တစ်ပတ်အတွင်း Rubik’s Cube (ရူးဘစ်တုံး) ကမ္ဘာ့စံချိန် ၂ ခု ချိုးခဲ့တဲ့ အသက် ၆ နှစ်အရွယ် တရုတ်ကလေးမလေး

girl0.png

တရုတ်နိုင်ငံက အသက် ၆ နှစ်အရွယ်ကလေးမလေး လီယန် ယန်ကျီ ( Lian Yunzhi) ဟာ Rubik ‘s Cube (ဉာဏ်စမ်းကစားစရာ သုံးဖက်မြင် ရူးဘစ်ပဟေဠိတုံး) နဲ့ ကမ္ဘာ့စံချိန်သစ်ကို တစ်ပတ်အတွင်း နှစ်ကြိမ်တိုင်တိုင် ချိုးခဲ့ပါတယ်။

လီယန်လေးဟာ စက်တင်ဘာ ၁၃ ရက်နေ့က ဝူဟန်မြို့ပြိုင်ပွဲမှာ ရူးဘစ်တုံးလှည့်ရာမှာ ပျမ်းမျှ ၄.၅၂ စက္ကန့်နဲ့ စံချိန်တင်ခဲ့ပြီး ၃ ရက်အကြာ စက်တင်ဘာ ၁၆ ရက်နေ့မှာတော့ ကွမ်းကျိုးမြို့ပြိုင်ပွဲမှာ ပျမ်းမျှ ၄.၂၇ စက္ကန့်နဲ့ သူ့ရဲ့စံချိန်ကို ထပ်မံချိုးခဲ့တာပါ။ သူဟာ ကမ္ဘာပေါ်မှာ ပျမ်းမျှဖြေရှင်းချိန် ၄.၅ စက္ကန့်အောက်ရောက်ဖူးတဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသော အမျိုးသမီး Speedcuber (ပဟေဠိလှည့်တုံးတွေကို အမြန်ဆုံးအချိန်အတွင်း ဖြေရှင်းဖို့ (သို့) လှည့်နိုင်ဖို့ စံချိန်တင် လေ့ကျင့်ကစားသူ) ဖြစ်လာခဲ့ပါတယ်။

သူဟာ အဲ့ဒီစံချိန်အတွက် ရူးဘစ်တုံးတွက်နည်းပုံသေနည်းပေါင်း ၁၃၀၀ ကျော်ကို ကျွမ်းကျင်အောင် လေ့ကျင့်ထားရပြီး တစ်ရက်ကို ၂ နာရီကနေ ၃ နာရီအထိ အပြင်းအထန်လေ့ကျင့်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

Ref: Six-year-old girl sets Rubik’s Cube world record

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top