ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေချိန် Stay Home ရင်း လိုက်နာသင့်တဲ့ မျက်စိဂရုစိုက်နည်းများ

4-5-2020-yyl-017.jpg

အခုလို Stay Home ကာလမှာ လက်တော့စ်သုံးတာကစလို့ ဖုန်းအသုံးပြုတာအထိ မျက်စိကို အလုပ်ပေးတာများနေပါတယ်။ အိမ်ကနေအလုပ်လုပ်ရတဲ့အတွက် သင့်အချိန်တော်တော်များများကို လက်တော့စ်အသုံးပြုတာနဲ့ ကုန်ဆုံးနေပြီး ကျန်အချိန်တွေကိုလည်း ဇာတ်ကားကြည့်တာ၊ ဖုန်းသုံးတာတွေနဲ့ ကုန်ဆုံးနေတတ်ပါတယ်။ Screenကြည့်တာများရင် သင့်မျက်စိကို ညောင်းစေပြီး မျက်လုံးနီတာ၊ မျက်လုံးမို့တာ၊ မျက်ကွင်းညိုတာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင့်မျက်လုံးကျန်းမာရေးအတွက် လိုက်နာသင့်တဲ့ မျက်စိဂရုစိုက်နည်းတွေကို မျှဝေပေးချင်ပါတယ်။

မျက်စိလေ့ကျင့်ခန်းလုပ်ပါ

လက်တော့စ်နဲ့ ဖုန်းသုံးတာများပြီး မျက်စိညောင်းတာတွေ ပြေလျော့သွားဖို့အတွက် မျက်စိလေ့ကျင့်ခန်းတချို့လုပ်ပေးဖို့ အရမ်းအရေးကြီးပါတယ်။ မျက်စိညောင်းတာသက်သာသွားဖို့ဆိုရင် သင့်လက်တစ်တန်းလောက်မှာ ခဲတံတစ်ချောင်းထားပြီး သင့်မျက်စိကို အဲဒီပေါ်မှာ အာရုံစိုက်ထားလိုက်ပါ။ အဲဒီနောက် သင့်မျက်စိနားထိနီးလာအောင် ခဲတံကို ရွှေ့လာပြီး မျက်စိက အာရုံစိုက်ထားပါ။ ပြီးရင် နဂိုအနေအထားအတိုင်း ပြန်ထားပြီး ပြန်ကြည့်ပါ။ အဲဒီနည်းကို (၂) မိနစ် (၃) မိနစ်လောက် လုပ်ပါ။

သက်တံပုံစံလမ်းကြောင်းအတိုင်း မျက်လုံးနဲ့ ကြည့်ပါ

သိသာတဲ့အရာဝတ္ထုကို အာရုံစိုက်ပြီး သက်တံပုံစံလမ်းကြောင်းအတိုင်း အစွန်းတစ်ဖက်ကနေစပြီး နောက်အစွန်းတစ်ဖက်အထိ မျက်လုံးကို ရွေ့လျားပြီး ကြည့်ပါ။ ဒါက မျက်စိရွေ့လျားတဲ့အခါ ကူညီပေးသလို တင်းနေတဲ့ မျက်စိကြွက်သားတွေကိုလည်း ပြေလျော့စေပါတယ်။ ဒီလေ့ကျင့်ခန်းက သွေးလည်ပတ်မှုအားကောင်းစေတဲ့အပြင် အာရုံစိုက်နိုင်စွမ်းအားလည်း ပိုကောင်းစေပါတယ်။

နှိပ်နယ်ပေးပါ

မျက်စိညောင်းတယ်ဆိုရင် နှိပ်နယ်ပေးတာကလည်း အရေးကြီးတဲ့ အဆင့်ပါပဲ။ သင့်လက်ဖဝါးကို သင့်မျက်လုံးပေါ်တင်လိုက်ပြီး စက်ဝိုင်းပုံစံရွေ့လျားပြီး နှိပ်နယ်ပေးပါ။ မျက်ခုံးကိုရော၊ မျက်လုံးအောက်ကိုပါ နှိပ်နယ်ပေးရပါမယ်။ နှိပ်နယ်မှုကနေ ထုတ်လွှတ်လိုက်တဲ့ အပူက မျက်လုံးညောင်းတာကို ပြေလျော့ပေးစေပါတယ်။

၂၀-၂၀-၂၀ စည်းမျဉ်း

အလုပ်လုပ်ရင်းနဲ့ မျက်လုံးညောင်းလာရင် ၂၀-၂၀-၂၀ စည်းမျဉ်းကို လိုက်နာလိုက်ပါ။ မိနစ် (၂၀) တိုင်း စက္ကန့် (၂၀) လောက် ခဏနားပြီး ပေ (၂၀) ဝေးတဲ့အရာဝတ္ထုကို အာရုံစိုက်လိုက်ပါ။ အရာဝတ္ထုကို ခဏလောက် အာရုံစိုက်ပြီးသွားရင် သင့်မျက်စိညောင်းတာတွေ သက်သာသွားစေမှာဖြစ်ပါတယ်။ ဒီနည်းက အီလက်ထရောနစ်ပစ္စည်းတွေကနေ မျက်စိတွေကို ကာကွယ်ပေးတဲ့အပြင် အချိန်တိုင်း သင့်မျက်စိကို လေ့ကျင့်ခန်းလုပ်ပေးသလို ဖြစ်စေပါတယ်။

သခွားသီးကို မျက်လုံးပေါ် တင်ထားပါ

ဒီနည်းကတော့ ဟိုယခင်ကတည်းက ရှိခဲ့တာဖြစ်ပါတယ်။ မျက်စိညောင်းလာသလို ခံစားရရင် သခွားသီးကို ပါးပါးလှီးထားတဲ့ သခွားခြမ်းနှစ်ခုကို မျက်လုံးပိတ်ထားတဲ့ပေါ်မှာ (၅-၇) မိနစ်လောက် တင်ထားပါ။ ပြီးရင် တစ်ဖက်တစ်ချက်စီပြန်ပြောင်းလိုက်ပါ။ ဒီနည်းက မျက်လုံးညောင်းတာကို သက်သာသွားအောင် ကူညီပေးတဲ့အပြင် အေးမြကိုလည်း ပေးစွမ်းပါတယ်။

Ref: Eye care tips that you must follow during the coronavirus lockdown

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top