Huawei နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့လက်တွဲကာ အဆောက်အဦတွင်းကွန်ရက်များ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးဆွေးနွေးပွဲ ၂၀၁၉ ကို ကျင်းပ

Image_5.jpg

ကမ္ဘာ့ဦးဆောင် ICT အခြေခံအဆောက်အအုံနှင့် စမတ်စက်ပစ္စည်းထောက်ပံ့သူ Huawei နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့လက်တွဲ၍ ပွင့်လင်းမြင်သာစွာပူးပေါင်းကာ အပြန်အလှန်အကျိုးပြုနိုင်သည့်ဂေဟစနစ်တစ်ခု တည်ဆောက်ရန်ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံအဆောက်အဦးတွင်းကွန်ရက်များဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးဆွေးနွေးပွဲ ၂၀၁၉ ကို Pan Pacific Yangon ဟိုတယ်၌ ပြုလုပ်ကျင်းပခဲ့သည်။ ဆွေးနွေးပွဲ၌ အဆောက်အဦးအတွင်း ကွန်ရက်လွှမ်းခြုံမှုဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့်ပတ်သက်၍ လက်ရှိလူသိများနှစ်သက်နေသည့် ခေါင်းစဉ်များနှင့် မြန်မာနိုင်ငံအတွင်းရှိ အဆောက်အဦးတွင်းကွန်ရက်သစ်များ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေးဆိုင်ရာ ခေါင်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

ဆက်သွယ်ရေးကွန်ရက်များ၏ဖွံ့ဖြိုးလာမှုသည် လျင်မြန်စွာတိုးတက်ပြောင်းလဲနေသည့် မြန်မာနိုင်ငံအတွက် ပိုမိုအရေးပါလာသည်။ လက်ရှိတွင် ၈၀% သော မြန်နှုန်းမြင့်ဒေတာဝန်ဆောင်မှုများကို အဆောက်အဦးတွင်းကွန်ရက်များ အထူးသဖြင့် အထပ်မြင့်အဆောက်အဦးများတွင် အသုံးပြုလျက်ရှိသည်။
အနာဂတ် 5G နည်းပညာသည် အမျိုးအစားပိုမိုစုံလင်သည့်ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ပြီး စီးပွား ရေးလုပ်ငန်းများ၏ တိုးချဲ့နိုင်စွမ်းကို ပိုမိုမြင့်မားစေနိုင်သဖြင့် အဆောက်အဦးတွင်းကွန်ရက်ဖြန့်ကျက်မှုသည် တန်ဖိုးမြင့်မိုဘိုင်းလ်ဝန်ဆောင်မှုများအတွက် အဓိကကျလာသည်။

အဆောက်အဦတွင်းကွန်ရက်ဖြန့်ကျက်မှုဆိုင်ရာ ဒစ်ဂျစ်တယ် solution များသည် cloud VR၊ နည်းပညာမြင့်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အလွန်တိကျသည့် အဆောက်အဦးတွင်း တည်နေရာသတ်မှတ်ခြင်းဝန်ဆောင်မှုများကို ထောက်ပံ့ပေးခြင်းဖြင့် အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများ ၏ လုပ်ငန်းဆောင်ရွက်ချက်များကို အထောက်အကူပြုနိုင်သည်။ ၎င်းက ပိုမိုမြန်ဆန် အဆင်ပြေသည့် အတွေ့အကြုံများ၊ ကွန်ရက်ဒီဇိုင်းနှင့် ပုံစံများကိုပြုပြင်ရန်မလိုဘဲ 5G သို့ ပြောင်းလဲအသုံးပြုနိုင်သဖြင့် ပိုမိုတိုးတက်ကောင်းမွန်ခြင်း၊ E2E visualized O&M ကို အသုံးပြုထားခြင်းကြောင့် လုပ်ငန်းလည်ပတ် ထိန်းသိမ်းစရိတ်ကို လျှော့ချနိုင်သည်။

Huawei Myanmar ၏ CEO ဖြစ်သူ Mr. Zhang Liman က “ဒီနေ့ပွဲကတော့ မြန်မာနိုင်ငံမှာ ဒီကွန်ရက်တွေဖွံ့ဖြိုးလာဖို့ နဲ့ ICS/FTTX နယ်ပယ်မှာ စံချိန်စံညွန်း သတ်မှတ်ချက်တွေပြုလုပ်ဖို့ လိုအပ်နေတယ်ဆိုတာကို ဆွေးနွေးသွားမှာပါ။ မြန်မာနိုင်ငံအင်ဂျင်နီ ယာအသင်းချုပ်နဲ့ ပူးပေါင်းကျင်းပတဲ့ ဒီဆွေးနွေးပွဲကတဆင့် Hawei က နိုင်ငံသားတွေရဲ့နေ့စဉ်ဘဝ လူနေမှုအဆင့်တိုးတက်လာစေဖို့နဲ့ ဒစ်ဂျစ်တယ်မြန်မာနိုင်ငံတည်ထောင်ဖို့ ကတိကဝတ်ပြုထားတာကိုလည်း ဖော်ပြနေတာပါ” ဟု ဆိုသည်။

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဌ ဦးအောင်မြင့် က “ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးသော အင်ဂျင်နီယာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်အနေနဲ့ Huawei နဲ့ ပူးပေါင်းပြီး အဆောက်အဦးတွင်း ကွန်ရက်တွေဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနဲ့ မြန်မာ ICS/FTTX နယ်ပယ်အတွက် စံနှုန်းသက်မှတ်မှုတွေကိုမြှင့်တင်လိုပြီး လက်တွေ့ဘဝတွေကို အမှန်တကယ် သက်ရောက်မှုဖြစ်စေတဲ့ နည်းပညာအခြေခံအဆောက်အအုံနဲ့ ပတ်သက်တဲ့ခေါင်းစဉ်တွေ၊ လက်ရှိ အသုံးပြုနေမှုတွေနဲ့ ကောင်းမွန်တဲ့ solution ကို ရှာဖွေမယ့်အခုဆွေးနွေးပွဲကို တက်ရောက်ရတာ တကယ်ပဲ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်” ဟု ပြောကြားသည်။

ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးနိုင်က “ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းထောက်ပံ့သူ မည်သူမဆို မြန်မာနိုင်ငံရဲ့တည်ဆဲဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာမယ်ဆိုရင် တရားမျှမျှတတယှဉ်ပြိုင်တဲ့နေရာမှာ ဘယ်သူ့ကိုမှ ပိတ်ပင်သွားမှာမဟုတ်ပါဘူး။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ကွန်ရက် လုံခြုံမှုရှိစေဖို့အတွက် ဆိုင်ဘာလုံခြုံရေးနဲ့အခြားဆက်စပ်နည်းပညာစံချိန်စံညွှန်းတွေကိုလည်း ချမှတ်ပေးသွားမှာပါ” ဟု ပြောကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဖြစ်သူ ဦးဝင်းတင့်က “ဆက်သွယ်ရေးကုန်ကျစရိတ် တွေလျော့ကျစေပြီး လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်လာစေဖို့ သင့်လျော်တဲ့ပတ်ဝန်းကျင်တစ်ခုထောက်ပံ့ပေးဖို့ ရည်ရွယ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်တဲ့ဆွေးနွေးမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေကို Huawei နဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာများအသင်းချုပ်တို့က စတင်လုပ်ဆောင်ပေးနေတာကိုတွေ့ရတဲ့အတွက် ဝမ်းမြောက် ဝမ်းသာဖြစ်ရသလို မြန်မာနိုင်ငံ ဆောက်လုပ်ရေးနယ်ပယ်အတွက် Huawei ရဲ့ အဆက်မပြတ် ပံ့ပိုးမှုတွေအတွက်လည်း ကျေးဇူးတင်ရှိပါတယ်။ နယ်ပယ်အားလုံးအနေနဲ့လည်း အားလုံးတိုးတက် ဖွံ့ဖြိုးလာဖို့အတွက် ကိုယ်ပိုင်အကြံဉာဏ်တွေကို ပေးနိုင်ပြီး သက်ဆိုင်ရာနယ်ပယ်အလိုက် စွမ်းရည် အပြည့်အဝအသုံးပြုနိုင်ကြဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။

ဆွေးနွေးပွဲတွင် အစိုးရဌာနများ၊ ဆက်သွယ်ရေးအော်ပရေတာများ၊ အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ လေ့လာဆန်းစစ်သူများနှင့် အခြားသောသြဇာရှိအဖွဲ့အစည်းများမှကိုယ်စားလှယ်များက ထဲထဲဝင်ဝင် ပါဝင်ဆွေးနွေးကြကာ အတွေးအမြင်များဖလှယ်ခဲ့ကြသည်။ အဆောက်အဦတွင်းကွန်ရက်များ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးဆွေးနွေးပွဲများကို ရေရှည်ကျင်းပသွားရန်၊ အခြားသော ဦးဆောင်လှုပ်ရှားမှုများဆောင်ရွက်ရန်၊ အဆောက်အဦးတွင်းကွန်ရက်များနှင့် အခြားသော ဦးဆောင်လှုပ်ရှားမှုများဆောင်ရွက်ရန်၊ အဆောက်အဦးအတွင်းကွန်ရက်များနှင့် FTTH စံညွှန်းများ အကောင်အထည်ဖော်ဆောင်ရေး၊ လုပ်ငန်းလည်ပတ်နိုင်ရေးနှင့် အရောင်းမြှင့်တင်ရေးများကို ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီမှုစာချုပ်တစ်ခုကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် Huawei တို့က ၂၀၁၉ ခုနှစ်အစပိုင်းတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်သည် cloud၊ e-learning ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ပေးသည့်အစီအစဉ်များနှင့် အလုပ်သင်အစီအစဉ်များအပါအဝင် အခြားသတ်မှတ်နယ်ပယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် Huawei နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top