အစိုးရရုံးပိတ်ရက်မှာ သစ်ပင် သန်း ၁၀၀ စိုက်ပျိုးခဲ့တဲ့ ကင်ညာပြည်သူများ

15.11.23-yyl-16.jpg

ဆယ်စုနှစ် တစ်ခုအတွင်း သစ်ပင် ၁၅ ဘီလျံ စိုက်ပျိုးမယ့် မျှော်ရည်ချက် တစ်စိတ်တစ်ပိုင်းအဖြစ် ကင်ညာပြည်သူတွေက အစိုးရရုံးပိတ်ရက်မှာ သစ်ပင် သန်း ၁၀၀ စိုက်ပျိုးခဲ့ပါတယ်။ အများပြည်သူဆိုင်ရာ နေရာတွေမှာ သစ်ပင်စိုက်ပျိုးဖို့အတွက် ကင်ညာနိုင်ငံ သစ်တောရေးရာဌာနက ပျိုးပင်တွေကို အခမဲ့ ပေးဝေခဲ့တာပါ။

အစိုးရရုံးပိတ်ရက်မှာ ကင်ညာနိုင်ငံသားတိုင်း သစ်ပင် ၂ ပင် စိုက်ပျိုးရေး ပြဋ္ဌာန်းချက်အရ ပြီးခဲ့တဲ့ ရုံးပိတ်ရက်မှာ သစ်ပင် သန်း ၁၀၀ စိုက်ပျိုးနိုင်ခဲ့တာပါ။ ကင်ညာနိုင်ငံသားတွေအနေနဲ့ သူတို့ရဲ့ ခြံဝန်းထဲမှာ သစ်ပင်စိုက်ပျိုးမယ်ဆိုရင်တော့ ပျိုးပင်တွေကို ဝယ်ယူရမှာ ဖြစ်ပါတယ်။

ကင်ညာပြည်သူတွေအနေနဲ့ သစ်ပင်စိုက်ပျိုးနေတဲ့ ပုံရိပ်တွေကို Jaza Miti app အသုံးပြုပြီး မှတ်တမ်းတင်ကြဖို့လည်း ကင်ညာအစိုးရက တိုက်တွန်းခဲ့ပါတယ်။ အစိုးရတာဝန်ရှိသူတွေက သစ်ပင်စိုက်ပျိုးတဲ့မှတ်တမ်းကို အလွယ်တကူ ကောက်ယူနိုင်စေဖို့ ဖြစ်ပါတယ်။ ကင်ညာအစိုးရဟာ ဒီဇင်ဘာလအကုန်မှာ သစ်ပင် သန်း ၅၀၀ စိုက်ပျိုးနိုင်ဖို့ ရည်မှန်းထားပါတယ်။

Ref: Kenyan Holiday Devoted To Planting 100 Million Trees

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top