အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၂၃-၁၂-၂၀၁၈ မှ ၂၉-၁၂-၂၀၁၈ ရက်နေ့အထိ)

Bay-Din-4-Week-4-December.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

(၂၃-၁၂-၂၀၁၈ မှ ၂၉-၁၂-၂၀၁၈ ရက်နေ့အထိ) ရက်နေ့အထိ ခုနစ်ရက်စာ တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်တွင် စိတ်ပျော်ရွှင်မှု၊ စိတ်လန်းဆန်းမှုများနှင့် လွတ်လပ်ပျော်ရွှင်သော ခရီးလမ်းတစ်ခု သွားဖြစ်မည်။ စီးပွားရေးမှာ အရင်ကထက် ပိုကောင်းလာပြီဖြစ်သည်။ ရတနာလုပ်ငန်း လုပ်ကိုင်သူများ အလိမ်ခံရတတ်သဖြင့် သတိပြုပါ။ အစုရှယ်ယာလုပ်နေသူများအဖို့တော့ အထင်မြင်လွဲစရာတစ်ခုနှင့် ပြစ်တင်ခံရမှု တစ်ခုတော့ကြုံတွေ့ရမည်။ ငယ်ရွယ်သူများအဖို့ ချစ်သူ ၂ ဦး တစ်ပြိုင်နက် ပေါ်လိမ့်မည်။ မိဘနှင့်အတူနေ အိမ်ထောင်ရှင်များ အိမ်ခွဲရန်အကြောင်းဖြစ်လာမည်။ ပြောင်းရွှေ့ မှု နှင့် ပြောင်းလဲမှုတစ်ခု မုချ ဖြစ်လာမည်။ ခါးနာသောဝေဒနာအား အထူးဂရုစိုက်ပါ။ ငွေချေးလိုက်ပါက ပြန်မရနိုင်တော့ပါ။ ဝန်ထမ်းများ အထက်လူကြီး အပြောင်းအလဲကြောင့်အလုပ်များနေမည်။

အကျိုးပေးဂဏန်း – ၁ ၊ ၆ ၊ ၈။ ယတြာ – တနင်္ဂနွေ နေ့ တွင် ရဟန်းတစ်ပါးအား ငွေ (၉၀၀) လှူပါ။

တနင်္လာ

ယခုအပတ်တွင် ပျော်ရွှင်စရာများ ဝမ်းသာစရာ များနှင့် ကြုံတွေ့ရမည်။ ဘာသာရေးနှင့်ဆိုင်သော ခရီးများ သွားနေရမည်။ စီးပွားရေးလုပ်ငန်းတွင် လိမ်ညာနေသော ရှယ်ယာရှင်နှင့် တွေ့လိမ့်မည်။ ရည်ရွယ်တာ တစ်မျိုး လုပ်နေတာက တစ်မျိုး ဖြစ်နေရတတ်သည်။ ကုန်သွယ်ရေးလုပ်ငန်းလုပ်သူများနှင့် ကားပစ္စည်းလုပ်ကိုင်သူများ အရောင်းအဝယ် အေးနေလိမ့်မည်။ ကျန်းမာရေးကတော့ အစာအိမ်ရောဂါ ဖြစ်တတ်သည်။ သူများကိစ္စအာမခံပါက ထိုကိစ္စအတွက် အလုပ်ရှုပ်နေရမည်။ ကား၊စက်ပစ္စည်းတစ်ခုအတွက် ရင်မောရတတ်သည်။ ထီစပ်ထိုးပါ။ သင်ပေါက်ပါလိမ့်မည်။ အချစ်ရေးတွင် ချစ်သူနှင့် အဆင်မပြေဖြစ်နေလိမ့်မည်။ အိမ်ထောင်သည်များ ရန်ရှိသည်။ ဝန်ထမ်းများ သင်တန်းတစ်ခုတက်ရလိမ့်မည်။

အကျိုးပေးဂဏန်း – ၅ ၊ ၆ ၊ ၈။ ယတြာ – ငါးအရှင်(သို့) ငှက်အရှင် လွှတ်ပါ။

အင်္ဂါ

ယခုအပတ်တွင် စီးပွားရေးလုပ်ငန်းတွင် အတိုက်အခံများရှိနေပြီး အတော်လေးကြိုးစားမှသာ အခက်အခဲ ကြားမှ အောင်မြင်ခြင်းများရမည်။ ငွေကြေးဆိုင်ရာ ညှိနှိုင်းမရသောကိစ္စ ပြေလည်မှုရမည်။ လုပ်ငန်းသစ်၊ပညာသစ် ကြုံလာတော့မည်။ အောင်မြင်မှုတွေလည်း ဆက်တိုက်ရပါမည်။ သိပ္ပံပညာဆိုင်ရာ စွန့်စားမှု နှင့် စူးစမ်းမှုများကြောင့် ဂုဏ်ပြုခံရမည်။အောင်မြင်မှု့ရမည်။ အချစ်ရေးတွင် တိတ်တိတ်ပုန်း အချစ်တစ်ခုက ရုတ်တရက် ထင်ပေါ်ကျော်ကြားလာလိမ့်မည်။ လျို့ဝှက်ချက် နှင့် လူမသိစေရန် ဖုန်းကွယ်ထားခြင်းများ ပေါ်ပေါက်လာတတ်၍ ဂရုစိုက်ပါ။ စက်ပစ္စည်း၊ ယာဉ်၊ မြေ ပြောင်းလဲမှု့ ရောင်းဝယ်မှုတွေဖြစ်လာမည်။ အိမ်ထောင်သည်များ အဆင်ပြေမည်။ ဝန်ထမ်းများ အဆင်ပြေသောကာလဖြစ်မည်။

အကျိုးပေးဂဏန်း – ၃ ၊ ၆ ၊ ၉။ ယတြာ – အင်္ဂါနေ့ နံနက်တွင် ဆွမ်းလောင်းပါ။

ဗုဒ္ဓဟူး

ယခုအပတ်တွင် လှုပ်ရှားမှု၊သွားလာမှု ပြောင်းလဲမှုတိုးတက်မှု များရှိမည်။ ငွေဝင်နည်းပြီး ငွေထွက် ကြမ်းမည့် အခြေအနေနှင့် ရင်ဆိုင်နေရမည်၊အလုပ်ကိစ္စများအတွက် ဝန်ထမ်းသစ်များခေါ်ယူရမည်။ ငွေစုလို့မရပါ။ ရှယ်ယာစကားပြောရာတွင် စကားပြောအထူးဆင်ခြင်ပါ။ ယခုအပတ်တွင် ဒေါသကြီးနေတတ်ပြီး ထိုဒေါသကြောင့် လုပ်ငန်းနှောင့်နှေးတတ်သည်။ ဆွေမျိုးအကြီးအကဲ၏ မြှောက်စားခြင်း ခံရမည်။ ကျန်းမာရေးအတွက် ဆီးချိုဝေဒနာရှင်များ ဂရုစိုက်ပါ။ စက်ပစ္စည်း ထွက်မည်။ကတိမတည် ၊ သစ္စာမရှိသော သူတစ်ချို့ နှင့် တွေ့ ပြီးအလိမ်ခံရတတ်သည်။ သူတစ်ပါး အရှုပ် ကိုယ့်အရှုပ် ဖြစ်တတ်ပါတယ်။ အချစ်ရေးတွင် အချစ်သစ်တွေ့တတ်သည်။ အိမ်ထောင်ရေးကောင်းပါသည်။ ဝန်ထမ်းများ အလုပ်ပိနေတတ်သည်။

ရာဟု။ ။ရာဟုသားသမီးများအတွက် နှစ်သစ်ကူးလက်ဆောင်အဖြစ် ချစ်အဖြေရတတ်သည်။ အလုပ်အကိုင်များတွင် သတိထားလုပ်ကိုင်ပါ၊ရန်ရှိသည်။ အရက်သောက်ခြင်းဖြင့် ရောဂါရတတ်သည်။

အကျိုးပေးဂဏန်း – ၄ ၊ ၇ ၊ ၉။ ယတြာ – ဗုဒ္ဓဟူးနေ့နံနက်တွင် ခွေး၊ကြောင် များအား ကုသိုလ်ပြုပါ။

ကြာသပတေး

ယခုအပတ်တွင် မသေချာမရေရာသော လုပ်ငန်းများမှ ပီပြင်တိကျမှုရှိသောလုပ်ငန်းများသို့ ပြောင်းလဲခြင်းကို တွေရမည်။ မိမိကိုယ်တိုင် လွတ်လပ်စွာ ကိုယ်ပိုင် လုပ်ကိုင်မှုဖြင့် အောင်မြင်မှု ရလိမ့်မည်။လုပ်ငန်းအတွက် နိုင်ငံခြားခရီး ယာယီသွားဖြစ်မည်။ လုပ်ငန်းနှင့်ပတ်သက်သော စီမံကိန်းအရှုပ်အရှင်းတစ်ခုကို ဦးဆောင် ဖြေရှင်းရမည်။ ထီပေါက်ခြင်း၊ အမွေရခြင်း၊ မြေရောင်းခြင်းတို့ တစ်ခုခုကြောင့် ငွေစုလိုက် ပြုံလိုက်ဝင်လာမည်။ ချစ်သူရှိသူများ အမြန်ဆုံးလက်ထပ်ရတော့မည်။ အိမ်ထောင်ရှင်များ သံသယများနေတတ်သည်။ မျက်လုံးဝေဒနာဖြစ်တတ်သည်၊ ဂရုစိုက်ပါ။ ဝန်ထမ်းများ နေရာအပြောင်းအရွေ့ရှိပါသည်။

အကျိုးပေးဂဏန်း – ၅ ၊ ၆ ၊ ၈။ ယတြာ – နွမ်းပါးသူကို အဝတ်အထည်များ လှူဒန်းလိုက်ပါ။

သောကြာ

ယခုအပတ်တွင် မိမိလုပ်ကိုင်ရသော အလုပ်တွင် တဇွတ်ထိုး လုပ်ကိုင်မှု၊ တယူသန် စိတ်ထားရှိမှု ဖြင့် လုပ်ဆောင်မှုများ အထူးဆင်ခြင်ပါ။ သင်သည် လျို့ဝှက်စွာလုပ်ကိုင်ရသော လုပ်ငန်းကို လုပ်ကိုင်သူဖြစ်ပါက အထူးသတိထားပါ။ ဖြစ်စဉ်တိုင်းအတွက် အထူးသတိထားဆုံးဖြတ်ပါ။ သင့်ရဲ့ စိတ်ကိုထိန်းပါ။ မစဉ်းစားဘဲ လုပ်ဆောင်ပါက မှားယွင်းမှု နှင့် လွဲချော်မှု ဖြစ်တတ်ပါသည်။ထိုအတွက် တာဝန်ခံရတတ်သည်။ ချစ်သူများ ရုတ်တရက် အိမ်ထောင်ကျမည်။ အိမ်ထောင်သည်များ တစ်နယ်စီခွဲနေရတတ်သည်။ စက်ပစ္စည်း ဝင်ခြင်း၊ ထွက်ခြင်းတို့ဖြစ်တတ်သည်။ ဝန်ထမ်းများ အထက်အလူကြီးနှင့် အဆင်မပြေဖြစ်တတ်သည်၊သတိပြုပါ။

အကျိုးပေးဂဏန်း – ၁ ၊ ၆ ၊ ၈။ ယတြာ – သောကြာနေ့ နံနက်တွင် ရဟန်းတစ်ပါးအား ငွေ(၆၀၀) ကျပ်လှူပါ။

စနေ

ယခုအပတ်တွင် စီးပွားရေးဆိုင်ရာ ရည်ရွယ်ချက်များ ရည်မှန်းချက်များ အကောင်အထည် ဖော်ဖြစ်မည်။ ရည်ရွယ်ချက်တူသူနှင့် စပ်တူစီးပွားရေးထူထောင် ဖြစ်လာမည်။ ကောင်းသောစီးပွားရေးလုပ်ငန်းဖြစ်သည်။ မိတ်ဆွေ အပေါင်းအသင်းတို့၏အကူအညီ ရလိမ့်မည်။ စုပေါင်း စပ်ပေါင်း အလုပ်များ လုပ်ရမည်။ အချစ်ရေးတွင် ညံ့သဖြင့် ချစ်သူနှင့် အဆင်မပြေဖြစ်မည်။ အိမ်ထောင်သည်တို့အဆင်ပြေမည်။ ဆိုင်ဖွင့်ထားသူများ ဝင်ငွေကောင်းလာမည်။ ယာဉ် အပြောင်းအလဲ ဖြစ်မည်။ မျက်လုံးရောဂါသတိပြုပါ။ ထီထိုးပါ ထီပေါက်နိုင်သည်။ ဝန်ထမ်းများ မိမိထက် တစ်ဆင့်ငယ်သောသူကြောင့် စိတ်ညစ်ရလိမ့်မည်။

အကျိုးပေးဂဏန်း – ၇ ၊ ၀ ၊ ၄။ ယတြာ – စနေနေ့ နံနက်တွင် ငှက်လွတ်ပြီး လိုရာဆုတောင်းပါ။

ဆရာကင်္ကသူ (ရိုးရာလေး)

Ph.D

Membership Of (H.A.P.R.I)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top