ဝန်ထမ်းတွေကို ၂၀၂၁ခုနှစ် ဇွန်လကုန်အထိ အိမ်ကနေ အလုပ်လုပ်ခွင့်ပြုထားမယ့် Google

28-7-2020-yyl-012.jpg

ကုမ္ပဏီတော်တော်များများက ဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်ခွင့်ပြုထားတဲ့ စည်းမျဉ်းကို ရုပ်သိမ်းလိုက်ပေမယ့် Google နဲ့ သူ့ရဲ့မိခင်ကုမ္ပဏီ Alphabet တို့ကတော့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနဲ့ ပတ်သက်ပြီး စိတ်မအေးနိုင်သေးတဲ့အတွက် ဝန်ထမ်းတွေကို ၂၀၂၁ခုနှစ်ဇွန်လကုန်အထိ အိမ်ကနေအလုပ်လုပ်ခွင့် ပြုထားဦးမယ်လို့ ဇူလိုင်လ ၂၇ ရက်နေ့က ပြောကြားခဲ့ပါတယ်။

အရင်ကတော့ နည်းပညာကုမ္ပဏီကြီးက ဝန်ထမ်းတွေကို ဇန်နဝါရီလအစမှာ ရုံးပြန်တက်ဖို့ စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့မူဝါဒအသစ်က အိမ်ကနေအလုပ်လုပ်တဲ့အချိန်ကို တိုးမြှင့်စေခဲ့တာဖြစ်ပါတယ်။ “ဝန်ထမ်းတွေကို ကြိုတင်စီစဉ်နိုင်စွမ်းရှိဖို့အတွက် ရုံးလာစရာမလိုဘဲ အိမ်ကနေအလုပ်လုပ်တဲ့သက်တမ်းကို ၂၀၂၁ခုနှစ် ဇွန်လကုန်အထိ တိုးမြှင့်လိုက်ပါပြီ”လို့ Googleရဲ့စီအီးအို ဆန်ဒါ ပစ်ချိုင်း (Sundar Pichai) က ဝန်ထမ်းတွေဆီကို Email ပေးပို့ခဲ့ပါတယ်။ မူဝါဒအသစ်က Google နဲ့ Alphabet အတွက် အလုပ်လုပ်ပေးနေတဲ့ အချိန်ပြည့်ဝန်ထမ်း (၂၀၀,၀၀၀) နဲ့ စာချုပ်ဝန်ထမ်းတွေအားလုံးနီးပါး အကျုံးဝင်ပါတယ်။

ဆန်ဒါ ပစ်ချိုင်းက ဝန်ထမ်းတွေရဲ့မိဘတွေအတွက်ရော ထည့်သွင်းစဉ်းစားပေးတဲ့အနေနဲ့ ဝန်ထမ်းတွေကို အိမ်ကနေအလုပ်လုပ်ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ကလေးရှိတဲ့ဝန်ထမ်းတွေက ပြည်တွင်းကျောင်းတွေ ပြန်မဖွင့်သေးရင် ကလေးတွေကို အိမ်ကနေ စာသင်ယူနိုင်ဖို့အတွက် ကူညီပေးနေရတာရော သူတို့ရဲ့အလုပ်တွေနဲ့ ပါလုံးပန်းနေရတဲ့ အတွက်ကြောင့်လည်းဖြစ်ပါတယ်။

အခြားကုမ္ပဏီကြီးတွေကလည်း Googleရဲ့ဦးဆောင်မှုနောက်လိုက်ဖို့ မျှော်လင့်ရပါတယ်။ Amzon နဲ့ Apple ကလည်း တချို့ဝန်ထမ်းတွေကို ဇန်နဝါရီလထိ အိမ်ကနေအလုပ်လုပ်ခွင့်ပြုထားဖို့ စီစဉ်ထားတယ်လို့ ပြောခဲ့ဖူးပါတယ်။ Facebook နဲ့ တွစ်တာကုမ္ပဏီတွေကလည်း ဝန်ထမ်းတွေကို အိမ်ကနေအလုပ်လုပ်ခွင့်ပြုထားတုန်းပဲဖြစ်ပါတယ်။

Ref: CBSNews “Google employees will work from home until summer 2021”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top