အာဖရိကအကောင်းဆုံးကစားသမားဆုကို နှစ်နှစ်ဆက်တိုက်ဆွတ်ခူးသွားတဲ့ မိုဟာမက် ဆာလတ် (Mohamed Salah)

DwapUPGW0AIDpQ6.jpg

၂၀၁၈ ခုနှစ်အတွက် အာဖရိကအကောင်းဆုံးကစားသမားဆုကို လီဗာပူးလ်အသင်းရဲ့တိုက်စစ်ကစားသမား မိုဟာမက် ဆာလတ် (Mohamed Salah) က နှစ်နှစ်ဆက်တိုက်ရရှိသွားခဲ့ပါပြီ။

ဆာလတ်ဟာ ဒီဆုကို သူရဲ့လီဗာပူးလ်အသင်းဖော် ဆီနီဂေါကစားသမား ဆာဒီယို မာနေးနဲ့ အာဆင်နယ်အသင်းရဲ့ ဂါဘွန်နိုင်ငံသားတိုက်စစ်မှူး အူဘာမီယန်တို့ကိုကျော်ဖြတ်ပြီး ရရှိခဲ့တာဖြစ်ပြီး ၁၉၈၃ ခုနှစ်က ဆုရရှိခဲ့တဲ့ မိုဟာမက် အယ်လ် ခါတစ်ဘ် (Mahmoud Al Khatib) ပြီးရင် ဒီဆုကိုရရှိတဲ့ ဒုတိယမြောက် အီဂျစ်ကစားသမား ဖြစ်လာခဲ့ပါတယ်။

လီဗာပူးလ်အသင်းကိုပြောင်းရွှေ့လာပြီးကတည်းက ခြေစွမ်းပိုတောက်ပလာတဲ့ ဆာလတ်ဟာ ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ ၃၆ ပွဲ ပွဲထွက်ကစား ၃၂ ဂိုးသွင်းယူပြီး ရွှေဖိနပ်ဆုကို ဆွတ်ခူးထားခဲ့ပါသေးတယ်။

“ဒီဆုကို ပထမတစ်ကြိမ်ရယူပြီး တစ်နှစ်အကြာမှာပဲ ဒုတိယအကြိမ် ထပ်ယူနိုင်တာကို ကျွန်တော် ယုံတောင်မယုံနိုင်သေးပါဘူး။ ဒီအတွက် ကျွန်တော့်မိသားစု၊ အသင်းဖော်တွေ၊ ပရိသတ်တွေနဲ့ ကျွန်တော့်ကစားသမားဘဝတစ်လျှောက် ကူညီပံ့ပိုးပေးခဲ့သူတွေအားလုံးကို ကျေးဇူးတင်မိပါတယ်။ ဒီဆုကိုလည်း ကျွန်တော်မွေးရပ်နိုင်ငံ အီဂျစ်အတွက် ရည်ညွှန်းလိုပါတယ်” လို့ ဆာလတ်က ဝမ်းသာကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

Ref: BBC “Mohamed Salah wins Africa player of the year award for second year in a row”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top