ကစားသမား ဘဝကနေ အနားယူခဲ့တဲ့ ရော်ဘင်က ငယ်ဘဝကလပ်မှာ တစ်ကျော့ပြန် ကစားဖို့ စာချုပ်ချုပ်ဆို

29-6-2020-yyl-005.jpg

ပြီးခဲ့တဲ့ရာသီမှာ ဘောလုံးသမားဘဝကနေ အနားယူခဲ့တဲ့ ဟော်လန်တောင်ပံကစားသမား ရော်ဘင်က ငယ်ဘဝကလပ် ဂရိုနင်ဂျန်အသင်းနဲ့ စာချုပ်ချုပ်ဆိုလိုက်ပါပြီ။ ချဲလ်ဆီး၊ ရီးရဲလ်၊ ဘိုင်ယန်မြူးနစ်အသင်းတွေမှာ ကစားခဲ့တဲ့ ရော်ဘင်ဟာ ၂၀၀၀ ပြည့်နှစ်မှာ ဟော်လန်ကလပ် ဂရိုနင်ဂျန် လူငယ်အသင်းကနေ အသင်းကြီးမှာ ပါဝင်ကစားခွင့်ရခဲ့ပြီး တောက်ပလာခဲ့သူပါ။

ပြီးခဲ့တဲ့ရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါဖလား ဆွတ်ခူးခဲ့ပြီးနောက် ကစားသမားဘဝကနေ အနားယူခဲ့တဲ့ ရော်ဘင်ကို ဂရိုနင်ဂျန်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့လမှာတော့ ဂရိုနင်ဂျန်အသင်း အားကစားဒါရိုက်တာ ဖလက်ဒီရက်က ရော်ဘင်ရဲ့ဇနီးနဲ့အတူ တွေ့ဆုံပြီး ရော်ဘင်ကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးခဲ့တာပါ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top