ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်ဖို့ လူတိုင်း လိုက်နာသင့်တဲ့ အလေ့အကျင့်ကောင်းတွေ

health01.jpg

နေ့ရက်တိုင်းက အခွင့်အလမ်းအသစ်တွေ၊ စိန်ခေါ်မှုအသစ်တွေနဲ့ ပြည့်နေတဲ့ တစ်နေ့တာကို စတင်ရတာလို့ ပြောကြပါတယ်။ ဒီလိုနေ့ရက်တွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစွာနဲ့ ဖြတ်သန်းနိုင်ဖို့တော့ လိုပါတယ်။ ကျန်းမာရေးကောင်းနေမှ နေ့ရက်တိုင်းမှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ဖြတ်ကျော်နိုင်မှာဖြစ်ပါတယ်။ တစ်နေ့တာစတင်လိုက်တာနဲ့ အိမ်မှုကိစ္စတွေလုပ်ရတဲ့သူတွေလည်းရှိကြပါတယ်။ တစ်နေ့တာလုံး အလုပ်လုပ်နိုင်ဖို့အတွက် အားအင်ပြည့်ဝအောင် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ရတော့မှာဖြစ်ပါတယ်။ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာဖို့အတွက် လူတိုင်းမွေးမြူထားသင့်တဲ့ တစ်နေ့တာအလေ့အကျင့်ကောင်းတွေ ရှိပါတယ်နော်။ အဲဒီအလေ့အကျင့်ကောင်းတွေကို မွေးမြူလိုက်နာနိုင်မယ်ဆိုရင် ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်ရနိုင်ပါတယ်။

နေ့ရက်တိုင်းကို မနက်စောစောထားခြင်းဖြင့် စတင်ပါ

ကောင်းမွန်တဲ့မနက်ခင်းနဲ့ စတင်တာက သင့်စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အရေးကြီးပါတယ်။ မနက်စောစောထကြည့်ပါ။ ဒါမှ မနက်ခင်းအလုပ်တွေကို လုပ်ဖို့ အချိန်လုံလုံလောက်လောက်ရမှာဖြစ်တဲ့အပြင် သင့်စိတ်ကိုလည်း ကြည်လင်စေပါလိမ့်မယ်။ နေ့တိုင်း အချိန်သတ်မှတ်ပြီး အိပ်ရာထားသင့်ပါတယ်။ တစ်နေ့တာလုံး စိတ်ကြည်လင်စွာနဲ့ အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ အရေးကြီးတဲ့အလုပ်တွေလုပ်ဖို့လည်း အချိန်လုံလောက်မှာဖြစ်ပါတယ်။

မနက်စာကို အလွတ်မခံပါနဲ့

လူအများစုက မနက်စာမစားဘဲနဲ့ နေလည်ကျမှ ပေါင်းစားတာမျိုးရှိကြပါတယ်။ ဒါက ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အလေ့အထမဟုတ်ပါဘူး။ ကျွန်တော်တို့ ခန္ဓာကိုယ်က တစ်နေ့တာစတင်ဖို့အတွက် မနက်ခင်းမှာ အားအင်တွေလိုအပ်ပါတယ်။ မနက်ခင်းမှာ သင့်ကိုယ့်ကိုယ်ကိုယ် အားမဖြည့်ထားဘူးဆိုရင် စိတ်မကြည်လင်တာတွေခံစားရနိုင်ပြီး အလုပ်ပေါ်မှာလည်း အာရုံစိုက်နိုင်ဖို့ ခက်ခဲလာနိုင်ပါတယ်။ သင်က ဝိတ်ချနေတဲ့သူဆိုရင်တောင် ညစာကို ရှောင်ပြီး မနက်ခင်းပိုင်းကိုတော့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာကို စားပေးသင့်ပါတယ်။

ရေဓာတ်ပြည့်ဝစွာ နေပါ

ရေသောက်ပေးတာက ကျွန်တော်တို့ ကျန်းမာစွာနေထိုင်နိုင်ဖို့အတွက် ကျွန်တော် မဖြစ်မနေလုပ်ရတဲ့ အရေးကြီးဆုံးအရာတွေထဲက တစ်ခုပါပဲ။ ကျွန်တော်တို့ရဲ့ကျန်းမာရေးအတွက် တစ်နေ့ကို ရေလုံလုံလောက်လောက်သောက်ပေးရပါတယ်။ ရေက ကျွန်တော်တို့ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း ကောင်းကောင်းလုပ်ဆောင်စေပါတယ်။ ရေချည်းမသောက်ချင်ရင် ရေထဲကို သံပုရည်သီးထည့်သောက်လို့လည်းရပါတယ်။

အစားအစာမှာ ပရိုတင်းနဲ့ ကာဗွန်ဟိုက်ဒရိုက်ပမာဏပါဝင်ပါစေ

ပရိုတင်းဓာတ်ကလည်း အရိုး၊ ကြွက်သား၊ အရေပြား၊ သွေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်ဖြစ်ပါတယ်။ သင့်ကိုယ်အလေးချိန် (၁) ကီလိုဂရမ်ကို (ဝ.၈) ဂရမ်ဖြစ်ပါတယ်။ ကာဗွန်ဟိုက်ဒရိုတ်ကလည်း သင့်ကို ဗိုက်ပြည့်အင်သလို ခံစားစေနိုင်ပြီး သွေးအတွင်း ကိုလက်စထရောပမာဏကို ထိန်းပေးပါတယ်။ သင် တစ်နေ့တာအစားအစာကို ကျန်းမာရေးနဲ့ညီညွှတ်တဲ့ကာဗွန်ဟိုက်ဒရိုက်ပါဝင်အောင် စားပေးဖို့ပါပဲ။ အသီးနဲ့ ဟင်းသီးဟင်းရွက်ကတော့ အဓိကပါပဲ။

ကိုယ်လက်လှုပ်ရှားမှုကို တစ်ခုခုနဲ့မတူအောင် ကစားပေးပါ

နေ့တိုင်း ပုံစံတူကိုယ်လက်လှုပ်ရှားမှုပဲ လုပ်နေမယ်ဆိုရင် သင့်ခန္ဓာကိုယ်က ကျင့်သားရနေပါလိမ့်မယ်။ တစ်နေ့နဲ့ တစ်နေ့မတူအောင် ပြောင်းပြောင်းပြီး ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို တိုးတက်လာစေနိုင်ပါတယ်။

သင့်ခန္ဓာကိုယ်ကို ဂရုစိုက်ပေးပါ

ဘဝမှာ စည်းကမ်းရှိရှိလိုက်နာနေထိုင်ဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ တစ်ခါတလေကျရင် သင့်ခန္ဓာကိုယ်ကို ဂရုစိုက်ပေးသင့်ပါတယ်။ သင့်ခန္ဓာကိုယ်က အနားယူဖို့လိုနေပြီဆိုရင် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် တစ်နေ့တာအလုပ်တွေကနေ ခဏရပ်ထားလိုက်ပါ။ ဒါပေမဲ့ ပျင်းတိုင်း အရမ်းအနားယူတာမျိုးမလုပ်ပါနဲ့။ သင့်ပင်ပန်းသလိုခံစားရရင် လေ့ကျင့်ခန်းလုပ်ပါ။ ဗိုက်ဆာတယ်ဆိုရင် အစာစားလိုက်ရုံပါပဲ။

အိပ်ရေးဝဝအိပ်စက်ပါ

တစ်နေ့ကို အချိန်မှန်အိပ်စက်တာ၊ အိပ်ချိန် (၇-၈) နာရီပြည့်အောင် အိပ်စက်တာက ကျွန်တော်တို့ကျန်းမာရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍပါပဲ။ အိပ်ရေပျက်မယ်ဆိုရင် အစားအသောက်အရမ်းစားတာ၊ ကိုယ်အလေးချိန်တိုးလာတာ၊ စိတ်မကြည်လင်တာ၊ အာရုံစိုက်နိုင်စွမ်းမရှိတာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် စောစောအိပ်တတ်တဲ့အကျင့်ကို မွေးမြူသင့်ပါတယ်။

Ref: Daily rituals that everyone must follow for better health

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top