ဖိလစ်ပိုင်ဆီးဂိမ်းမှာ မြန်မာအမျိုးသမီးအသင်း အုပ်စုပထမနဲ့ ဆီမီးတက်

78194668_1672616312881088_8943060098633170944_n.jpg

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အကြိမ် ၃၀ မြောက် ဆီးဂိမ်းအမျိုးသမီးဘောလုံး ပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်တွေအပြီးမှာ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းက အုပ်စုပထမနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဒီနေ့ မွန်းလွဲ ၂ နာရီခွဲမှာ မလေးရှားအသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ရတာဖြစ်ပြီး မလေးရှားအသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အခုလိုအနိုင်ရရှိခဲ့တဲ့အတွက် အိမ်ရှင်ဖိလစ်ပိုင်အသင်းနဲ့ ရမှတ်တူ၊ ဂိုးကွာခြားချက်တူပေမယ့် Fair Play စည်းမျဉ်းအရ မြန်မာအသင်းက အုပ်စုပထမနဲ့ ဆီးမီးတက်ခဲ့တာဖြစ်ပြီး ဖိလစ်ပိုင်အသင်းကတော့ အုပ်စုဒုတိယနဲ့ ဆီမီးကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။


အုပ်စု(ခ)မှာတော့ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲစဉ် များအပြီးမှာ ၄ မှတ်စီရယူနိုင်ခဲ့ကြပေမယ့် ဂိုးကွာခြားချက်အရ ဗီယက်နမ်အသင်းက အုပ်စုပထမ၊ ထိုင်းအသင်းက အုပ်စုဒုတိယနဲ့ ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းလာခဲ့ကြပါတယ်။

ဖိလစ်ပိုင်ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်များကိုတော့ ဒီဇင်ဘာ ၅ ရက်၊ ညနေ ၆ နာရီခွဲမှာ တစ်ချိန်တည်းကျင်းပသွားမှာဖြစ်ပြီး အိမ်ရှင်ဖိလစ်ပိုင်အသင်းနဲ့ ဗီယက်နမ်အသင်း၊ မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားသွားကြရမှာ ဖြစ်ပါတယ်။

Photo – MFF
KST(ရိုးရာလေး)
www.yoyarlay.com
#KST_yyl #News_yyl #Local_yyl

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top