လူ့အခွင့်ရေးကောင်စီအဖွဲ့က ထွက်လိုက်တဲ့ အမေရိကန်

dqatkjamjw-1529461493.jpg

အမေရိကန်နိုင်ငံဟာ လူ့အခွင့်ရေးကောင်စီအဖွဲ့ရဲ့ နိုင်ငံရေးဘက်လိုက်မှုတွေကြောင့် ကောင်စီကနေ နုတ်ထွက်လိုက်ကြောင်း သိရပါတယ်။ လူ့အခွင့်အရေးကောင်စီအဖွဲ့ကြီးဟာ လူ့အခွင့်အရေးနဲ့ ဆိုင်တဲ့ အကျိုးမဲ့လုပ်ရပ်တွေကို လုပ်နေတယ်လို့ ကုလသမဂ္ဂရဲ့ အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး နီကီဟာလေးက ပြောခဲ့ပါတယ်။

ဂျနီဗာမြို့မှာ အခြေစိုက်ပြီး ၂၀၀၆ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ဒီအဖွဲ့ဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ မေးခွန်းထုတ်စရာဖြစ်နေတဲ့ လူ့အခွင့်အရေးမှတ်တမ်းတွေကို ခွင့်ပြုမှုတွေကြောင့် ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ အမေရိကန်နိုင်ငံ ထွက်လိုက်တာဟာ ကမ္ဘာတဝှမ်းက လူ့အခွင့်အရေးဆိုင်ရာ ကျူးလွန်မှုတွေကို ဖြေရှင်းဖို့နဲ့ စောင်ကြည့်ရေး ကြိုးပမ်းမှုတွေမှာ ထိခိုက်စေနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ အမေရိကန်သံအမတ်ကြီး နီကီဟာလေးက လူ့အခွင့်အရေး ကာကွယ်မှုပိုင်း အားနည်းချက်တွေရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပွန်ပိုအိုနဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

လူ့အခွင့်ရေးကောင်စီ ကော်မရှင်နာ အယ်ဟူစိန်က အမေရိကန် နုတ်ထွက်မှုအပေါ်  စိတ်ပျက်ရကြောင်း ပြောဆိုခဲ့ပါတယ်။ အမေရိကန်ရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ အစ္စရေးကတော့ အမေရိကန်ရဲ့ လူ့အခွင့်အရေးကောင်စီက နုတ်ထွက်မှုအပေါ်  ချီးကျူးခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်နဲ့ ကောင်စီဟာ အမြဲတမ်းလိုလို ပဋိပက္ခတွေ ရှိနေခဲ့ပြီး ဘုရှ့်အစိုးရလက်ထက်တုန်းက လူ့အခွင့်အရေးကောင်စီကို ဆန်ကျင့်ဆန္ဒပြမှုတွေ ရှိခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာ အမေရိကန်သမ္မတရဲ့ အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် ဆောင်ရွက်နေသူ ဂွန်ဘိုလ်တန်ဟာလည်း ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီကို အပြင်းထန် ဝေဖန်ခဲ့ဖူးပါတယ်။ အမေရိကန်နိုင်ငံဟာ အိုဘားမား အစိုးရလက်ထက် ၂၀၀၉ ခုနှစ်မှာ လူ့အခွင့်အရေးကောင်စီကို ပြန်လည်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

Ref: bbc “US quits ‘biased’ UN human rights council”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top