ONE: WARRIORS OF LIGHT ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်မည့် နာမည်ကျော်တို့၏ ရင်သပ်ရှုမောဖွယ် ထိုးသတ်ပွဲ (၅) ပွဲ

190510-BKK-hero2-1200x800.jpg

ONE Championship ၏ ပြိုင်ပွဲကျင်းပရေးအစီအစဉ်အရ မေလအတွင်း ပွဲဆက်များမည်ဖြစ်သော်လည်း အကောင်းဆုံးသော ကိုယ်ခံပညာအားကစားသမားများအနေဖြင့် အစွမ်းကုန် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပမည့် ONE: WARRIORS OF LIGHT ပြိုင်ပွဲကြီးတွင် ကမ္ဘာပေါ်ရှိ အကောင်းဆုံးသော မွေထိုင်းနှင့် Kick Boxing အားကစားသမားများယှဉ်ပြိုင်ထိုးသတ်မှုကို ရှုစားကြရမည်ဖြစ်ပြီး ကမ္ဘာ့ချန်ပီယံခါးပတ်စိန်ခေါ်ပွဲ နှစ်ပွဲသာမက ထိပ်တန်းကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားများ၏ပွဲများလည်း ပါဝင်မည်ဖြစ်သည်။

မေလ (၁၀) ရက်နေ့တွင် ဘန်ကောက်မြို့၌ ONE Championship ပြိုင်ပွဲများမစတင်မီ ပါဝင်ယှဉ်ပြိုင်ကြမည့် နာမည်ကျော်အားကစားသမားများ၏ ထိပ်တန်းကျွမ်းကျင်မှုများပြသခဲ့သော ရင်သပ်ရှုမောဖွယ်ထိုးသတ်မှုများကို တင်ပြလိုပါသည်။

Nong-O ၏ ထူးခြားပြောင်မြောက်သော ONE Championship ပွဲဦးထွက်

Lumpinee အားကစားရုံမွေထိုင်း ကမ္ဘာ့ချန်ပီယံလေးထပ်ကွမ်း Nong-O Gaiyanghadao နှင့် WBC မွေထိုင်း ကမ္ဘာ့ချန်ပီယံနှစ်ထပ်ကွမ်း Fabio Pinca တို့နှစ်ဦးသည် ONE: HEROES OF HONOR ပြိုင်ပွဲကြီးတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြရာ ထိပ်တန်းအဆင့်အားကစားသမားနှစ်ဦး၏တွဲဆိုင်းသည် ဂန္တဝင်တွင်သည့် ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ယမန်နှစ် ONE Super Series အကောင်းဆုံးပွဲစဉ်များအနက် တစ်ပွဲအပါအဝင်ဖြစ်ခဲ့သည်။ သုံးနှစ်ကျော်ကြာ ကြိုးဝိုင်းနှင့်ဝေးကွာခဲ့သော်လည်း Nong-O သည် လက်ရည်မကျဘဲ ပြောင်မြောက်စွာထိုးသတ်ခဲ့သည်ကို ပရိသတ်များ ရှုစားခဲ့ကြရသည်။

နာမည်ကျော်ထိုင်းအားကစားသမားသည် ပြင်သစ်မှ Pinca အား အပြတ်ဖြတ်ရန် အကြိတ်အနယ်ထိုးသတ်ခဲ့ပြီး ပြင်သစ်အားကစားသမားက ပြင်းထန်အားပါသောလက်သီးချက်ခြေကန်ချက်များဖြင့် တုံ့ပြန်ခဲ့သည်။ Nong-O သည် ပြိုင်ဘက်၏ ပြင်းထန်သောထိုးနှက်ချက်များအား ပါးနပ်စွာဖြင့်တန်ပြန်တိုက်စစ်ဆင်ပြီး လဲကျအောင် လှလှပပကစားသွားခဲ့သည်။

ပြိုင်ဘက်မှ ပြင်းပြင်းထန်ထန်လိုက်လံထိုးသတ်ချိန်တွင် ထိုင်းကစားသမား Nong-O သည် လိမ္မာပါးနပ်စွာဖြင့် ကာကွယ်တားဆီးသွားခဲ့ပြီး ဟန်ချက်ကိုထိန်းကစားနိုင်ခြင်းကြောင့် ဒိုင်လူကြီးများ၏အမှတ်ပေးကဒ်တွင် ဦးဆောင်နိုင်ခဲ့သည်။ Nong-O၏စွမ်းဆောင်မှုများကြောင့် ဒိုင်လူကြီးများက တညီတညွှတ်တည်း အမှတ်ဖြင့်အနိုင်ပေးခဲ့ရာ ၎င်း၏ ONE Super Series ကစား သမားဘဝပွဲဦးထွက်ကို အံ့မခမ်းအောင်ပွဲဖြင့် စတင်နိုင်ခဲ့သည်။ ONE ဘန်တန်ဝိတ် မွေထိုင်းကမ္ဘာ့ချန်ပီယံ Nong-O သည် ချန်ပီယံခါးပတ်ကို ကာကွယ်ရန် Hiroaki Suzuki နှင့် ဘန်ကောက်မြို့တွင် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

အောင်မြင်မှုများ သိမ်းပိုက်ရန် အရှိန်ယူနေသော Suzuki

ONE Super Series ဘန်တန်ဝိတ်တန်းမှ နာမည်ကျော် Hiroaki “Kaibutsukun” Suzuki သည် ပြိုင်ဘက် Mohammed “Jordan Boy” Bin Mahmoud ကို ယှဉ်ပြိုင်ထိုးသတ်ရာတွင် ထူးခြားပြောင်မြောက်သည့် လက်ရည်ကိုပြသကာ အပြတ်အသတ်အလဲထိုး အနိုင်ယူနိုင်ခဲ့ခြင်းကြောင့် မေလ (၁၀) ရက်နေ့တွင် ထိုင်းလက်ဝှေ့ကျော် Nong-O နှင့် ယှဉ်ပြိုင်ထိုးသတ်ခွင့်ရရှိခဲ့သည်။

ONE: HERO’S ASCENT ပြိုင်ပွဲ၌ ယှဉ်ပြိုင်ထိုးသတ်ခဲ့သော ပြိုင်ဘက်နှစ်ဦးအနက် အသက် (၃၄) နှစ်ရှိသူ Mohammed သည် အရပ်နှင့်လက်သီးရောက်ရှိမှုအကွာအဝေးတွင် ပြိုင်ဘက် Suzukiထက်သာလွန်ခဲ့သော်လည်း ပြိုင်ပွဲအဆုံးအဖြတ်မှာ ပြင်းထန်ပြတ်သားသောတိုက်စစ်သက်သက်သမားအတွက် ဖြစ်ခဲ့ရသည်။

အဖွင့်အချီတွင် ပြိုင်ဘက်၏ အကာအကွယ်များအား ဖြတ်ကျော်ပြီး Suzuki မှ ပြင်းထန်သည့် အမြင့်ပိုင်းဝိုက်ကန်ချက်ဖြင့် တိုက်ခိုက်ခဲ့ရာ ပြိုင်ဘက် Mohammed ယိုင်ထွက်သွားခဲ့ရသည်။ ဝိုက်ခြေအပြီးတွင် ဝိုက်လက်သီးတွဲလုံးကလည်း တစ်ဆက်တည်း ဆက်လျက်ပါလာပြန်ရာ ပြိုင်ဘက်မှာ စက္ကန့်ပိုင်းအတွင်း ထပ်ဆင့်မုန်တိုင်းနှင့်ကြုံရဘိသကဲ့သို့ ရှိခဲ့ရသည်။ အချီပြည့်ရန် စက္ကန့်ပိုင်းသာလိုတော့သည့်အချိန်တွင် ဂျပန်အားကစားသမားသည် သုတ်ခြေတင်ပြီး အသာစီးရနေသည့်အနေအထားဖြင့် ပြိုင်ဘက်အား လက်သီးချက်များ ဆက်တိုက်ပစ်သွင်းနေခဲ့သည်။

ဂျပန်နိုင်ငံမှ စတင်ပေါ်ပေါက်ခဲ့သော Shoot Boxing အားကစား လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံ Suzuki ၏ ဖိအားပေးထိုးနှက်မှုများ သည် အချီပြည့်ရန် (၇) စက္ကန့်သာကျန်ရှိတော့ချိန်တွင် ပြတ်ပြတ်သားသားအဖြေထွက်သွားခဲ့သည်။ ဒိုင်လူကြီးမှ ပွဲကိုဝင်ရောက်ရပ်တန့်ခဲ့ရပြီး
Suzuki အား ဒိုင်ပွဲရပ်ဖြင့် အနိုင်ပေးခဲ့သည်။

Mahmoudi ၏ သတ် (၈) သတ်၊ မောင်း (၈) မောင်း အလှပြထိုးသတ်ပွဲ

Algeria’s Elias “The Sniper” Mahmoudi သည် ONE Super Series ပွဲဦးထွက်တွင် ခမ်းခမ်းနားနားစတင်နိုင်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။

မွေထိုင်းကမ္ဘာ့ချန်ပီယံသုံးထပ်ကွမ်း Mahmoudi သည် ၎င်း၏သတ်လုံးသတ်ပေါက်များအား အပြည့်အဝအသုံးချကာ ပြိုင်ဘက် Yukinori Ogasawara အား ထိုးသတ်ခဲ့ခြင်းကြောင့် ONE: HERO’S ASCENT ပြိုင်ပွဲတွင် ဒိုင်လူကြီးများ၏တညီတညွှတ်တည်း အနိုင်ပေးခဲ့ကြ
သည်။

Mahmoudi သည် ပြိုင်ဘက်အား တိုက်ရိုက်ထိမှန်စေသည့် ပတ်တံထောင်ရိုက်ချက်အပါအဝင် ရိုးရာမွေထိုင်းထိုးနှက်မှုများနှင့် အံ့မခမ်းတစ်ပတ်လှည့်နည်းစနစ်များအား ပေါင်းစပ်ကာထိုးသတ်ခဲ့ရာ ပြိုင်ဘက် Ogasawara မှာ ပွဲစဉ်တစ်လျှောက် မတည်နိုင်ဘဲ ဖြစ်နေခဲ့ရသည်။

ယခုအချိန်တွင် အသက် (၂၁) နှစ်သာရှိသေးသည့် Mahmoudi ၏ ထိုးနှက်မှုစွမ်းရည် မည်သို့မည်ပုံ ဆက်လက်တိုးတက်လာမည်ကို ပြိုင်ဘက် Ogasawara သာမက မနီလာရှိ ပြိုင်ပွဲအားကစားရုံအတွင်းမှ ပရိသတ်များသည်လည်း မခန့်မှန်းနိုင်အောင်ဖြစ်ခဲ့ရပြီး သတ်လုံးသတ်ပေါက်စုံလင်မှုနှင့် မြန်ဆန်လွန်းမှုကြောင့် ၎င်းသည် အချိန်တိုအတွင်း ONE Super Series ၏ နာမည်ကျော်တစ်ဦး ဖြစ်လာခဲ့သည်။

ထို့အပြင် အဆိုပါအနိုင်ပွဲကြောင့် ၎င်းသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်ကျင်းပမည့် ယခုနှစ်၏ပထမဆုံးအကြိမ် ONE ဖလိုင်း ဝိတ် Kick Boxing ကမ္ဘာ့ချန်ပီယံခါးပတ်စိန်ခေါ်ပွဲအဖြစ် “The Baby Shark” Petchdam Petchyindee Academy နှင့် ထိုးသတ်ခွင့်ရရှိခဲ့သည်။

လွှမ်းမိုးချုပ်ကိုင်ထားနိုင်သည့် Rodtang ၏တိုက်ကွက်များ

ONE Super Series ပြိုင်ပွဲတွင် ပထမဆုံးအကြိမ်ယှဉ်ပြိုင်ရသည့်ပွဲ၌ ထိုင်းကစားသမား Rodtang “Iron Man” Jitmuangnon သည် ပြိုင်ဘက် Sergio “The Samurai” Wielzenနှင့် ထိုးသတ်ခဲ့ရခြင်းကြောင့် ခက်ခဲကြမ်းတမ်းသောစမ်းသပ်ချက်ဖြင့် ရင်ဆိုင်ခဲ့ရသော်လည်း ပြတ်ပြတ်သားသား အနိုင်ယူနိုင်ခဲ့သည်။

အွန်နွိုင်းအားကစားရုံ မွေထိုင်းကမ္ဘာ့ချန်ပီယံနှစ်ထပ်ကွမ်း Rodtang သည် ပြီးခဲ့သော စက်တင်ဘာလအတွင်း ဂျကာတာမြို့၌ ကျင်းပခဲ့သည့် ONE: CONQUEST OF HEROES ပြိုင်ပွဲတွင် သူ့၏ ထိုးနှက်တိုက်ခိုက်မှု စွမ်းရည်အပြည့်အဝကို စိတ်လှုပ်ရှား ဖွယ်ပြသနိုင်ခဲ့သည်။ ပြိုင်ဘက် Wielzenက မာကျောလွန်းသူဖြစ်နေခဲ့ခြင်းကြောင့်သာ ပွဲချိန်ကြာမြင့်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ဘက် Wielzen သည် ရှေ့သို့သာတိုးမြဲတိုးခဲ့ပြီး နှစ်ဦးဆုံတွေ့ချိန်တိုင်းတွင် ထိုင်းလက်ဝှေ့ကျော် Rodtang ၏ ပြင်းပြင်းထန်ထန် ထိုးနှက်တိုက်ခိုက်ခဲ့ခြင်းနှင့် ကြုံခဲ့ရသည်။

ပထမအချီတွင် အချိန်ကိုက်ဖြစ်ပြီးသေသပ်လွန်းသည့် ဘယ်ဝိုက်လက်သီးချက်ကြောင့် Wielzen လဲကျသွားခဲ့ရသည်။ ပိုင်နိုင်စွာထုတ်သုံးခဲ့သော Rodtang ၏ တိုက်ကွက်များကြောင့် ဆာမှုရိုင်း Wielzen သည် ပွဲစဉ်တလျှောက် အကြိမ်များစွာ ကြမ်းပြင်ပေါ်သို့ လဲပြိုကျခဲ့ရသည်။

နောက်ဆုံးအချီတွင် ထိုင်းအားကစားသမား၏ နောက်ထပ်ပြင်းထန်အားပါသည့်ဘယ်ဝိုက်လက်သီးချက်ကြောင့် Wielzen ကြမ်း ပြင်ပေါ်လဲကျခဲ့ရပြန်သည်။ ဂျကာတာကွန်ဗန်းရှင်းစင်တာအားကစားရုံအတွင်းရှိ အားကစားပရိသတ်တိုင်းအတွက် အဆိုပါပြိုင်ပွဲတွင် မည်သူအလေးသာပြီး မည်သူလွှမ်းမိုးထားခဲ့သည်ကို ရှင်းရှင်းကြီး မြင်တွေ့ခဲ့ကြရသည်။

ထိုကဲ့သို့မြင်တွေ့သူများတွင် ဒိုင်သုံးဦးလည်းအပါအဝင်ဖြစ်ခဲ့ပြီး သံမဏိလူသား Rodtang အား တညီတညွှတ်တည်းအနိုင်ပေးခဲ့ ကြသည်။ ONE Super Series ပြိုင်ပွဲသို့ Rodtang သည် လျှမ်းလျှမ်းတောက်အနိုင်ပွဲနှင့် စတင်မိတ်ဆက်ရောက်ရှိလာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ပရိသတ်များက Rodtang ထံမှ ပိုမိုကောင်းမွန်သည့်စွမ်းဆောင်မှုများကိုလည်း မျှော်လင့်ထားနေကြသည်။ လာမည့် ONE: WARRIORS OF LIGHT ပြိုင်ပွဲတွင် Rodtang သည် ဖလိုင်းဝိတ်တန်းမွေထိုင်းပြိုင်ပွဲအဖြစ် ခွန်ခမာဖလိုင်းဝိတ်ကမ္ဘာ့ချန်ပီယံ Sok Thy နှင့် ရင်ဆိုင်ယှဉ်ပြိုင်မည်ဖြစ်သည်။

Catalan ၏ ပြီးပြည့်စုံသော ထိုးသတ်ယှဉ်ပြိုင်မှု

ပြီးခဲ့သော ဇန်နဝါရီလအတွင်းက ဂျကာတာမြို့တွင် ONE Championship မှ ကျင်းပခဲ့သည့် ပြိုင်ပွဲ၌ ဖိလစ်ပိုင်မှ Robin “The Ilonggo” Catalan သည် ကစားသမားသက်တမ်းတလျှောက် အကောင်းဆုံးစွမ်းရည်ကိုပြသကာ အိမ်ရှင်သူရဲကောင်း Stefer “The Lion” Rahardian အား အနိုင်ယူခဲ့သည်။

အစောပိုင်းတွင် Catalanသည် ၎င်း၏အောင်ပွဲအတွက် အစပျိုးထိုးနှက်မှုအဖြစ် ပြိုင်ဘက် Rahardian၏ ခြေထောက်များအား တိုက်ခိုက်သည့်နည်းလမ်းဖြင့် စတင်ခဲ့သည်။ ထို့နောက် ပြိုင်ပွဲအားလွှမ်းမိုးလာနိုင်ပြီဖြစ်သော Catalan သည် ၎င်း၏ပစ်မှတ်အား ပြောင်းလဲကာ ပြိုင်ဘက်အား ထိုးနှက်မှုအမျိုးမျိုးဖြင့် ဆက်လက်ဖိအားပေးခဲ့သည်။

Catalan ၏ လက်သီးချက်များက ပစ်မှတ်ကိုထိမှန်ခဲ့သည်။ ထို့နောက် ပြိုင်ဘက်၏အကောင်းဆုံးလက်နက်ဖြစ်သော မြေပြင်နည်းစနစ်များကိုမမှုဘဲ Catalan သည် မိမိကိုယ်မိမိယုံကြည်မှုအပြည့်ဖြင့် နာမည်ကျော် အင်ဒိုနီးရှားအားကစားသမားအား ကြမ်းပြင်ပေါ်လှဲချကာ နောက်ဆုံးအချီအထိ ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ပြန်သည်။

အသက် (၂၈) နှစ်အရွယ် Catalan သည် အကဲသာမှုဖြင့် ဒိုင်များ၏တညီတညွှတ်တည်းအနိုင်ပေးမှုကိုရရှိခဲ့ပြီး နောက်ထပ်အိမ်ရှင် သူရဲကောင်းတစ်ဦးဖြစ်သော Pongsiri “The Smiling Assassin” Mitsatit နှင့် ထိုင်းနိုင်ငံတွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top