ပိရမစ်တွေထက် ပိုရှေးကျပြီး နှစ်သက်တမ်း ၅၅၀၀ ရှိတဲ့ သားရေဖိနပ်

images-15.jpg

အာမေးနီးယားနိုင်ငံ ဗိုင်ယော့ဆ်ဒဇောရ် (Vayots Dzor) ပြည်နယ်မှာရှိတဲ့ ဂူအတွင်းကနေ ရှာဖွေတွေ့ရှိခဲ့တဲ့ ကြေးခေတ် နွားသားရေဖိနပ်ဟာ နှစ်သက်တမ်း ၅၅၀၀ ရှိပြီး အီဂျစ်နိုင်ငံရဲ့ ပိရမစ်တွေထက် ပိုရှေးကျပါတယ်။

Areni-1 လို့ အမည်ပေးထားတဲ့ ဒီဖိနပ်ဟာ အမေရိကန်ဖိနပ်ဆိုက်ဒ် ၇ ဖြစ်ပြီး နွားသားရေတပြင်တည်းကို (ယနေ့ခေတ်”Wholecut” ဒီဇိုင်း) လှီးဖြတ်ချုပ်လုပ်ထားတာပါ။ ဒီဖိနပ်ကို ၂၀၀၈ ခုနှစ်က တွေ့ရှိခဲ့တာဖြစ်ပြီး တွေ့ရှိရာ ဂူအတွင်းပိုင်းမှာ ဂူနံရံကို သိုးချေးတွေ သုတ်လိမ်းထားတာကြောင့် အပူချိန် ထိန်းညှိပေးထားတဲ့အတွက် နှစ်သက်တမ်းကြာမြင့်ပေမဲ့ အကောင်းပကတိ အခြေအနေမျိုးနဲ့ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီဖိနပ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅,၅၀၀ ခန့် (ခရစ်တော်မပေါ်မီ ဘီစီ ၃၅၀၀ ဝန်းကျင်) ကတည်းက ချုပ်လုပ်ခဲ့တာဖြစ်ပြီး ကြေးနီခေတ် (Copper Age) လက်မှုပညာနဲ့ ရေရှည်တည်တံ့မှုကို ထင်ဟပ်ပြသနေတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။

ကမ္ဘာ့အစောဆုံး အီဂျစ်ပိရမစ်ကြီး ဖြစ်တဲ့ ဂျိုဆာပိရမစ် (Pyramid of Djoser)ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄,၇၀၀ ခန့် (ဘီစီ ၂၆၃၀ ဝန်းကျင်) မှ တည်ဆောက်ခဲ့တာဖြစ်လို့ Areni-1 ဖိနပ်က နှစ်ပေါင်း ၈၀၀ လောက် ပိုပြီး ရှေးကျပါတယ်။

လက်ရှိအချိန်မှာတော့ Areni-1 ဖိနပ်ကို အာမေးနီးယားနိုင်ငံ၊ ယေရေဗန်မြို့ (Yerevan) ရှိ အာမေးနီးယား သမိုင်းပြတိုက်မှာ ထိန်းသိမ်းပြသထားပါတယ်။

Ref: The “Areni-1 shoe” is an extraordinary 5,500-year-old artifact.

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top