အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၁၈-၁၁-၂၀၁၈ မှ ၂၄-၁၁-၂၀၁၈ ရက်နေ့အထိ)

Bay-Din-4-Week-4-November.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

(၁၈-၁၁-၂၀၁၈ မှ ၂၄-၁၁-၂၀၁၈ ရက်နေ့အထိ) ရက်နေ့အထိ ခုနစ်ရက်စာ တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွင်း တနင်္ဂနွေသားသမီးတို့သည် စီးပွားရေးလုပ်ငန်းများတွင် လုပ်နေသော လုပ်ငန်းများသည် ရှေ့လည်းမတိုး၊ ကျလည်းမကျ ပုံမှန်တန်းသို့ရောက်ရှိလာပြီဖြစ်သည်။ နောက်တစ်ပတ်ခန့်အကြာမှ စကောင်းလာမည်။ လူယုံကို အထူးသတိထားရမည်။ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် အထူးသတိထား ရမည့်အချိန်အခါဖြစ်သည်။ ဆက်သွယ်ရေးနှင့်ဆိုင်သောလုပ်ငန်း၊ ခရီးသွားလုပ်ငန်းများကံကောင်းနေပြီး နိုင်ငံခြားဆေးတင်သွင်းသူများ ညံ့ပါသည်။ ကျန်းမာရေးအနေဖြင့် လေဖြတ်ထားသူများ သတိထားရန်လိုသည်။ အချစ်ရေးတွင် မိမိနှင့် သဘောထားတိုက်ဆိုင်သော ချစ်သူရရှိပါမည်။ အိမ်ထောင်ရှင်များမှာ ကံကောင်းပြီး သားသမီးရတနာရရှိမည်။ ကား၊ စက်ပစ္စည်းကိုအခြေခံသော ရန်ပေါ်တတ်သည်။ ပညာရေးကောင်းပါသည်။ ဝန်ထမ်းများ ကံကောင်းပါသည်။ ထီထိုးသင့်သည်။

အကျိုးပေးဂဏန်း – ၁ ၊ ၅၊ ၈။ ယတြာ – ကလေးများကို ချိုချဉ်ဝေပေးပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့သည် ရေလုပ်ငန်းများ၊ ဆက်သွယ်ရေးနှင့်ဆိုင်သည့်လုပ်ငန်း၊ စာအုပ်စာပေနှင့်ဆိုင်သောလုပ်ငန်း၊ကြော်ငြာလုပ်ငန်းများကြောင့် အမြတ်အစွန်းများရရှိမည့်အချိန်ဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းနှင့် မုန့်လုပ်ငန်းလုပ်သူများကတော့ ငွေကြေးကိစ္စများဖြင့် စိတ်မောနေရမည်။ အစုအစပ်လုပ်ကိုင်ထားသူများ အသင်းအဖွဲ့လုပ်ထားသူများ ဆက်လက် သတိထားပါ၊သဘောထား မတိုက်ဆိုင်သည့်ကိစ္စများဖြစ်မည်၊ကောက်ကျစ်ခြင်းများဖြစ်တတ်သည်။ အရိုးနှင့်ဆိုင်သောရောဂါ၊ကျောက်ကပ် ရောဂါတို့ကို သေချာစစ်ဆေးပြီး သတိထားရမည့် အချိန်ဖြစ်သည်။ဆေးရုံးဆေးခန်းရောက်မည်။ အချစ်ရေးတွင် ကံကောင်းလာပြီး အရေးပေးခံရမည်။ အိမ်ထောင်ရှင်များ ဘုရားဖူးခရီးထွက်သင့်သည်။ ကားဝင်မည်။ ဝန်ထမ်းများ ကံကောင်းနေပြီး အလုပ်တွင် ငွေဝင်ကောင်းမည်။

အကျိုးပေးဂဏန်း – ၃ ၊ ၄ ၊ ၅။ ယတြာ– ရဟန်းတစ်ပါးကို ငွေ ၂ ဂဏန်းလှူပေးပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတို့သည် စားသောက်ဆိုင်လုပ်ငန်း၊ တည်းခိုခန်း၊ ဟိုတယ်လုပ်ငန်းနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများအတွက် ကံကောင်းသည့်အချိန်ဖြစ်သည်။ ကျန်းမာရေးအနေဖြင့် မျက်လုံးရောဂါရှိသူများ သမားတော်နှင့်အသေအချာပြပါ။ သတိထားကုသပါ။ အချစ်ရေးတွင် အလွန်အဆင်ပြေနေမည့်ကာလတစ်ခုဖြစ်ပြီး စေ့စပ်ရလိမ့်မည်။ အိမ်ထောင်ရေးတွင်လည်း ရန်များငြိမ်းနေပြီး စိတ်ချမ်းသာရမည့်အချိန်ဖြစ်သည်။ ပညာရေးကျောင်းသားများ အပျော်ဘက်ကိုပါနေတတ်သည်။ တွက်စာကို ဦးစားပေးပါ။ ကား၊ စက်ပစ္စည်းဝင်မည်။ ဝန်ထမ်းများ အောက်လက်ငယ်သားကြောင့် ဒီတစ်ပတ် ပိုစိတ်ညစ်ရမည်။

အကျိုးပေးဂဏန်း – ၆ ၊ ၇ ၊ ၀။ ယတြာ – ငှက်ကလေးများကို အစာကျွေးပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့သည် စီးပွားရေးဆိုင်ရာ ကြိုးစားမှုများ အားလုံးအတွက် အရာထင်လာပြီဖြစ်သည်။ အနုပညာလုပ်ငန်းများတွင် ထင်ပေါ်လာမည်၊ မိမိအား အကြီးအကဲ၊ ခေါင်းဆောင် ရာထူးတစ်နေရာရာတွင် မဲခွဲဆုံးဖြတ်ချက်ဖြင့် တင်မြောက်ခြင်းခံရမည်။ ပြည်ပသို့ ယာယီခရီးများရှိပြီး အကူအညီရမည်။ ခရီးသွားများနေမည်၊ ခရီးသွားခြင်းက အကျိုးဖြစ်မည်။ အကြောရောဂါ၊ အဆုတ်ရောဂါရှိသူများ အထူးသတိပြုပါ။ အချစ်ရေးတွင် ကံကောင်းပါမည်။ အိမ်ထောင်ရေးတွင်လည်း သံသယများသည့် အိမ်ထောင်ရှင်ကြောင့် စောင့်ကြည့်ခြင်းခံရမည်။ ပညာရေးသမားများ ထင်တိုင်းမပေါက်ဖြစ်မည်။ ဝန်ထမ်းများ ကံကောင်းပါသည်။

ရာဟု။ ။ ရာဟု သားသမီးများ ကျန်းမာရေးတွင် အရက်ကြောင့် အသည်းထိခိုက်မည့်ကာလဖြစ်သည်၊ အထူး သတိပြုရန်လိုပါသည်။ အချစ်ရေးတွင် အပြိုင်အဆိုင်ဖြစ်နေပြီး အိမ်ထောင်ရေးကတော့ ကောင်းပါသည်။ စက်ပစ္စည်းတစ်ခုခုဖြင့် ထိမိ ခိုက်မိတတ်သဖြင့် သတိပြုပါ။

အကျိုးပေးဂဏန်း – ၄ ၊ ၁ ၊ ၆။ယတြာ – ရွက်လှပန်းများကို ဗုဒ္ဓဟူးနေ့တွင် ဘုရားတွင် သေချာလှူပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေးသားသမီးတို့၏ စီးပွားရေးသည် အောင်မြင်သည့် စီးပွားရေးဖြစ်နေမည်။ လုပ်ငန်းဆိုင်ရာ ငွေကြေးများကိုသတိထား သုံးစွဲပါ။ စပါး၊ ဂျုံ စသည့်လယ်ယာထွက်ကုန်များ ကောင်းပါသည်။ ရတနာပစ္စည်းရောင်းဝယ်သူများ၊ လုပ်ငန်းလုပ်ဆောင်ရာတွင် ငွေကြေးကိုအထူးသတိထားပါ။ သတ္တုတူးဖော်သော လုပ်ငန်းများနှင့် ရေနံထွက်ပစ္စည်းများတွင် အောင်မြင်မည်။ ကျန်းမာရေးအနေဖြင့် ဦးခေါင်းနှင့်ဆိုင်သောရောဂါများသတိပြုပါ။ အချစ်ရေးအနေနှင့် လက်ထပ်ရန်အကြောင်းပေါ်နေပြီး သဘောမတူသဖြင့် စိတ်ညစ်နေရမည်။ အိမ်ထောင်ရှင်များ အေးဆေးဖြစ်နေမည်။ ကား၊ စက်ပစ္စည်းများဝင်မည်။ ပညာရေးကောင်းသည်၊ ဝန်ထမ်းများအနေဖြင့် မိမိနှင့်မဆိုင်သည့် လုပ်ငန်းများတွင် ပါဝင်နေရတတ်သည်။

အကျိုးပေးဂဏန်း – ၅ ၊ ၃ ၊ ၀။ ယတြာ – ပေါင်မုန့်များကို လေလွင့်ခွေးများအား ကျွေးပြီး လိုရာဆုတောင်းပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့သည် စီးပွားရေးမှာပုံမှန်ဖြစ်နေမည်။ စားသောက်ဆိုင်လုပ်ငန်း၊ အကျိုးဆောင်လုပ်ငန်းများ ကံကောင်းနေမည်၊ အကြီးအကဲ၏ အကူအညီဖြင့် လုပ်ငန်းတိုးချဲရလိမ့်မည်။ ဆောက်လုပ်ရေး လုပ်ငန်းလုပ်သူများ၊ ငွေကြေးထုတ်မရသဖြင့် ဝန်ထမ်းများနှင့်ဗျာများနေရမည့်အချိန်ဖြစ်ပြီး အကြွေးတင်နိုင်သည်။ နိုင်ငံခြားကုန်သွယ်သူများ ကံပြန်ကောင်းလာပါပ်ြီ။ အစာအိမ် ရောဂါရှိသူများဆက်သတိထားပါ၊ အချစ်ရေး ကံကောင်းသော်လည်း လက်ထပ်ရန် အချိန်စောင့်ရမည်။ အိမ်ထောင်ရေးကံကောင်းပါသည်။ အထူးသဖြင့် ပြည်ပမှ ဆေးပစ္စည်းတင်သွင်းသူများနှင့် ဆရာဝန်များ အထူးသတိပြုရမည့်အချိန်ဖြစ်သည်။ အစိုးရလက်နက်ကိုင်ဝန်ထမ်းများ အရေးပေါ်ကိစ္စများနှင့် အထူးစစ်ဆင်ရေးများတွင် ပါဝင်ရမည်။

အကျိုးပေးဂဏန်း – ၇ ၊ ၄ ၊ ၂။ ယတြာ – နွမ်းပါးသူကို ထမင်း၊ ဟင်း ဝယ်ကျွေးလိုက်ပါ။

စနေ

စနေသားသမီးတို့သည် ယခုအပါတ်အတွင် စီးပွားရေးလုပ်ငန်းများ အောင်မြင်နေမည်။ အောင်မြင်ခြင်းကို သေချာထိန်းသိမ်းပါ။ ယခုအပတ်သည်လည်း စနေသားသမီးတို့ ရည်မှန်းချက်များ ဆက်တိုက် အောင်မြင်သည့်ကာလဖြစ်သည်။ လုပ်ငန်းသစ်၊ တိုးချဲ့ဆောင်ရွက်ပါက အထူးကောင်းသည်။ ဝန်ထမ်းကောင်းများ မိမိထံရောက်လာမည့်အချိန်ဖြစ်သည်။ ကံကောင်းသောအချိန်ဖြစ်သည်။ သတ္တုလုပ်ငန်းကတော့ အနည်းငယ်ညံ့ပါသည်။ ကျန်းမာရေးအနေဖြင့် အသည်း၊ ၊ကျောက်ကပ် ရောဂါရှိသူများ အထူးသတိပြုရမည်။ အချစ်ရေးတွင် ကံကောင်းပြီး အဆင်ပြေမည်။ အိမ်ထောင်သည်များလည်း အဆင်ပြေနေပြီး အဝေးဆွေမျိုးများထံမှ အထောက်အပံ့များရရှိမည်။ အလုပ်အကိုင်နှင့် ပတ်သက်သည့် စာမေးပွဲဖြေဆိုထားသူများ စာမေးပွဲအောင်မည်။ ကား၊မြေ၊ အိမ်များဝင်ရောက်လာမည်။ ဝန်ထမ်းများ ငွေရွှင်သောအချိန်ဖြစ်ပါမည်၊ ကံကောင်းနေပါသည်။

အကျိုးပေးဂဏန်း – ၇ ၊ ၉၊ ၀။ ယတြာ – လူအများကို ရေသန့်များလှူပေးပါ။

ဆရာကင်္ကသူ (ရိုးရာလေး)

Ph.D

Membership Of (H.A.P.R.I)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top