Mei Yamaguchi ၏ အိမ်တွင်ပြုလုပ်နိုင်သော ထိပ်တန်းခန္ဓာကိုယ်ထိန်းသိမ်းနည်း ၃ နည်း

2016-04-01T042932Z_1_MTZSPDEC41XTT6CZ_RTRFIPP_4_MMA-ONE-CHAMPIONSHIP.jpg

ONE ကစားသမား Mei “V.V” Yamaguchi သည် ထိပ်တန်းအမျိုးသမီးကစားသမားထဲမှ တစ်ဦးဖြစ်သည်။ ဂျပန်နိုင်ငံသူ Mei “V.V” Yamaguchi သည် Jomary Torres ကို ONE: DESTINY OF CHAMPIONS ပြိုင်ပွဲကြီးတွင် ပူပူနွေးနွေးအနိုင်ရရှိထားသူဖြစ်ကာ အက်တမ်ဝိတ်ချန်ပီယံခါးပတ်ရယူရန်အတွက် အစဉ်မပြတ်ကြိုးစားနေသူလည်းဖြစ်သည်။ အခြားသူများကိုလည်း အားကစားသမားကောင်းများဖြစ်လာရန်အတွက် ၎င်း၏ ဗဟုသုတများကို မျှဝေခြင်းဖြင့် ကူညီလိုသည်။ ၎င်းအကြိုက်ဆုံး လေ့ကျင့်ခန်းများကို ဖော်ပြပေးသွားပါမည်။

၁။ ထိုင်ထပြုလုပ်ခြင်း

ကြွက်သားအုပ်စုအများကြီးကို ထိရောက်စေသော လေ့ကျင့်ခန်းများတွင် ထိုင်ထပြုလုပ်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ထိုင်ထပြုလုပ်ခြင်းသည် နောက်ကျော၊ ဝမ်းဗိုက်၊ ခြေသလုံးကြွက်သားနှင့် တင်ပါးကြွက်သားများအတွက် အလွန်အကျိုးရှိစေသော လေ့ကျင့်ခန်းဖြစ်သည်။ ထိုင်ထပြုလုပ်နေချိန်တွင် ခြေထောက်ကြွက်သားကို အဓိကအာရုံစိုက်ကာ အားစိုက်ထုတ်ရန် Yamaguchi က အကြံပြုထားသည်။

“ထိုင်ထလုပ်တာဟာ ပေါင်ကြွက်သားတွေကို အလွန်သန်မာစေပါတယ်။ ပေါင်ကြွက်သားတွေက ခန္ဓာကိုယ်အလေးချိန်ကို ထမ်းထားရပြီး ရွေ့လျားသွားလာမှုနဲ့ လေ့ကျင့်ခန်လုပ်ရာမှာ အဓိကပါဝင်ပါတယ်။ အမျိုးသမီးတွေဟာ အသက်ကြီးလာတာနဲ့ အမျှ ပေါင်နဲ့ ခြေသလုံးကြွက်သားအားတွေ အလွယ်တကူ လျော့ပါးလာတတ်ကြပါတယ်။ ဒါကြောင့် ထိုင်ထကို များများလုပ်ပြီး ခြေထောက်ကြွက်သားတွေကို သန်မာအောင်လုပ်ဖို့ အရေးကြီးပါတယ်” ဟု Yamaguchi ကပြောပြသည်။

၂။ အိပ်ထမတင်

ခန္ဓာကိုယ်ကြံခိုင်မှု၏ အခြေခံအုတ်မြစ်သည် ဝမ်းဗိုက်ကြွက်သားများဖြစ်သောကြောင့် အိပ်ထမတင်သည် လေ့ကျင့်ခန်းပြုလုပ်ရာတွင် မလုပ်မဖြစ်အရေးကြီးသော လေ့ကျင့်ခန်းတစ်မျိုးဖြစ်သည်။ အိပ်ထမတင်ကို ၁၅ ကြိမ် ၃ ကျော့ ဖြင့် စတင်ပြုလုပ်ပြီး ဝမ်းဗိုက်ကြွက်သား သန်မာလာသည်နှင့်အမျှ အကြိမ်အရေအတွက်ကို ဖြည်းဖြည်းချင်းတိုးမြှင့် ပြုလုပ်သွားရန် Yamaguchi က အကြံပြုထားပါသည်။

“ဝမ်းဗိုက်ကြွက်သားတွေက ခန္ဓာကိုယ်အနေအထားကို ထိန်းထားပေးပါတယ်။ တကယ်လို့ အသက်အိုမင်းတဲ့ပုံမပေါ်ချင်ရင် ဒါမှမဟုတ် ခန္ဓာကိုယ်သေးကွေးချိနဲ့တဲ့ပုံမျိုးမဖြစ်ချင်ရင် ခေါင်းမော့ရင်ဖွင့်ပြီး ခန္ဓာကိုယ်ကို မတ်မတ်ထားကာ လှလှပပနေပါ” ဟု ပြောပြထားပါသည်။

၃။ ခြေတစ်ဖက်ချင်း ရှေ့သို့လှမ်းကာ ထိုင်ထပြုလုပ်ခြင်း

ထိုင်ထပြုလုပ်ခြင်းအပြင် ခြေတစ်ဖက်ချင်း ရှေ့သို့လှမ်းကာ ထိုင်ထပြုလုပ်ခြင်းသည်လည်း ခြေထောက်ကြွက်သားများကို သန်မာကြံ့ခိုင်စေပြီး ကျစ်လစ်လှပစေသော ထိရောက်သည့် လေ့ကျင့်ခန်းတစ်မျိုးုဖြစ်သည်။ ခြေတစ်ဖက်ချင်း ရှေ့သို့လှမ်းကာ ထိုင်ထပြုလုပ်ခြင်းသည် အသက်အရွယ်ကြီးရင့်လာချိန်တွင် မတော်တဆချော်လဲမှုများကို ကာကွယ်ပေးနိုင်လိမ့်မည်ဟု Yamaguchi က ယုံကြည်သည်။ ပြုလုပ်နေချိန်တွင် ကိုယ်ဟန်နေထားကို မတ်မတ်ထားကာ ခေါင်းကိုတည့်တည့်ထား၍ ရှေ့တည့်တည့်ကိုသာ အာရုံစိုက်ထားရန် အကြံပြုထားသည်။

“လူကြီးတွေ ခရီးထွက်ကြပြီးရင် မတော်တဆထိခိုက်လာတတ်ကြတယ်။ နောက်တော့ ဘီးတပ်ကုလားထိုင်တွေ သုံးလာရတာကြောင့် ခြေထောက်တွေ အဓိက အားနည်းလာကြပြီး လမ်းမလျှောက်နိုင်ကြတော့ဘူး။ ဒါကြောင့် ခြေထောက်တွေကို သန်မာအောင်လေ့ကျင့်ပြီး ပုံမှန်လမ်းလျှောက်နိုင်အောင် ကြိုးစားပါ” ဟု Yamaguchi က ပြောကြားသွားခဲ့သည်။

Ref: ONE Championship “Mei Yamaguchi’s Top 3 Home Exercises to Stay in Shape”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top