အလုပ်ထွက်ပြီး ပညာဒါနလုပ်ပေးခဲ့တဲ့ အမျိုးသား

roman-saini-650_011015105917.jpg

ဂျဘာလ်ပူပြည်နယ်ရဲ့ အုပ်ချုပ်ရေးအရာရှိဟောင်း ဒေါက်တာ ဆိုင်နီ (Saini) ရဲ့ဇာတ်လမ်းကတော့ ကောင်းတဲ့အရာတွေလုပ်ဖို့နဲ့ လူတော်တော်များများကိုခွန်အားဖြစ်စေမယ့် အကြောင်းအရာတစ်ခုပါပဲ။ ပညာရေးနဲ့ ဆက်စပ်တဲ့ အိန္ဒိယအုပ်ချုပ်ရေးပိုင်းဆိုင်ရာဝန်ဆောင်မှု (IAS) ကို ဝင်ဖြေဆိုဖို့ သင်တန်းမတက်ရောက်နိုင်ကြတဲ့ ကျောင်းသား/ကျောင်းသူတွေကိုကူညီပေးဖို့ သူက “Unacademy”ဆိုတဲ့ နာမည်နဲ့ အွန်လိုင်းကျောင်းတစ်ခုကို ဖွင့်ခဲ့ပြီး IAS ပညာရပ်ကို သင်ကြားပေးနေခဲ့ပါတယ်။

ဒေါက်တာ ဆိုင်နီအကြောင်းနဲ့ ပတ်သက်ပြီး နောက်ထပ်အံ့အားသင့်စရာကတော့ အသက် (၂၂) နှစ်အရွယ်မှာတင် သူက IAS အရာရှိတစ်ဦး ဖြစ်ခဲ့တယ်ဆိုတာပါ။ အကြိုဆေးဘက်ဆိုင်ရာစာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့တဲ့ အသက်အငယ်ဆုံး အမျိုးသားတစ်ယောက်ဖြစ်လာခဲ့ပြီး ဆေးဘက်ဆိုင်ရာသိပ္ပံကျောင်း (AIIMS) မှာလည်း ဆရာဝန်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူက ၂၀၁၁ ခုနှစ်မှာ ရွာတစ်ရွာဆီကို ဆေးဘက်ဆိုင်ရာအဖွဲ့ဝင်အဖြစ်သွားရောက်ခဲ့တဲ့ခရီးစဉ်မှာ ကျေးလက်ကလူတွေအနေနဲ့ ဘယ်လောက်ရုန်းကန်လှုပ်ရှားနေရလဲဆိုတာကို နားလည်သိမြင်သွားခဲ့ပါတယ်။

သူငယ်ချင်းဖြစ်သူ ဂါရေ့ မန်ဂျယ် (Gaurav Munjal) ရဲ့အကူအညီနဲ့ Unacademy ဝက်ဘ်ဆိုက်ကို ဖွင့်ခဲ့ပြီးတဲ့နောက်မှာ ဆိုရှယ်မီဒီယာအကောင့်တွေမှာလည်း အောင်မြင်မှုကြီးကြီးမားမား ရရှိလာခဲ့ပါတယ်။ ဒီလိုအောင်မြင်လာတဲ့အခါမှာတော့ ပညာသင်ကြားတဲ့အလုပ်ကိုပဲ အချိန်ပြည့်အာရုံစိုက်နိုင်အောင် ဆိုင်နီ က အလုပ်ထွက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

YouTube မှာလည်း Subscriber သန်းချီရှိနေပြီး သင်တန်းပို့ချချက်ဗီဒီယိုများစွာကိုလည်း တင်ဆက်နေပါတယ်။ သူ့ရဲ့ချန်နယ်ဟာ အလုပ်စာမေးပွဲဖြေဆိုဖို့ လိုအပ်တဲ့ပို့ချချက်တွေကို သင်တန်းတက်သင်ယူဖို့ ငွေကြေးမတတ်နိုင်တဲ့ ကျောင်းသား/ကျောင်းသူတွေအတွက် ကောင်းမွန်တဲ့နေရာတစ်ခုဆိုလည်း မမှားပါဘူး။

ပညာရေးကဏ္ဍအတွက် ငွေရေးကြေးရေးလိုအပ်ချက်ရှိမှုဟာ နိုင်ငံတော်တော်များများမှာ ရှိနေတဲ့ကိစ္စတစ်ခုပါ။ အဲဒါကို ဖြေရှင်းဖို့နည်းလမ်းကိုလည်း ရှာဖွေနေကြပါတယ်။ ဒေါက်တာ ဆိုင်နီကတော့ ကျောင်းသား/ကျောင်းသူတွေရဲ့ပညာရေးအတွက် သူ့ဘဝကိုပါမြုပ်နှံပြီး တစ်ဘက်တစ်လမ်းကနေ ကူညီပေးနေတာဖြစ်ပါတယ်။

Ref: TheYouth “IAS Officer leaves his job to educate under privileged children”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top