အချစ်ကိုရှာဖို့ နိုင်ငံပေါင်း ၁၉ နိုင်ငံသွားပြီး အမျိုးသား ၃၄ ဦးနဲ့ First Date လုပ်ခဲ့တဲ့ အမျိုးသမီး

10.4.2023-yyl-iamge-5.jpg

လိုနီ ဂျိမ်းစ်ဆိုသူဟာ အချစ်ကိုရှာဖို့ ဆုံးဖြတ်လိုက်ကတည်းက ကမ္ဘာအနှံ့သွားပြီး ချိန်းတွေ့ဖို့ ကြိုးစားခဲ့တယ်။ သူက အသက် ၄၀ အရွယ်၊ ဝါရှင်တန်ပြည်နယ်ဇာတိဖြစ်ပြီး ၂၀၂၂ ခုနှစ် နွေဦးကမှ လန်ဒန်ကို ခရီးထွက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲ့ဒီကတည်းက နိုင်ငံတစ်ဝှမ်းကို အလည်အပတ်သွားခဲ့တဲ့အပြင် အမျိုးသားတွေနဲ့လည်း First Date လုပ်နိုင်ခဲ့ပါတယ်။ အခုအထိ လိုနီက နိုင်ငံပေါင်း ၁၉ နိုင်ငံက အမျိုးသား ၃၄ ဦးနဲ့ ချိန်းတွေ့ခဲ့ပြီးပါပြီ။

အွန်လိုင်းအက်ပ်တွေကတဆင့် အမျိုးသားတွေနဲ့ သိတာဖြစ်တဲ့အတွက် သူ သတိထားပြီး နေခဲ့တယ်။ သူ့ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို မပြောပြဘူး။ သူ့ရဲ့မိသားစု၊ သူငယ်ချင်းတွေနဲ့လည်း အဆက်အသွယ်မပြတ်အောင် နေခဲ့တယ်။ လိုနီက သူ နေတဲ့နေရာအတိအကျကို သိခွင့်ပေးဘူး။ အဲဒီလူတွေနဲ့ မတွေ့ဆုံရခင်အချိန်အထိ သူ့ရဲ့ဖုန်းနံပါတ်ကို မပေးပစ်ခဲ့ဘူး။ သူ့ရဲ့မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေကို တည်နေရာတွေ ပို့ပေးထားတယ်။

လိုနီက အိပ်မက်တွေအတိုင်း အပြည့်အဝနေခွင့်မရခဲ့တဲ့၊ အယ်လ်ဇိုင်းမားရောဂါကို ကာလရှည်ကြာခံစားခဲ့ရပြီး သေဆုံးခဲ့တဲ့ သူ့အမေကြောင့် ခရီးတွေထွက်ဖို့ တွန်းအားဖြစ်ခဲ့တာပါ။ “ဘဝက အာမခံချက်မရှိဘူး။ အငြိမ်စားယူဖို့ကလည်း အာမခံချက်မရှိဘူး။ ကျွန်မ အခု လိုချင်ခဲ့တဲ့ ဘဝကို ဖန်တီးချင်ခဲ့တယ်။ အဲ့ဒါကို မစွန့်လွှတ်ချင်ဘူး”လို့ လိုနီက ဆိုပါတယ်။

လိုနီက First Date မှာ အမျိုးသားတွေနဲ့တွေ့ရင် သူတို့ရဲ့ယဉ်ကျေးမှုအကြောင်း မေးတယ်။ ချိန်းတွေ့ရတာ ဘယ်လိုမျိုးလဲ သူတို့ကို မေးတယ်။ ကျားမရေးရာအခန်းကဏ္ဍနဲ့ ချစ်ခြင်းမေတ္တာနဲ့ ဆက်ဆံရေးအပေါ် သူတို့ရဲ့အမြင်ကို မေးခွင့်ရခဲ့တယ်။ အမျိုးသားတွေက ဒုတိယအကြိမ် ချိန်းတွေ့ဖို့ ဖိအားမရှိလောက်အောင် ပွင့်လင်းလိုစိတ်ပိုများနေတာကို သူ တွေ့ရှိခဲ့ရတယ်။

Ref: Search for love takes 1 woman on 34 first dates in 19 countries

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top