စိတ်ဖိဆီးမှု ပျောက်စေရန် မှီဝဲရမည့် အစားအသောက်များ

yyl-011-13.jpg

စိတ်ဖိဆီးမှု ပျောက်စေရန် တင်မကပဲ မိနစ်ပိုင်းမျှ အနားယူတဲ့အခါ သုံးဆောင်သင့်တဲ့ အစားအစာများကို ဆိုပါတယ်။

၁။ အခါးရည်ကြမ်း

လက်ဘက်ခြောက် ထည့်ဖျော်ထားတဲ့ ရေနွေးကြမ်း (အခါးရည်ကြမ်း) ကိုဆိုလိုခြင်း ဖြစ်ပါတယ်။ သူ့မှာ L-Theanine ဆိုတဲ့ ဓာတ်ပါဝင်ပြီး ဒေါသ (Anger) ထွက်စေတဲ့ ဟိုမုန်းများကို လျော့ချပေးတယ်လို့ ဆိုပါတယ်။

၂။ ချောကလတ် (ရေခဲမှုန့်)

ချောကလပ်ရော၊ ချောကလပ် ရေခဲမှုန့်ရော သင့်တော်ပါတယ်။ အနက်ရောင် ချောကလတ်ပါဝင်တဲ့ အစားအစာများဟာ စိတ်ဖိစီးစေတဲ့ ဟိုမုန်းများကို လျော့ချပေးပါတယ်။

၃။ ပျားရည်

ပျားရည် တစ်ဇွန်းစာဟာ ရဲ့ ခါးသီးတဲ့ ဝေဒနာကို ပျောက်ကင်းစေတယ်လို့ တောင် တင်စားထားကြပါတယ်။ အမှန်တော့ ယင်း အချိုဓာတ်က စိတ်ဖိစီးမှုကို ပြေပျောက်စေတယ်လို့ ရည်ညွန်းခြင်း ဖြစ်ပါတယ်။ ဦးနှောက်ကိုလည်း ကြည်လင်စေပါတယ်။

၄။ သရက်သီး

သရက်သီးကတော့ နေရာတိုင်း မရနိုင်ပါဘူ။ သို့ပေမယ့် ရနိုင်တဲ့ နေရာတွေမှာ မှီဝဲသင့်တဲ့ သစ်သီးလို့ ဆိုပါတယ်။ သရက်သီးရယ်လို့ မဟုတ်ပဲ သရက်သီး ဖျော်ရည် တစ်ခွက် သောက်ခြင်းဖြင့်လည်း Linalool လို့ခေါ်တဲ့ compound ထုတ်လုပ်ပြီး stress level ကို ကျဆင်းစေပါတယ်။

၅။ ပီကေ

ပီကေ ဝါးတာကတော့ စိတ်ဓာတ်ကျဆင်းမှုကို ပြေလျော့စေတယ်ဆိုတာ တော်တော်များများ သိထားကြပါတယ်။ ပြီးတော့ စဉ်းစားတွက်ချက်၊ တွေးခေါ်မှုကိုလည်း ကွန့်မြူးစေပါတယ်။

အဓိက စိတ်ဓာတ်ကျဆင်းမှု၊ ပင်ပန်းမှုကို ပြေပျောက်စေတဲ့ အစားအစာကတော့ အချိုဓာတ်ပါတဲ့ အစားအစာများ ဖြစ်ပါတယ်။ သို့ပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့ အတိုင်း ထိုက်သင့် သလောက် စားသုံးမှုကသာ ကျန်းမာရေး အတွက် အကျိုးရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: medic-facts.

အောင်ခမ်း (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top