မုန်တိုင်းကြောင့် ရေကြီးရေလျှံနေတုန်း သရက်ပင်ပေါ်မှာ မီးဖွားခဲ့ရတဲ့ အမျိုးသမီး

in1.jpg

မိုဇမ်ဘစ်နိုင်ငံ အလယ်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်း အီဒိုင်(Idai)တိုက်ခတ်လို့ ရေကြီးရေလျှံနေတုန်း အမျိုးသမီးတစ်ဦး သရက်ပင်ပေါ်မှာ မီးဖွားခဲ့ရပါတယ်။ ခင်ပွန်းမရှိဘဲ ကလေးတစ်ယောက် အမေဖြစ်နေတဲ့ အမ်မီလီယာဟာ (၂) နှစ်အရွယ် သားငယ်နဲ့အတူ သစ်ပင်ပေါ်တက်နေတုန်း ဆာရာဆိုတဲ့ သမီးငယ်ကို မွေးဖွားခဲ့တာပါ။

မုန်တိုင်းတိုက်ခတ်ပြီး နောက် (၂) ရက်အကြာမှာ ပတ်ဝန်းကျင်မှာ နေထိုင်သူတွေက သူတို့သားအမိကို ကယ်တင်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ (၁၉) နှစ်တုန်းကလည်း မိုဇမ်ဘစ်နိုင်ငံတောင်ပိုင်းမှာ ရေကြီးရေလျှံနေတုန်း အမျိုးသမီးတစ်ယောက် သစ်ပင်ပေါ်မှာ ကလေးမွေးခဲ့ရဖူးပါတယ်။ မာဘွေအန်ဂိုလို့ အမည်ရတဲ့ ဒီကလေးက အခုချိန်မှာ အသက် (၁၉) နှစ်အရွယ် ရှိနေပါပြီ။ အဲဒီအချိန်တုန်းက သူတို့သားအမိကို ရဟတ်ယာဉ်နဲ့ ကယ်ဆယ်ခဲ့ရပြီး အစိုးရက ပညာသင်စရိတ်ထောက်ပံ့ပေးမယ်၊ အမေရိကန်နိုင်ငံကို စရိတ်ငြိမ်း အလည်အပတ်ပို့ပေးမယ်လို့ ကတိပြုခဲ့ကြပေမဲ့ ပေးထားတဲ့ကတိတွေကို တကယ်မတည်ခဲ့ဘူးလို့ မာဘွေအန်ဂိုက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top