ပိုက်ဆံကို မလိုအပ်ဘဲ အပိုမဖြုန်းမိအောင် ဘယ်လိုထိန်းချုပ်မလဲ

m2.jpg

ကိုယ့်စိတ်ကြိုက် ကုန်တိုက်ကိုရောက်တဲ့အခါ ပြန်ရောထွက်တတ်ရဲ့လား။ ပြန်ထွက်ရ အရမ်းခက်နေလား။ 😀 အို… အကုန်ဝယ်ပစ်လိုက်ချင်တာ ဆိုတဲ့ စိတ်ဆောင်မှုနောက်ကို တကောက်ကောက်လိုက်ပြီး ဝယ်ပြီးမှ

ကုန်ခဲ့တဲ့ ပိုက်ဆံတွေကို ပြန်နှမျောမိနေလား။ ငွေကို ကျစ်ကျစ်လစ်လစ်ပဲ သုံးဖို့ ဆန္ဒဖြစ်လာပြီလား။

ဒါဆို ပိုက်ဆံကို မလိုအပ်ဘဲအပိုမဖြုန်းမိအောင် ဘယ်လိုထိန်းချုပ်မလဲ ဆိုတဲ့ အဖြေကိုရှာပေးပါ့မယ်။

အကျင့်ဖြစ်နေကျ ဆန္ဒကို တောင့်ခံထိန်းချုပ်ရတာတော့ ခက်တယ်။ ဟုတ်တယ်။ သိပ်ခက်တယ်။ ဒါပေမဲ့ နည်းလမ်းကိုသိရင်တော့ လွယ်ကူမှာပါ။ ရိုက်စ် (Rice) တက္ကသိုလ်က သုတေသီတွေရဲ့ နည်းလမ်းလေးပါ။ စိတ်ကူးပေါက်သလို ပစ္စည်းဝယ်ချင်စိတ်ပေါက်လာတိုင်း ဦးနှောက်ကိုလှည့်စားတဲ့ Mind Game လေးတစ်ခု လုပ်ပေးရမှာပါ။

မိမိတွင် ဝယ်ယူပိုင်ဆိုင်ထားပြီးသော ပစ္စည်းပစ္စယတွေအကြောင်း ပြန်လည်တွေးပေးပါ။

ဒီအလေ့အကျင့်ကို လုပ်ပေးတဲ့အခါ ကဆုန်ပေါက်နေတဲ့ ငွေဖြုန်းမြင်းရိုင်းစိတ်ကို ၁၄ ရာခိုင်နှုန်းအထိ ချိုးနှိမ်သွားနိုင်မှာပါ။

မိမိရဲ့အိမ်မှာ ဝယ်ယူထားတဲ့ပစ္စည်းတွေဆီကို စိတ်နဲ့အလည်သွားပါ။ ၂မိနစ်စာလောက်ပါပဲ။ အိမ်မွာ ဘာတွေဝယ်ပြီးပြီလဲ။ ဆံပင်အခြောက်ခံစက် လား၊ မီးပူလား၊ အစားအသောက်တွေလား။ ၂မိနစ်အပြီးမှာ စိတ်ငြိမ်မှုရပါမယ်။ ထပ်ပြီး မေးခွန်းထုတ်ပါ။ ” ဒီပစ္စည်းကို တကယ်လိုအပ်ရဲ့လား” “ကုန်သွားမယ့်ပိုက်ဆံက တကယ်ကုန်ဖို့ထိုက်ရဲ့လား” ကဲ အဲဒီလောက်ဆို ချက်ချင်းဝယ်လိုက်ချင်စိတ်ကို တားပေးလိုက်ပါပြီ။

အသစ်ပေါ်တိုင်း ဝယ်ချင်စိတ်ကို ထိန်းချုပ်မှုမဲ့ချိန်မှာ အိမ်မှာ ပုံအောနေတဲ့ အရင်ပစ္စည်းအဟောင်းတွေအကြောင်းကို တွေးပြီး တကယ်လိုအပ်တဲ့ ပစ္စည်း ဟုတ်၊မဟုတ် ချင့်ချိန်လိုက်ရုံပါပဲ။ အသစ်အဆန်းလေးပေါ်ချိန် ဝယ်ချင်စိတ်ပေါက်လာတိုင်း ဒီအလေ့အကျင့်လေးကို ထပ်ခါထပ်ခါ လုပ်ပေးပါ။ စိတ်ဟာ အလေ့အကျင့်ပဲဆိုတာ နှလုံးသွင်းပေးပါ။ ငွေရေးကြေးရေး အဆင်ပြေကြပါစေ။

 

Ref: curiosity.com “This Simple Money Trick Could Help You Stop Overspending”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top