ပရိသတ်တွေရဲ့ဝေဖန်ပြစ်တင်မှုကိုခံစားခဲ့ရတဲ့ ကလေးသရုပ်ဆောင် လက်စီရေဘီ (Lexi Rabe)

65321712_2392184431000049_5631816179443040256_n.jpg

ဒီနေ့ခေတ်မှာ Cyber Bullying လုပ်တာမျိုးက နာမည်ကျော်ပုဂ္ဂိုလ်တွေကို ပစ်မှတ်ထားကြရုံသာမကဘဲ နာမည်ကျော်ကြားနေတဲ့ ကလေးတွေကိုပါ ရည်ရွယ်လုပ်ဆောင်နေပြီလို့ဆိုနိုင်ပါတယ်။ အကြောင်းကတော့ “Avengers:End Game” ရုပ်ရှင်ထဲမှာ တိုနီစတာခ့် ( Ironman ) ရဲ့သမီး မော်ဂန်စတာ့ခ် (Morgan Stark) အဖြစ်သရုပ်ဆောင်ခဲ့တဲ့ ကလေးသရုပ်ဆောင် လက်စီရေဘီဟာ (၇)နှစ်သမီးဆိုတဲ့အရွယ်နဲ့မမျှတဲ့ ဝေဖန်မှု အပြစ်တင်မှုတွေကို ခံစားခဲ့ရကြောင်း သူ(မ) ရဲ့မိဘတွေက Instagram မှာ Video တင်ပြီး ရင်ဖွင့်ပြောဆိုခဲ့ကြလို့ပါပဲ။

လက်စီရေဘီဟာ (၇)နှစ်သမီးဆိုတဲ့အရွယ်နဲ့မမျှတဲ့ ဝေဖန်မှု အပြစ်တင်မှုတွေကို ခံစားခဲ့ရ

ဖြစ်စဉ်အသေးစိတ်ကို မပြောပြခဲ့ပေမဲ့ လက်မှတ်ထိုးပေးဖို့နဲ့ဓာတ်ပုံတွဲရိုက်ဖို့ အချိန်မပေးရကောင်းလား ဆိုတဲ့မကျေနပ်ချက်ကြောင့် ပရိသတ်တွေက လက်စီ့ကို လူမှုကွန်ရက်ပေါ်မှာ ဝိုင်းပြီး ဝေဖန်တိုက်ခိုက်ခဲ့ကြတာဖြစ်နိုင်ပါတယ်။ “Endgame” ရုပ်ရှင်ထဲမှာ “I love you 3000” ဆိုတဲ့ နာမည်ကြီးစကားကိုပြောခဲ့သူ လက်စီလေးကို ဝေဖန်အနိုင့်ကျင့်ပြောဆိုတာတွေက ရုပ်ရှင်ကားထွက်ပြီးချိန်လောက်မှာ ထွက်ပေါ်လာခဲ့တာပါ။

ဝေဖန်အနိုင့်ကျင့်ပြောဆိုတာတွေက ရုပ်ရှင်ကားထွက်ပြီးချိန်လောက်မှာ ထွက်ပေါ်လာခဲ့တာပါ

လက်စီ့ရဲ့ မိဘတွေကတော့ “ဒီလိုမျိုး လူမှုကွန်ရက်မှာတင်ပြီးမပြောချင်ပေမဲ့ မပြောမဖြစ်တော့လို့ ပြောရတော့မယ်။ အခု ငါတို့သမီးလေးခမျာ လှောင်ပြောင်အနိုင်ကျင့်ခံနေရတယ်။ ဒီလိုလုပ်ရပ်မျိုးတွေကြောင့်ပဲ နာမည်ကျော်တွေလည်း အိမ်ထဲကအိမ်ပြင်မထွက်ချင်အောင် ဖြစ်ကြရတာပဲနေမှာ။ မင်းတို့ ထင်တာ မြင်တာတွေကို ကိုယ့်ဘာသာကိုယ်ပဲ စိတ်ထဲမှာထားကြပါလား။ လက်စီက လူသားတစ်ယောက်ပါ ပြီးတော့ အခုမှကလေးပဲရှိပါသေးတယ်။ တစ်ခါတလေ သူ့ကို (အွန်လိုင်းပေါ်မှာ) ပရိသတ်တွေနဲ့စကားပေးပြောခိုင်းပါတယ်။ ဒါပေမဲ့ အပြင်မှာ ဒါမျိုးပေးမလုပ်ဖူးပါဘူး။ ငါတို့လည်း သူများတွေလို အလုပ်သွား၊ ရုံးသွားနဲ့အချိန်မီအောင်သွားနေကြရတာ။ မင်းတို့အပေါ်မှာ စိတ်မရှည်သလို ဖြစ်သွားတယ်ဆိုရင်လည်း မတတ်နိုင်ဘူး။ လက်မှတ်ထိုးခိုင်းတိုင်းလည်း အချိန်တော်တော်များများမှာ ထိုးပေးခဲ့တာပဲ။ ကလေးတစ်ယောက်ကို မျက်စိဒေါက်ထောက်ကြည့်နေပြီး ဟိုဟာမလုပ်ဘူးလား.. ဒီလိုနေပါလား လို့ ဘာကြောင့်များလိုက်ပြောနေကြတာပါလိမ့်။ တကယ်လို့(လက်စီ) က သွန်သင်ဆုံးမလို့မရတဲ့ကလေးမျိုးသာဆို ထုတ်လုပ်ရေးတွေက ငှားမှာမဟုတ်ပါဘူး။ ပြောစကားနားမထောင်တတ်တဲ့ကလေးမျိုးတွေကို ဘယ်ရုပ်ရှင်ထုတ်လုပ်ရေးကမှ မငှားတာ“ လို့ရေးသားထားတာကို တွေ့ရပါတယ်။

သူတစ်ခုခုအမှားလုပ်မိခဲ့ရင် သူက (၇) နှစ်ပဲရှိသေးစတဲ့ကလေးဖြစ်လို့ နားလည်ပေးကြမယ်ထင်ကြောင်း ဗီဒီယိုထဲမှာ ပြောခဲ့

လက်စီလေးကလည်း သူတစ်ခုခုအမှားလုပ်မိခဲ့ရင် သူက (၇) နှစ်ပဲရှိသေးစတဲ့ကလေးဖြစ်လို့ နားလည်ပေးကြမယ်ထင်ကြောင်း ဗီဒီယိုထဲမှာ ပြောခဲ့ပြီး ပရိသတ်တွေကို “Love you 3000” ဆိုတဲ့စကားလေးနဲ့ နှုတ်ဆက်ထားခဲ့ပါတယ်။

Lexi Rabe အကောင့်ကတင်ခဲ့တဲ့ဗီဒီယိုလင့်ခ် – http://tiny.cc/ldst8y

Ref: Comicbook: “Avengers: Endgame Child Actress Who Played Tony Stark’s Daughter Is Encountering Bullying”
Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top