ကတ်ကိုဘိန်းရဲ့ သိုးမွေးအင်္ကျီ ကန်ဒေါ်လာ ၃သိန်းကျော်ဖြင့် လေလံအောင်မြင်

yyl-003.jpg

Nirvana တေးဂီတအဖွဲ့ရဲ့ အဆိုတော် ကတ်ကိုဘိန်း ဝတ်ဆင်ခဲ့တဲ့ သိုးမွေးအင်္ကျီဟာ လေလံပြပွဲမှာ အမေရိကန်ဒေါ်လာ ၃၃၄၀၀၀ နဲ့ လေလံအောင်မြင်ခဲ့ပါတယ်။ ကတ်ကိုဘိန်းဟာ ၁၉၉၃ ခုနှစ်က MTV “Unplugged” ဖျော်ဖြေပွဲမှာ စိမ်းနုရောင်သိုးမွေးအင်္ကျီကို နောက်ဆုံးဝတ်ဆင်ခဲ့ပါတယ်။ စွန်းထင်းနေပြီး ဆေးလိပ်မီးပေါက်နေတဲ့ အဲဒီအင်္ကျီကို ဆယ်စုနှစ်(၃)ခုနီးပါးအတွင်း လျှော်ဖွတ်ခဲ့ခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့စနေနေ့က နယူးယော့ခ်မြို့ လေလံပြပွဲမှာ လေလံအောင်မြင်ခဲ့တဲ့ ကတ်ကိုဘိန်းရဲ့ သိုးမွေးအင်္ကျီဟာ လေလံတင်ရောင်းချတဲ့ ဆွယ်တာအင်္ကျီတွေထဲမှာ ဈေးအကြီးဆုံးအဖြစ်လာခဲ့ပါတယ်။ ကတ်ကိုဘိန်းအတွက် သီးသန့်လုပ်ပေးထားတဲ့ Fender Mustang ဂစ်တာ(Utero ဂီတဖျော်ဖြေပွဲမှာ ကတ်ကိုဘိန်းတီးခတ်ခဲ့ဖူး)ဟာလည်း အမေရိကန်ဒေါ်လာ ၃၄၀၀၀၀ နဲ့ လေလံအောင်မြင်ခဲ့ပါတယ်။ အဲဒီဂစ်တာဟာ Rock and Roll Hall of Fame ပြခန်းမှာ နှစ်ရှည်လများ ပြသထားခဲ့တဲ့ ဂစ်တာဖြစ်ပါတယ်။

ကတ်ကိုဘိန်းဟာ ၁၉၈၇ ခုနှစ်က Nirvana တေးဂီတအဖွဲ့ ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း အောင်မြင်မှု သောက်သောက်လဲရခဲ့ပေမဲ့ ဆေးစွဲတာ၊ စိတ်ကျရောဂါခံစားရတာတွေ ကြုံခဲ့ပြီး ၁၉၉၄ ခုနှစ် ဧပြီလက အသက် ၂၇ နှစ်အရွယ်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပါတယ်။
NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top