ဘုံဘိုင်ခေါင်းကရေကို သောက်ရင် ဘာဖြစ်မလဲ

35745622_182067979310400_3217736734489968640_o.jpg

ကျွန်တော်တို့အားလုံး ဒီအကြောင်းကို တွေးဖူးကြမှာပါ။ သွားတိုက်၊ ပလုတ်ကျင်းရင်းနဲ့ဖြစ်ဖြစ်၊ မျက်နှာသစ်၊ ခေါင်းရေလောင်းချိုးရင်းနဲ့ပဲဖြစ်ဖြစ် သောက်ရေမဟုတ်တဲ့ ရေချိုးခန်းထဲကရေကို မတော်တဆသောက်လိုက်မိတဲ့အခါမျိုးရှိပါတယ်။

မလိမ်ပါနဲ့။ အနည်းနဲ့အများတော့ မျိုချဖူးကြပါတယ်။

ဟုတ်ပါတယ်။ ဒီကိစ္စက နည်းနည်းတော့ရှုပ်ထွေးပါတယ်။

စဉ်းစားကြည့်ကြရအောင်။ ရေချိုးခန်းဘုံဘိုင်ခေါင်းက ကျလာတဲ့ရေတွေက ကျွန်တော်တို့အိမ်တွေရဲ့ ခေါင်းမိုးထပ်ရေစည်မှာ အချိန်အတိုင်းအတာတစ်ခုကြာ သိုလှောင်ထားတဲ့ရေတွေပါ။ ဟိုးရှေးတုန်းကဆောက်ထားတဲ့ အိမ်တွေမှာဆို အိမ်အောက်ကန်ကရေကို အပေါ်ကန်ဆီမောင်းတင်ဖို့ သတ္တုပိုက်လိုင်းတွေကို အသုံးပြုကြပါတယ်။ ဒီနေရာမှာသိထားဖို့က သတ္တုဓာတ်တွေကိုစုပ်ယူထားတဲ့ရေက အရမ်းအန္တရာယ်များတယ်ဆိုတာကိုပါ။ အထူးသဖြင့် ကလေးတွေနဲ့ မွေးကင်းစလေးတွေရဲ့ ကြီးထွားမှုကို တိုက်ရိုက်ထိခိုက်စေနိုင်ပါတယ်။

UK မှာဆို (၁၉၇၀) ခုနှစ်နောက်ပိုင်း တပ်ဆင်တဲ့ပိုက်လိုင်းတိုင်းကို သတ္တုပိုက်လိုင်းတွေအစား ကြေးနီနဲ့ ပလပ်စတစ်ပိုက်လိုင်းတွေကိုသာ အစားထိုးတပ်ဆင်ပါတော့တယ်။ ဆိုလိုတာကတော့ ဘုံဘိုင်ခေါင်းကရေတွေကို အရင်ကထက်ပိုပြီး စိတ်ချလက်ချ အသုံးပြုနိုင်ပြီဆိုတဲ့ သဘောပါ။

အခုနောက်ပိုင်းခေတ်နဲ့အညီ တည်ဆောက်လာတဲ့အိမ်တွေမှာ ကြေးနီပိုက်လိုင်းတွေကိုသာ ရွေးချယ်တပ်ဆင်အသုံးပြုမှု များပြားလာတယ်ဆိုပေမဲ့ ပိုက်လိုင်းအဆက်တွေကိုတော့ သတ္တုနဲ့ပဲ ဂဟေဆော်ပြီး ပြုလုပ်နေကြတုန်းပါ။

ပြီးခဲ့တဲ့နှစ်တုန်းကတော့ Watersafe နဲ့စပ်တူလုပ်ငန်းစုဖြစ်တဲ့ Scottish Water က သတ္တုပိုက်လိုင်းတွေကြောင့် ကျန်းမာရေးဆိုကျိုးတွေ ဘယ်လောက်ဖြစ်နိုင်လဲဆိုတာကိုသိရှိဖို့ လေ့လာချက်တစ်ခု ပြုလုပ်ခဲ့ပါတယ်။ နောက်ထပ် ဒေသခံလူတွေကိုလည်း ၎င်းတို့ရဲ့ဒေသန္တရ ရေပေးဝေမှုနဲ့ဆက်စပ်တဲ့ ကုမ္ပဏီတွေဆီသွားပြီး အိမ်တွေရဲ့ရေပေးဝေမှုစနစ်ကို သွားရောက်အကြုံပြုဆွေးနွေးကြဖို့ တိုက်တွန်းပေးခဲ့ပါတယ်။

Watersafe ရဲ့ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဂျူ လီ စပင်ခ့် (Julie Spinks) ဆိုသူက “အိမ်တွေရဲ့ပိုက်လိုင်းစနစ်နဲ့ပတ်သတ်လို့ကတော့ အိမ်ရှင်တွေမှာသာ တာဝန်ရှိတာပါ။ ဒါကြောင့်မို့လို့ ကိုယ့်အိမ်မှာ ဘယ်လိုပိုက်လိုင်းအမျိုးအစား အသုံးပြုထားတယ်ဆိုတာကို အချိန်နည်းနည်းလောက်ပေးပြီး စစ်ဆေးစေချင်ပါတယ်။ ပိုပြီးကျန်းမာတဲ့ဘဝမှာနေထိုင်နိုင်ဖို့ ရေချိုးခန်းနဲ့ မီးဖိုချောင်က သတ္တုပိုက်လိုင်းတွေအစား ကြေးနီနဲ့ ပလပ်စတစ်ပိုက်တွေကိုသာ အစားထိုးအသုံးပြူကြပါလို့ အကြံပြုချင်ပါတယ်” ဆိုပြီး ပြောကြားသွားပါတယ်။

တကယ်တော့ သတ္တုဓာတ်ကပဲ ပြဿနာကြီးတစ်ခုလိုမျိုး ပြောလို့မရပါဘူး။ ခေါင်မိုးထပ်မှာသိုလှောင်ထားတဲ့ ရေကန်ထဲကရေထဲမှာက ပိုးမွှားတွေနဲ့ ငှက်တွေရဲ့အညစ်အကြေးကြောင့် မသန့်ရှင်းမှုတွေအများကြီး ပါဝင်နေပြီးသားပါ။

ဒါကြောင့်မို့လို့ သွားတိုက်၊ မျက်နှာသစ်တိုင်း စိတ်အေးအေးနဲ့သစ်ချင်တယ်ဆိုရင်တော့ အနည်းဆုံး ပိုက်ခေါင်းထိပ်က အညစ်အကြေးတွေကို တုတ်လေးနဲ့ဖြစ်ဖြစ် ကလော်ပြီး မကြာခဏ သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။

Ref : Newsprepublic “Is it safe to drink water from bathroom tap”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top