ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့ ဒေါ်လာဘီလျံချီတန်တဲ့ စံချိန်တင်ကွာရှင်းကြေး

105119757_jeffandmackenziebezos.jpg

ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာ ဂျက်ဖ်ဘီဇော့ဘ် ( Jeff Bezos ) ဟာ သူ့ရဲ့ဇနီးဖြစ်သူ မက်ကန်ဇီး (MacKenzie) နဲ့ ကွာရှင်းဖို့သဘောတူညီလိုက်ပြီး စံချိန်တင်ကွာရှင်းကြေးအနေနဲ့ အနည်းဆုံး အမေရိကန်ဒေါ်လာ (၃၅) ဘီလျံပေးအပ်သွားမယ်လို့ သိရပါတယ်။

သူတို့နှစ်ဦးဟာ ၁၉၉၄ ခုနှစ် (ဂျက်ဖ်ဘီဇော့ဘ် Amazon ကိုစတင်တည်ထောင်စဉ်ကာလ) ကတည်းကလက်တွဲခဲ့ကြတာဖြစ်ပြိး သားသမီး (၄) ဦးထွန်းကားခဲ့ပါတယ်

သူတို့နှစ်ဦးဟာ ၁၉၉၄ ခုနှစ် (ဂျက်ဖ်ဘီဇော့ဘ် Amazon ကိုစတင်တည်ထောင်စဉ်ကာလ) ကတည်းကလက်တွဲခဲ့ကြတာဖြစ်ပြိး သားသမီး (၄) ဦးထွန်းကားခဲ့ပါတယ်။ မစ္စ ဘီဇော့ဘ်က ဂျက်ဖ်နဲ့ အပြန်အလှန်ကူညီဖေးမရင်း လက်တွဲခဲ့တဲ့အခြေအနေကို အေးအေးဆေးဆေး အဆုံးသတ်နိုင်ခဲ့ကြောင်း အခုကွာရှင်းမှုအတွက်ရည်ရွယ်ပြီး တွစ်တာမှာရေးသားထားခဲ့ပါတယ်။

မစ္စ ဘီဇော့ဘ်အနေနဲ့ Amazon အွန်လိုင်းအရောင်းလုပ်ငန်းက သူ့ရဲ့အစုဝင်ရင်းနှီးမြုပ်နှံမှု (၄) ရာခိုင်နှုန်းကိုတော့ ဆက်လက်ပိုင်ဆိုင်နေမှာပါ။ ကွာရှင်းကြေးမပေးအပ်သေးခင်အချိန်တော့ ဂျက်ဖ်ဘီဇော့ဘ်ဟာ Amazon အွန်လိုင်းအရောင်းလုပ်ငန်းမှာ အစုဝင်ရင်းနှီးမြုပ်နှံမှု (၁၆.၃) ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားပါသေးတယ်။ သူ့အနေနဲ့ ဒီရင်းနှီးမြုပ်နှံမှုရဲ့ (၇၅) ရာခိုင်နှုန်းကိုဆက်လိုက်ထိန်းထားနိုင်မှာဖြစ်ပေမဲ့လည်း မစ္စ ဘီဇော့ဘ်ကတော့ သူ(မ) ရဲ့ အဆိုပြုခွင့်တွေကို ခင်ပွန်းဟောင်းဆီ အလုံးစုံလွှဲပြောင်းပေးခဲ့ပြီးပါပြီ။

အရောင်းငွေလည်ပတ်မှု အမေရိကန်ဒေါ်လာ (၂၃၂.၈) ဘီလျံထိရှိနေတဲ့ Amazon အွန်လိုင်းအရောင်းလုပ်ငန်းက ဂျက်ဖ်ဘီဇော့ဘ်မိသားစုရဲ့ကြွယ်ဝမှုကို အမေရိကန်ဒေါ်လာ (၁၃၁) ဘီလျံထိရှိလာစေခဲ့ကြောင်း Forbes မဂ္ဂဇင်းက ဖော်ပြထားပါတယ်။

ဂျက်ဖ်ဘီဇော့ဘ်ဟာ Fox TV ရဲ့ အစီအစဉ်တင်ဆက်သူ လောရန် ဆန်းချက် (Lauren Sánchez) နဲ့ လက်ရှိ တွဲနေ

ဂျက်ဖ်ဘီဇော့ဘ်ဟာ Fox TV ရဲ့ အစီအစဉ်တင်ဆက်သူ လောရန် ဆန်းချက် ( Lauren Sánchez ) နဲ့ လက်ရှိတွဲနေတာဖြစ်ပြီး သူ့ဇနီးနဲ့ ကွာရှင်းတော့မယ့်အကြောင်းကို ဇန်နဝါရီလမှာ ထုတ်ဖော်ကြေညာခဲ့စဉ်က မစ္စ ဆန်းချက်နဲ့ ခြေရှုပ်နေတဲ့ကိစ္စတွေကို US tabloid မဂ္ဂဇင်းက စာတိုအထောက်အထားတွေနဲ့တကွ အသေးစိတ်ဖော်ပြခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကတော့ ဂျက်ဖ်ဘီဇော့ဘ်က မဂ္ဂဇင်းထုတ်ဝေသူကို ဒီလိုဖော်ပြခဲ့မှုကြောင့် ငွေညှစ်ချင်သူလို့ စွပ်စွဲခဲ့ပါသေးတယ်။

၁၉၉၉ ခုနှစ်တုန်းက ပန်းချီကားကုန်သည် အလက်စ် ဝိုင်လ်ဒန်စတိန်း (Alec Wildenstein) က သူ့ဇနီး ဂျို့စ်လင်း (Jocelyn) ကို ကွာရှင်းကြေး ဒေါ်လာ (၃.၈) ဘီလျံပေးအပ်ခဲ့at the80th Grand Prix De L Arc De Triomphe In Paris. (Photo by Bertrand Rindoff Petroff/Getty Images)

အခုလိုမျိုး ကွာရှင်းကြေး ဒေါ်လာဘီလျံချီပေးတဲ့ဖြစ်ရပ်က အရင်ကလည်းရှိခဲ့ဖူးသေးပြီး အဲဒါကတော့ ၁၉၉၉ ခုနှစ်တုန်းက ပန်းချီကားကုန်သည် အလက်စ် ဝိုင်လ်ဒန်စတိန်း (
Alec Wildenstein) က သူ့ဇနီး ဂျို့စ်လင်း ( Jocelyn) ကို ကွာရှင်းကြေး ဒေါ်လာ (၃.၈) ဘီလျံပေးအပ်ခဲ့မှု ဖြစ်ပါတယ်။

Ref: BBC “Jeff Bezos: World’s richest man agrees $35bn divorce”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top