မကြာခင်မှာ စေ့စပ်ကြတော့မယ့် Cold Play ရဲ့ အဆိုတော်ကြီး ခရစ္စမာတင် (Chris Martin) နဲ့ မင်းသမီးချော ဒါကိုတာဂျွန်ဆင် (Darkota Johnson)

chris-martin-family-2.jpg

NEW YORK, NY - NOVEMBER 24: Chris Martin of Coldplay visits at SiriusXM Studios on November 24, 2015 in New York City. (Photo by Robin Marchant/Getty Images)

ကမ္ဘာကျော် ဗြိတိသျှဂီတဝိုင်း Cold Play အဖွဲ့ ရဲ့ အဆိုတော်ကြီးတစ်ဖြစ်လဲ ဂီတပညာရှင်ကြီး ခရစ္စမာတင် နဲ့ Fifty Shades ရုပ်ရှင်ဇာတ်ကားတွဲတွေနဲ့ ပရိသတ်အခိုင်အမာရလာခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် ညှို့မင်းသမီးချောလေး ဒါကိုတာဂျွန်ဆင်တို့ဟာ မကြာခင်မှာ စေ့စပ်ဖြစ်ကြတော့မယ်လို့ US Weekly ကနေ ဖော်ပြသွားခဲ့ပါတယ်။

 

သူတို့နှစ်ယောက်ဟာ ၂၀၁၇ ခုနှစ် အောက်တိုဘာလကတည်းက တွဲခုတ်နေခဲ့ကြတာဖြစ်ပြီး အသက် ၄၁ နှစ်အရွယ် မာတင်ကတော့ ချစ်သက်တမ်း တစ်နှစ်ကျော်ကာလအတွင်း ချစ်သူကို သည်းသည်းလှုပ်နေတတ်သူလို့ သိရပါတယ်။ ပြီးခဲ့တဲ့လကပဲ သူတို့နှစ်ယောက် ပထမဆုံးချိန်းတွေ့ခဲ့ကြတဲ့ လော့စ်အန်ဂျလိစ်မြို့က ဆူရှီဆိုင်ကို ပြန်လည်သွားရောက်ပြီး စားသောက်ပျော်ရွှင်နေတာကို ပရိသတ်တွေပါ မြင်တွေ့ခဲ့ကြရတာပါ။

မာတင်က သူရဲ့အရင်အိမ်ထောင်နဲ့ သားသမီး ၂ ယောက် ထွန်းကားခဲ့သလို ကွာရှင်းခဲ့တဲ့ ဇနီးဟောင်းရဲ့လက်ထပ်မင်္ဂလာပွဲကို ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ ကျင်းပခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ သူ့ရဲ့ကလေးတွေအတွက် အပြောင်းအလဲတွေများစွာ ရင်ဆိုင်ရမှာဖြစ်တာကြောင့်ပဲ သူ့ရဲ့အချစ်ရေးကို သိုသိပ်လျှို့ဝှက်စွာ နေထိုင်ခဲ့သူပါ။

ဖခင်ကောင်းပီသသူ မာတင်က သူ့ကလေးတွေအတွက် အပြောင်းအလဲကို အသားကျနိုင်အောင် အချိန်ယူနေခဲ့တာဖြစ်ပြီး အဖေရော အမေပါ တစ်ပြိုင်နက်တည်း နောက်အိမ်ထောင်ပြုသွားတဲ့အဖြစ်မျိုး မကြုံစေချင်တာကြောင့် ဒါကိုတာထံ လက်ထပ်ခွင့်တောင်းယူဖို့ အစီအစဉ်ကို နောက်ဆုတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် မင်းသမီး ဒါကိုတာဂျွန်ဆင်အနေနဲ့လည်း သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းကို အမြဲတစေ ရေငုံနှုတ်ပိတ်နေဖြစ်ခဲ့ပြီး သူသိပ်ပြီး ပျော်ရွှင်နေကြောင်းကိုတော့ အင်တာဗျူးတွေကနေတစ်ဆင့် အသိပေးခဲ့ပါတယ်။ People မဂ္ဂဇင်းရဲ့ အဆိုအရတော့ ကျေးဇူးတော်နေ့မှာ မာတင်တို့စုံတွဲဟာ မာတင်ရဲ့ ဇနီးဟောင်း၊ ကလေးနှစ်ယောက်နဲ့ပါ အတူတကွ အချိန်ဖြုန်းခဲ့ကြတယ်လို့ ဖော်ပြခဲ့ပါတယ်။

Ref : Dailymail ” Dakota Johnson and Chris Martin Will Reportedly ‘Be Engaged Soon ”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top