လာလီဂါပြိုင်ပွဲ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ကစားသမား ဖြစ်လာတဲ့ ၁၅ နှစ်သား

25-6-2020-yyl-018.jpg

ရီးရဲလ်ကို ၂ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်ကစားခွင့်ရခဲ့တဲ့ မာယော့ကာ ကွင်းလယ်ဖန်တီးရှင် လူကာရိုမီယိုဟာ လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ အသက် ၁၅ နှစ်၊ ၂၁၉ ရက်ပဲ ရှိသေးတဲ့ လူကာရိုမီယိုဟာ လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ကစားသမားအဖြစ် စံချိန်တင်ထားတဲ့ ဆယ်တာဗီဂို ကစားသမား ဆန်ဆွန်ရဲ့ စံချိန်( ၁၅ နှစ်၊ ၂၅၅ ရက်)ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

ဆန်ဆွန်ရဲ့ နှစ် ၈၀ ကြာ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့ လူကာရိုမီယိုဟာ မက္ကဆီကိုနိုင်ငံ ဒူရန်ဂိုမြို့မှာ မွေးဖွားခဲ့ပေမဲ့ အာဂျင်တီးနားနိုင်ငံသားခံယူထားသူဖြစ်ပြီး ”မက္ကဆီကန် မက်ဆီ”လို့ တင်စားခံထားရသူပါ။ သူ့ကို ရီးရဲလ်၊ မန်ယူအသင်းတွေက ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သတင်းထွက်နေပါတယ်။ သူဟာ အသက် ၇ နှစ်အရွယ်ကတည်းက ဘာစီလိုနာအသင်းမှာ ခြေစွမ်းစမ်းသပ်မှုခံယူခဲ့သူဖြစ်ပြီး ဘာစီလိုနာအသင်းက သူ့ခြေစွမ်းကို သဘောကျပေမဲ့ အသက် ၁၀ နှစ်အောက် ကလေးတွေကို ခေါ်ယူခွင့်မရှိလို့ လက်လျှော့ခဲ့ရတာပါ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top