အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် တရုတ်-အာဆီယံကုန်စည်ပြပွဲ၏ ဂုဏ်ထူးဆောင်နိုင်ငံ သတင်းစာရှင်းလင်းပွဲကျင်းပ

2-1-1.jpg

တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ၏ စီးပွားကုန်သွယ်ရေးအတွက် ကြီးကျယ်ခမ်းနားသောအခမ်းအနားဖြစ်သည့် (၁၆) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (CAEXPO) ကို စက်တင်ဘာလ (၂၀) ရက်နေ့မှ (၂၃) ရက်နေ့အထိ တရုတ်နိုင်ငံ၊ နန်နင်းမြို့တွင်ကျင်းပမည်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် ဂုဏ်ထူးဆောင်နိုင်ငံအဖြစ် ဒုတိယအကြိမ်ရွေးချယ်ခံရခြင်း ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံခေါင်းဆောင်သည် ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်၍ အရေးပါအခမ်းအနားများကိုတက်ရောက်မည်ဖြစ်သဖြင့် တရုတ်-အင်ဒိုနီးရှားနှစ်နိုင်ငံ ဘက်စုံကူးလူး ဖလှယ်ပူးပေါင်းဆောင်ရွက်မှုသည် တစ်ဆင့်တိုးနက်ရှိုင်းလာမည်ဖြစ်သည်။ ယခုအကြိမ် တရုတ်-အာဆီယံကုန်စည်ပြပွဲ သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ဂုဏ်ထူးဆောင်နိုင်ငံ သီးသန့်သတင်းစာရှင်းလင်းပွဲနှင့် ၂၀၁၉ ခုနှစ် တရုတ်-အာဆီယံကုန်စည်ပြပွဲ အင်ဒိုနီးရှားပြပွဲကို တစ်ချိန်တည်းတွင်ကျင်းပသဖြင့် (၁၆) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ၏ ဂုဏ်ထူးဆောင်နိုင်ငံအခမ်းအနားကို အထွတ်အထိပ်တစ်ခုသို့ ပို့ပေးနိုင်မည်ဖြစ်ပါသည်။

တရုတ်-အာဆီယံကုန်စည်ပြပွဲ အတွင်းရေးမှူးရုံးနှင့် တရုတ်-အာဆီယံကုန်စည်ပြပွဲ အင်ဒိုနီးရှားနိုင်ငံပူးတွဲကျင်းပသည့်ဌာန အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနတို့သည် ဇူလိုင်လ (၁၁) ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာတွင် ဂုဏ်ထူးဆောင်နိုင်ငံ သီးသန့်သတင်းစာရှင်းလင်းပွဲကို ပူးတွဲကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာန နိုင်ငံတော်ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် တရုတ်-အာဆီယံကုန်စည်ပြပွဲအတွင်းရေးမှူးရုံးမှ ခေါင်းဆောင်များ အတူတကွတက်ရောက်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံမှအဓိကမီဒီယာများနှင့် အင်ဒိုနီးရှားအခြေစိုက် တရုတ်မီဒီယာပေါင်း (၂၉) ခုမှ သတင်းထောက်ပေါင်း (၃၅) ယောက်တက်ရောက်ခဲ့ပါသည်။ တရုတ်-အင်ဒိုနီးရှား ပူးပေါင်းဆောင်ရွက်မှုရလဒ်သည် သိသာထင်ရှားပြီး တရုတ်-အာဆီယံကုန်စည်ပြပွဲ၏ အခန်းကဏ္ဍကိုအစားထိုး၍မရပါ။ တရုတ်-အာဆီယံကုန်စည်ပြပွဲအတွင်းရေးမှူးရုံး ဒုတိယ အတွင်းရေးမှူးချုပ် Ms. Yang Yanyan ၏ မိတ်ဆက်မှုအရ အင်ဒိုနီးရှားနိုင်ငံသည် “၂၁ ရာစုပင်လယ်ရေကြောင်းပိုးလမ်းမကြီး” အဆိုကို ကနဦးအဆိုပြုသည့်နေရာနှင့် “Belt and Road” ပူးပေါင်းဆောင်ရွက်မှု၏ အဓိကစတင်သည့်နေရာဖြစ်ပြီး ယခုနှစ်ပေါင်းတွင် တရုတ်နိုင်ငံနှင့် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် ကျော်လွှားသည့်ပုံစံဖြင့် တိုးတက်လာပါသည်။

၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံကို တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ (၂.၄) ဘီလီယံရှိပြီး အင်ဒိုနီးရှားနိုင်ငံ၏ တတိယအများဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နိုင်ငံဖြစ်သည်။ နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ (၇၇.၄) ဘီလီယံကျော်ရှိပြီး တရုတ်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ် ဖက်နိုင်ငံနှင့် ပို့ကုန် တင်ပို့သည့်နိုင်ငံဖြစ်လာသည်။ အင်ဒိုနီးရှားနိုင်ငံသည် တရုတ်ကုမ္ပဏီများ ဆောက်လုပ်ရေးစီမံကိန်းကို ကန်ထရိုက်ယူသည့် ထိပ်တန်းပြည်ပဈေးကွက် နိုင်ငံဆယ်နိုင်ငံထဲမှ တစ်နိုင်ငံ ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် တရုတ်ကုမ္ပဏီက အင်ဒိုနီးရှားတွင်ကန်ထရိုက်ပေးသည့် အသစ်စာချုပ်ပမာဏပေါင်းသည် အမေရိကန်ဒေါ်လာ (၁၁.၄) ဘီလီယံ၊ ပြီးစီးသည့် လုပ်ငန်းဝင်ငွေ သည် အမေရိကန်ဒေါ်လာ (၆.၁) ဘီလီယံဖြစ်ပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ အဝေးပြေးလမ်းမ၊ လမ်းတံတား၊ ရေကာတာ စသည့် စီမံကိန်းတည်ဆောက်မှုများပါဝင်သည်။

အင်ဒိုနီးရှားနိုင်ငံသည် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် တက်တက်ကြွကြွပါဝင်ခဲ့ပြီး ကောင်းမွန်သည့် စီးပွားကုန်သွယ်ရေးအကျိုးရလဒ်ကိုရရှိခဲ့ပါသည်။ ရှေ့ (၁၅) ကြိမ် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် အင်ဒိုနီးရှားနိုင်ငံသည် စုစုပေါင်းပြခန်းပေါင်း (၁၈၀၀) ကျော်အသုံးပြုခဲ့ပြီး ကုမ္ပဏီပေါင်း ထောင်ချီဝင်ရောက်ပြသခဲ့ပါသည်။ ယမန်နှစ် (၁၅) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကျင်းပနေစဉ်အတွင်း၌ အင်ဒိုနီးရှားနိုင်ငံကုန်ပစ္စည်းပြခန်းတွင် လက်ငင်းအရောင်းအဝယ်ပမာဏသည် (၁၄) ကြိမ်မြောက်ထက် (၃) ဆတိုးမြင့်ခဲ့သည်။ ယခုနှစ် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် တရုတ်ကုန်ပစ္စည်းများသည် စက်ယန္တရားပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ စိုက်ပျိုးရေး စသည့် အာဆီယံဈေးကွက်နှင့် ကိုက်ညီသည့်လုပ်ငန်းများကိုအခြေခံပြီး နယ်ပယ်အသီးသီးမှ တရုတ်-အာဆီယံတို့အတူတကွအလေးထားသည့် မှတ်ဉာဏ်တု (AI)၊ အင်တာနက်နှင့် လူမှုအသုံးအဆောင်ပစ္စည်းများ အကြား ကွန်ရက်ချိတ်ဆက်အသုံးပြုခြင်း (Internet of things, IOT) ၊ Cloud computing၊ Big data၊ E-commerce စသည့်နယ်ပယ်များတွင် အားသာချက်များကို ထုတ်ဖော်ပြသ ရန် လမ်းပြသွားမည်ဖြစ်သည်။

တစ်ချိန်တည်းတွင် နယ်ပယ်အသီးသီး၏ Upstream နှင့် Downstream လုပ်ငန်း၏ ဖွဲ့စည်းပြသမှုကိုမြှင့်တင်ကာ အင်ဒိုနီးရှားနှင့် အာဆီယံအခြားနိုင်ငံ ကုမ္ပဏီများမှ သုံးစွဲသူအများအပြားအတွက် သင့်တော်သည့်ကုန်ပစ္စည်းရွေးချယ်ဝယ်ယူရေးအတွက် “One stop” ဝန်ဆောင်မှုပေးရမည်။ ပြပွဲကျင်းပနေစဉ်ကာလအတွင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်ရေးတိုးမြင့်ရေးအခမ်းအနားပေါင်း (၁၀၀) ကျော်စီစဉ်ထားပြီး ၎င်းတို့အထဲတွင် ကျွမ်းကျင်သောရွေးချယ်ဝယ်ယူမှုချိတ်ဆက်ရေးအခမ်းအနားပေါင်း (၁၀) ပွဲကျော် ပါဝင်သည်။ ယခုအကြိမ် တရုတ်-အာဆီယံကုန်စည်ပြပွဲသည် ဆန်းသစ်တီထွင်သည့်ကုန်ပစ္စည်းများ ဝင်ရောက်ပြသသည့်အချိုး တိုးပွားလာမည်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှ အဆင့်မြင့် နည်းပညာတင်သွင်းမှုကို အထောက်အကူပြုမည့်အပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အရှိန်မြှင့်ပေးမည်ဖြစ်သည်။

၂၀၀၇ ခုနှစ်တွင် ဂုဏ်ထူးဆောင်နိုင်ငံစနစ်ကို စတင်ကျင့်သုံးသည့်အချိန်မှစ၍ အဆိုပါစနစ်သည် အာဆီယံနိုင်ငံများ၏အလေးထားမှုနှင့်ချီးကျူးခြင်းခံရပြီး တရုတ်နိုင်ငံနှင့် အာဆီယံ အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို အင်တိုက်အားတိုက်မြှင့်တင်ပေးခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတော်ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပို့ကုန်ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးညွှန်ကြားရေးမှူးချုပ်က အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံ၏ အကြီးမားဆုံးစီးပွားရေးအုပ်စုနှင့် G20 ၏ အဓိကအဖွဲ့ဝင်နိုင်ငံအနေဖြင့် တရုတ်-အာဆီယံကုန်စည်ပြပွဲ၏ ဂုဏ်ထူးဆောင်နိုင်ငံအဖြစ်ထမ်းဆောင်ခြင်းသည် အထူးအဓိပ္ပာယ်ရှိပြီး အင်ဒိုနီးရှားနိုင်ငံခေါင်းဆောင်သည် ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်၍ တက်ရောက်မည် ဟုပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် ပြခန်းကိုဆက်လက်ငှားရမ်း၍ လက်မှုထည်များ၊ သစ်သားဖြင့်ပြုလုပ်သည့်အိမ်ထောင်ပရိဘောဂများ၊ စားသောက်ကုန်များ၊ အထည်လိပ် များစသည့် အင်ဒိုနီးရှားထူးခြားချက်ပါဝင်သည့်ကုန်ပစ္စည်းများ၊ သတ္ထုလုပ်ငန်း ရင်းနှီးမြှုပ်နှံမှု သတင်းအချက်အလက်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ဆောင်မှုစသည်တို့ကို တစ်နေရာတည်းတွင်ပြသမည်ဖြစ်သည်။ ထို့အပြင် ဂုဏ်ထူးဆောင်နိုင်ငံ၏ အဆင့်မြင့်ချိတ်ဆက်ပွဲ၊ ရင်းနှီးမြှုပ်နှံကုန်သွယ်မှုချိတ်ဆက်ပွဲ၊ သီးသန့်ဇုန်မိတ်ဆက်ပွဲ စသည့် အနှစ်သာရ ပြည့်စုံသည့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်ရေးတိုးမြှင့်ရေးအခမ်းအနားများလည်း ကျင်းပမည်ဖြစ်သည်။ ယခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံမှ ပြခန်းဝင်ရောက်ပြသပြီး တက်ရောက်သည့် လုပ်ငန်းရှင်ဦးရေပေါင်း တစ်ထောင်ကျော်မည်ဟု ခန့်မှန်းရသည်။

၂၀၁၉ ခုနှစ်သည် တရုတ်-အင်ဒိုနီးရှားနိုင်ငံ သံတမန်ဆက်ဆံရေးတည်ထောင်သည့် (၆၉) နှစ်ပြည့်ဖြစ်သည့်အပြင် “တရုတ်-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ၂၀၃၀ ခုနှစ်အမျှော်အမြင်” ကို စတင်ဖော်ဆောင်သည့်နှစ်လည်းဖြစ်သည်။ (၁၆) ကြိမ် မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို အဆိုပါ နောက်ခံအောက်တွင် အချိန်သင့်အခါသင့် ကျင်းပ သဖြင့် အနှစ်သာရပြည့်ဝပါသည်။ ယခုအကြိမ် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသည် တရုတ်-အာဆီယံ စီးပွားကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်ရေးအတွက် ဝန်ဆောင်မှုနှင့် “Belt and Road” တည်ဆောက်ရေးအတွက် စီးပွားရေးအခွင့်အလမ်းများစွာ ဖန်တီးပေးမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top