ရိုးရာလေးတိုတိုထွာထွာ

16.5.24-yyl-4.jpg

Albert Einstein.

အဆိုအမိန့် တော်တော်များများကို အိုင်းစတိုင်း အမှန်တကယ် မပြောဘဲ သူ ပြောခဲ့သလို ရေးထားတာတွေ ရှိတယ်။ တချို့ကတော့ အိုင်းစတိုင်း ပြောခဲ့ဖူးတာတွေကို ထပ်မံဖြည့်စွက်ထားတာတွေပေါ့။

ဘော်စတွန်မှာ အိုင်းစတိုင်း နေတုန်းက သူ့ကို ” အလင်းရဲ့အမြန်နှုန်းက ဘယ်လောက်ရှိလဲ”ဆိုပြီး မေးခဲ့ဖူးတယ်။ အဲဒီတော့ အိုင်းစတိုင်းက ပြောတယ်။ ” အဲဒီအကြောင်း သိချင်ရင် စာအုပ်ထဲ ရှာကြည့်ပေါ့တဲ့။ ငါက ဘာလို့ မှတ်ထားရမှာလဲတဲ့”။ အိုင်းစတိုင်း ဒီလို ပြောခဲ့ဖူးတယ်ဆိုတဲ့ မှတ်တမ်းတွေ ရှိတယ်။
အိုင်းစတိုင်း နာမည်နဲ့ ပျံ့နေတဲ့ အဆိုအမိန့်ထဲမှာတော့ ” အဲဒီအကြောင်း သိချင်ရင် စာအုပ်ထဲ ရှာကြည့်ပေါ့တဲ့။ ငါက ဘာလို့ မှတ်ထားရမှာလဲ။ ကောလိပ်ပညာရေးရဲ့ အနှစ်သာရဆိုတာ အချက်အလက်တွေကို ကျက်မှတ်ရတာ မဟုတ်ဘူး။ ဦးနှောက်ကို တွေးတတ်အောင် သင်ကြားပေးတာပဲ”လို့ ဖော်ပြထားတယ်။

ထပ်မံဖြည့်စွက်ထားတဲ့အပိုင်းက အိုင်းစတိုင်း ပြောခဲ့တယ်ဆိုတဲ့ အထောက်အထား မတွေ့ရဘူး။ ဒါပေမဲ့ အိုင်းစတိုင်း မပြောခဲ့ဘူးဆိုရင်တောင် အလေးထား စဉ်းစားရမယ့် စကားတစ်ရပ်လို့ ဆိုရမယ်။ ပညာသင်ကြားတယ်ဆိုတာ အလွတ်ကျက်မှတ်နေဖို့မှ မဟုတ်တာ။ စဉ်းစားတွေးခေါ်တတ်အောင် အလေ့အကျင့် ပျိုးထောင်တာပဲ မဟုတ်လား။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top