ကိုဗစ်-၁၉ ကူးစက်ခံ​ရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရတဲ့ အဆိုတော်ဆိုအင်ယောင်း

17-7-2021-yyl-03.jpg

ကိုရီးယားအဆိုတော်မလေး ဆိုအင်ယောင်းဟာ ကိုဗစ်-၁၉ ကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ သူ့ရဲ့အေဂျင်စီ Think Entertainment ရဲ့ ထုတ်ပြန်ချက်အရ ဆိုအင်ယောင်းက ဇူလိုင်လ ၁၃ ရက်နေ့ မနက်ခင်းမှာ ကိုဗစ်-၁၉ ပိုးစမ်းသပ်တွေ့ရှိခဲ့ရပါတယ်။ ဆိုအင်ယောင်းရဲ့အစီအစဉ်ဆွဲထားတဲ့ အဆိုလှုပ်ရှားမှုအကုန်လုံးကို ဖျက်သိမ်းလိုက်ရပြီး အစိုးရရဲ့လမ်းညွှန်ချက်တွေကို လိုက်နာရင်း Self-quarantine ခံယူသွားမယ်လို့ သိရပါတယ်။

ဆိုအင်ယောင်းဟာ ၂၀၀၂ခုနှစ်မှာ Jewelry အဆိုအဖွဲ့ရဲ့အဖွဲ့ဝင်တစ်ဉီးအဖြစ် ပွဲဉီးထွက်ခဲ့ပြီး “Super Star” နဲ့ “I Really Like You” အစရှိတဲ့ လူကြိုက်များတဲ့သီချင်းတွေကို ထွက်ရှိခဲ့ပါတယ်။ ဆိုအင်ယောင်းက တစ်ကိုယ်တော်အဆိုတော်အဖြစ်လည်း သူ့ရဲ့ “Cinderella” သီချင်းနဲ့ ပရိသတ်တွေရဲ့ချစ်ခင်နှစ်သက်မှုကို ရရှိခဲ့ပါတယ်။

မကြာသေးခင်ကမှ အင်ယောင်းက Think Entertainment နဲ့ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ အနာဂတ်အဆိုလှုပ်ရှားမှုတွေအတွက် အစီအစဉ်တွေရှိခဲ့ပေမဲ့ ဆိုအင်ယောင်းက သူ့ရဲ့ပရိုမိုးရှင်းတွေကို ယာယီရပ်ဆိုင်းထားရမှာဖြစ်ပါတယ်။

Ref: Soompi “Seo In Young Tests Positive For COVID-19”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top