှိတဲ့ တိရစ္ဆာန်ဥယျာဉ် ၃ ခုထဲက ၁ ခုဖြစ်သွားပါပြီ။

Ref: Giant pandas Ping Ping and Fu Shuang arrive in Atlanta from China

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top