Covid-19 ကာကွယ်ဆေး သန်းပေါင်း (၁၃၀၀) ကျော်ကို ထိုးနှံနိုင်ခဲ့ပြီးဖြစ်တယ်လို့ WHO ပြော

vaccine.jpg

ရန်ကုန်၊ စက်တင်ဘာ (၁၃)

ကမ္ဘာတစ်ဝှမ်းမှာ Covid-19 ကာကွယ်ဆေး သန်းပေါင်း (၁၃၀၀) ကျော်ကို လုံခြုံစိတ်ချစွာ စီမံခန့်ခွဲ ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

၂၀၂၁ ခုနှစ်၊ မေလအထိ ကမ္ဘာတစ်ဝှမ်းမှာ Covid-19 ကာကွယ်ဆေး သန်းပေါင်း (၁၃၅၀) ကျော်ကို ထိုးနှံပေးခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်ကာကွယ်ဆေးတွေက Delta မျိုးစိတ်ကြောင့်ဖြစ်ပွားတတ်တဲ့ ရောဂါကူးစက်မှုနဲ့ မပြင်းထန်တဲ့ရောဂါလက္ခဏာတွေကိုဖြစ်ပွားမှုကနေ ကာကွယ်ပေးနိုင်စွမ်း အနည်းငယ် လျော့နည်းနိုင်ပေမယ့်လည်း ပြင်းထန်တဲ့ရောဂါဖြစ်ပွားမှုကနေ သေဆုံးမှုကို ကာကွယ်ပေးနိုင်စွမ်းမြင့်မားပါတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း အောက်တိုဘာ (၁၁) ရက်နေ့အထိ Covid-19 ကာကွယ်ဆေးထိုးနှံပြီးသူ လူဦးရေစုစုပေါင်း (၄,၉၄၄,၆၅၄) ဦး၊ ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ (၃,၂၃၉,၇၆၄) ဦးနဲ့ ပထမအကြိမ်ထိုးနှံပြီးစီးသူ (၁,၇၀၄,၈၉၀) ဦးရှိပြီဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးနောက် ကြုံတွေ့နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေမှာ ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်းနဲ့ ခန္ဓာကိုယ်ကိုက်ခဲ့ခြင်းတို့ဖြစ်ပေါ်တတ်ပြီး (၂) ရက်အတွင်း ပျောက်ကင်းနိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အက်စထရာ ဇီနီကာ/ အောက်စ်ဖို့(AstraZeneca/ Oxford vaccine)၊ ဂျွန်ဆင်နဲ့ ဂျွင်ဆင်(Johnson and Johnson)၊ မိုဒါးနား(Moderna)၊ ဖိုင်ဇာ/ဘိုင်အိုတက်ခ်(Pfixer/BionTech)၊ ဆိုင်နိုဖန်း(Sinopharm(Beijing Bio-Institute of Biological Products Co Ltd)၊ ဆိုင်နိုဗက်(Sinovac) စတဲ့ ကာကွယ်ဆေးတွေကို အရေးပေါ်အသုံးပြုရန် ခွင့်ပြုထားပြီး အဲ့ဒီကာကွယ်ဆေးတွေက ရောဂါဖြစ်ပွားခြင်း၊ ဆေးရုံတက်ရောက်ကုသခြင်းနဲ့ သေဆုံးခြင်းတွေကို လျော့နည်းစေပါတယ်။

Photo- Internet
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top