ဟိုအရင်ကတည်းက ပရိသတ်တွေ အားပေးနှစ်ခြိုက်ခဲ့ရတဲ့ Westlife အဖွဲ့ဟာ မကြာသေးခင်ကမှ သူတို့အဖွဲ့ရဲ့နှစ် (၂၀) ပြည့် ဖျော်ဖြေပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီဖျော်ဖြေပွဲက အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့တဲ့အတွက် Westlifeအဖွဲ့က နောက်နှစ် ၂၀၂၀ ခုနှစ်မှာ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေကို တခမ်းတနားကျင်းပပြုလုပ်ဖို့ စီစဉ်နေပါတယ်။

၂၀၂၀ မှာ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေ ပြုလုပ်သွားမယ့် Westlife
ဒီအစီအစဉ်က အဖွဲ့ဝင် မားကပ်စ် ဖီးဟီလီ (Mark Feehily) နဲ့ သူ့ချစ်သူ ဆိုင်လိန် အိုနယ် (Cailean O’Neill) တို့ သမီးလေးမပိုင်ဆိုင်ရခင်ထိတော့ စတင်ဦးမှာမဟုတ်ပါဘူးလို့ သိရပါတယ်။ “Westlifeရဲ့ Comeback Tourက မှတ်ကျောက်တင်နိုင်လောက်တဲ့အထိ အောင်မြင်မှုရရှိခဲ့ပါတယ်။ သူတို့က သီချင်းအသစ်လုပ်ဖို့လည်း စိတ်ဝင်စားနေပါတယ်။ နိုဝင်ဘာလ အယ်လ်ဘမ်ထွက်ပြီးတဲ့နောက် အစီအစဉ်တွေကို စတင်လုပ်ဆောင်မှာပါ။ သူတို့အဖွဲ့ကို အနုပညာအလုပ်တွေ လုပ်စေချင်တဲ့သူတွေက များပါတယ်။ မားကပ်စ်က ကလေးလေး ပိုင်ဆိုင်ရတဲ့အခါ ခဏနားမှာပါ။”

၂၀၂၀ မှာ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေ ပြုလုပ်သွားမယ့် Westlife
“တီဗီအစီအစဉ်တွေက ခရစ်စမတ်အတွက် Westlifeအဖွဲ့ဝင်တွေကို လိုချင်နေပါတယ်။ ၂၀၂၀ခုနှစ်မှာ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေပြုလုပ်ဖို့လည်း စီစဉ်နေပါတယ်။ အက်ဒ်ရှီရန် (Ed Sheeran )နဲ့ သီချင်းအသစ်လည်း ရှိမှာပါ။ Westlifeက ထပ်နာမည်ကြီးလာပါပြီ။ “Twenty Tour” ပွဲတုန်းက လက်မှတ်အစောင်ရေ (၇၀၀၀၀၀) ရောင်းထွက်ခဲ့ပါတယ်။ အခုဆိုရင် ရေရှည်စီမံကိန်းလုပ်နေပါတယ်”လို့ အတွင်းသတင်းက Mirror Online သတင်းဌာနကို ပြောခဲ့ပါတယ်။
Ref: AsiaOne “Westlife plans world tour in 2020 after success of comeback tour”
WL (ရိုးရာလေး)