ခန္ဓာကိုယ်အေးမြစေဖို့ တီရှပ်ကို အလိုအလျောက်တဖျပ်ဖျပ်လှုပ်ခတ်စေတဲ့ ကိရိယာတီထွင်ခဲ့သူ

7.9.23-yyl-8.jpg

ဂျပန်လူမျိုးတီထွင်သူတစ်ဦးက တီရှပ်ကို အလိုအလျောက်တဖျပ်ဖျပ်လှုပ်ခတ်စေတဲ့ကိရိယာကို ဖန်တီးခဲ့ပါတယ်။ သူကတော့ ခါဇူယာ ရှီဘာတာဆိုသူပါ။ ဒီကိရိယာက သူ့ရဲ့တီထွင်ဖန်တီးမှုတွေထဲမှာတစ်ခုပါပဲ။ တီရှပ်ကို တဖျပ်ဖျပ်လှုပ်ခတ်နေစေတဲ့အတွက် နွေရာသီမှာဆိုရင် ခန္ဓာကိုယ်ကို အေးမြနေစေမှာပါ။

ဘောင်းဘီရှေ့ဘက်မှာ ချိတ်ထားလိုက်တာနဲ့ Arduino (အာဒူရီနို) ထိန်းချုပ်ထားတဲ့ ကိရိယာက အလုပ်လုပ်ပါတယ်။ အဲဒီမှာပါတဲ့ သံလိုက်က တီရှပ်ကိုထိန်းထားပြီး ကိရိယာက ရှေ့တိုးလိုက်နောက်ဆုတ်လိုက်လုပ်လိုက်တာကြောင့် တီရှပ်က တဖျပ်တဖျပ်လှုပ်ခတ်သွားတာပါ။

ခါဇူယာက သူ့ရဲ့ဖော်လိုဝါတွေကို ဒီကိရိယာနဲ့ပတ်သက်ပြီး ပြဿနာအနည်းငယ်ရှိရင် ဖြေရှင်းနိုင်ဖို့အတွက် သူ့Website https://www.seevua.com/ ရဲ့ Message form ကတဆင့် အကြံပြုပေးကြဖို့ တိုက်တွန်းထားပါတယ်။

ဗီဒီယိုကြည့်ရှုရန်

Ref: Guy Invents Automatic Shirt Flapper That Keeps You Cool

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top