ကွေ့ယန်းအိမ်ဖြူတော်လို့ တင်စားကြတဲ့ ဧရာမအဆောက်အအုံကြီး

14.11.23-yyl-၂၅.jpg

ပုံမှာ မြင်ရတဲ့ ဧရာမ အဆောက်အအုံကြီးကို ကွေ့ယန်းအိမ်ဖြူတော်လို့ ခေါ်ကြတယ်။ တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်၊ ကွေ့ယန်းမြို့မှာ တည်ရှိပြီး တရုတ်နိုင်ငံရဲ့ အကြီးဆုံး စံအိမ်လို့ သတင်းထွက်ခဲ့ပါတယ်။

ဥရောပနန်းတော်တွေ၊ ပြတိုက်တွေမှာ မြင်ရလေ့ရှိတဲ့ အနောက်တိုင်းဗိသုကာလက်ရာမျိုး ရှိပြီး အဖြူရောင်အဆောက်အအုံကြီးဖြစ်လို့ အမေရိကန်သမ္မတအိမ်တော်ဖြစ်တဲ့ အိမ်ဖြူတော်နဲ့ ခိုင်းနှိုင်းကြတာပါ။ တကယ်တော့ စတုရန်းမီတာ ၁၈.၃ သန်း ကျယ်ဝန်းတဲ့ ဒီအဆောက်အအုံက အိမ်ဖြူတော်ထက် ကျယ်ဝန်းသလို ပိုကြီးမားပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က ကွေ့ယန်းအိမ်ဖြူတော်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဒီအဆောက်အအုံအကြောင်း သတင်းအမျိုးမျိုး ထွက်ပေါ်ခဲ့ပါတယ်။ ကွေ့ယန်းမြို့ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် ရှောင်ချမ်းဟုန် ပိုင်တဲ့ အဆောက်အအုံဖြစ်ပြီး ယွမ်ငွေ ၂.၇ ဘီလျံ ( အမေရိကန်ဒေါ်လာ သန်း ၃၇၀) အကုန်အကျခံ တည်ဆောက်ထားတယ်လို့ သတင်းထွက်ခဲ့တာပါ။

ဒါပေမဲ့ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေက မှန်ကန်ခြင်း မရှိပါဘူး။ ဒီအဆောက်အအုံဟာ သူဌေးတစ်ဦးရဲ့ စံအိမ်မဟုတ်ဘဲ Accor Hospitality Group က ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ ဖွင့်လှစ်ခဲ့တဲ့ ဟိုတယ်ဖြစ်ပါတယ်။ Guiyang Art Centre လို့ အမည်ရပါတယ်။

Ref: Guiyang White House – China’s Largest And Most Mysterious Mansion?

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top