လူချင်းဝေးနေရရင်တောင် နှလုံးသားချင်းတော့ နီးစပ်ပေးပါ

48362899_629834184098436_4927066270131552256_n.jpg

တစ်ခါက သားဖြစ်သူက သူ့ဇနီးသည်အပေါ် ပြောဆိုဆက်ဆံနေတဲ့အမူအရာကို သဘောမကျတာကြောင့် အဖေဖြစ်သူဟာ အခုလိုပဲ မေးမြန်းနေပါတယ်။

“သား… မင်းဇနီးကို ဒေါသထွက်တဲ့အခါတိုင်း ဘာလို့ အော်ကြီးဟစ်ကျယ်ပြောနေတာလဲကွာ။ သူက မင်းရဲ့ အနီးနားမှာပဲလေ။ တိုးတိုးသက်သာပြောလည်း သူကြားပါတယ်ကွ။ သည်းခံပြီး စိတ်အေးအေးထားပြောပါလား “လို့ပြောလိုက်ပါတယ်။

အဲဒီအခါ ” အဖေပြောသလို ကျွန်တော် အမြဲသည်းခံပါတယ်။ ဒါပေမဲ့ ကျွန်တော့်စိတ်ကလည်း အဖေသိတဲ့အတိုင်းပဲ။ သည်းခံတဲ့စိတ်လွတ်ပြီး အော်မိပြောမိတာပါ”

“ဒီမှာငါ့သား…မင်းရဲ့ အကြောင်းပြချက်ကို အဖေသိပ်လက်မခံချင်ဘူး။ အဓိကအကြောင်းတရားက မင်းရဲ့ဇနီးကို မင်းဒေါသထွက်နေတဲ့အချိန်မှာ မင်းရဲ့နှလုံးသားဟာ ဒေါသစိတ်တွေကြောင့် သူ(မ)ရဲ့ အဝေးကို ရောက်သွားတယ်။ တစ်ယောက်နဲ့တစ်ယောက်က မျက်နှာချင်းဆိုင် မလှမ်းမကမ်းမှာရှိနေကြပေမဲ့လည်း နှလုံးသားချင်းက ဝေးသွားသလိုဖြစ်တာကြောင့် အခုလိုမျိုး တစ်ယောက်နဲ့တစ်ယောက် အော်ဟစ်နေကြရတာပဲ”

“ဟုတ်ပါတယ်။ အဖေ ပြောတာကို သားလက်ခံပါတယ်။ ဒါပေမဲ့ လက်တွေ့လုပ်ဖို့တော့ အရမ်းခက်ခဲတယ် အဖေ”

ဒီတော့ အဖေက “သား…တစ်ဦးနဲ့တစ်ဦး နားလည်မှုလွဲတဲ့အကြောင်းအရာတွေ အဆင်မပြေတဲ့အခိုက်အတန့်လေးတွေကတော့ အခုလည်းရှိတယ်။ နောက်လည်းရှိနေအုံးမှာပဲလေ။ ဒါပေမဲ့ မင်းတို့ ဇနီးမောင်နှံနှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် တကယ် မေတ္တာသက်ဝင်လို့ အခုလိုမျိုးပေါင်းဖက်ခဲ့ကြတာလေ။ ဒါဆိုရင်တော့ မပြေလည်စရာမရှိပါဘူး။ ပြဿနာတစ်စုံတစ်ရာပေါ်လာတဲ့အခါတိုင်း စိတ်အေးအေးထားပြီး ပြဿနာရဲ့အရင်းမြစ်ကိုရှာဖွေမယ်။ ပြီးရင် ဘယ်လိုဘယ်နည်း ဖြေရှင်းမလဲဆိုတဲ့ အဖြေကိုရှာရမယ်။ တစ်ယောက်ကိုတစ်ယောက် စိတ်ရှည်သည်းခံပြီး နားလည်မှုလေးတွေထားရှိမယ်။ တစ်ဦးကိုတစ်ဦးလေးစားမယ်။ နောက်ဆုံးအနေနဲ့ ပြောရရင် အကြောင်းတစ်စုံတစ်ရာကြောင့် လူချင်းဝေးနေမယ်ဆိုရင်တောင် တစ်ယောက်နဲ့တစ်ယောက် နှလုံးသားချင်းနီးနေမယ်ဆိုရင် သာယာပျော်ရွှင်နေတဲ့ မိသားစုလေးတစ်ခုကို ဖန်တီးနိင်မှာပါ။ ဒါကြောင့် ဘယ်လောက်ပဲဒေါသဖြစ်ဖြစ် မင်းရဲ့နှလုံးသားလေးကို အဝေးထွက်မသွားစေဘဲ ပိုင်ရှင်ဖြစ်တဲ့ မင်းရဲ့ဇနီးအနားမှာပဲ ထားလိုက်မယ်ဆိုရင် မင်းတို့အိမ်ထောင်ရေးက အခုထက်အများကြီးပျော်ရွှင်စရာကောင်းလာမှာပါ” လို့ ဆုံးမလိုက်ပါတယ်။

Ref: “Grandpa and Grandson”

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top