အင်တာနက်လိုင်းတွေ ပျောက်ကွယ်သွားရင်

i1.jpg

ကျွန်မတို့တွေအားလုံး သတင်းအချက်အလက်တွေကို လျင်လျင်မြန်မြန်နဲ့ အလွယ်တကူသိနိုင်တဲ့ခေတ်ကြီးမှာနေရတာ အင်တာနက်ကြောင့် ဖြစ်ပါတယ်။ အင်တာနက်ဟာ ကျွန်မတို့ဘဝမှာ အရေးကြီးပြီး ဘက်ပေါင်းစုံမှ အရေးပါလာသလို အင်တာနက်မရှိဘဲနေရမဲ့ ဘဝကိုစိတ်ကူးဖို့ မဖြစ်နိုင်သလောက်ပါပဲ။ အင်တာနက်လိုင်းတွေ တစ်နာရီလောက်ပဲ ပြတ်တောက်သွားရင် ဘယ်လိုဖြစ်သွားမလဲဆိုတာကို ကြည့်ခြင်းဖြင့် အင်တာနက်လိုင်းတွေ အရေးကြီး မကြီးကို ဆုံးဖြတ်နိုင်ပါတယ်။

အင်တာနက်လိုင်းတွေဟာ လူမှုအဖွဲ့အစည်းမှာ အလွန်အသုံးဝင်သလို ကျွန်မတို့ဘဝတွေရဲ့ရှုထောင့်အားလုံးနီးပါးဟာ အင်တာနက်လိုင်းတွေနဲ့ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဆက်နွယ်နေပါတယ်။ ကဲ… ဒီတော့ အင်တာနက်လိုင်းတွေ ရုတ်တရက်ပြတ်တောက်သွားခဲ့ရင် ကျွန်မတို့အပေါ် ဘယ်လိုသက်ရောက်မှုမျိုးတွေ ဖြစ်လာနိုင်လဲ ကြည့်လိုက်ကြရအောင်

လူသန်းပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်သွားနိုင်ပါတယ်
၂၀ ရာစုလောက်ထိ ဆိုရှယ်မီဒီယာမန်နေဂျာဆိုတဲ့ အလုပ်မျိုးဟာ မရှိသေးပါဘူး။ အင်တာနက်ကြောင့်ပဲ ဒီလိုအလုပ်အကိုင်တွေများစွာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အင်တာနက်ဟာ သန်းပေါင်းများစွာသော အလုပ်အကိုင်တွေရဲ့ပင်မ အရင်းမြစ်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းအချို့ဟာလည်း အင်တာနက်ပေါ်မှာ လုံးဝမှီခိုနေရတာ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ အင်တာနက်လိုင်းတွေသာ ပြတ်တောက်သွားခဲ့ရင် အသက်မွေးဝမ်းကြောင်းပြုဖို့ လက်မှုပညာတွေ၊ အရောင်းအဝယ်တွေ မတတ်တဲ့သူဆိုရင် အလုပ်လက်မဲ့ဖြစ်သွားနိုင်ပါတယ်။ YouTube နဲ့ တခြားဆိုရှယ်မီဒီယာတွေပေါ်က နာမည်ကြီးတွေအတွက်လည်း ဝင်ငွေရှာရအခက်အခဲ ရှိလာနိုင်ပါတယ်။

ဘဏ်စနစ်တွေ ပြိုပျက်သွားနိုင်ပါတယ်
လွန်ခဲ့တဲ့ဆယ်စုနှစ်လောက်ကဆို အင်တာနက်အသုံးပြုရတဲ့ဘဏ်စနစ်တွေ မရှိသေးပါဘူး။ အချိန်တိုအတွင်းမှာ ငွေလွှဲတာရော ငွေအပ်တာကိုပါ အင်တာနက်ကြောင့် ကိုယ်တိုင်ပြုလုပ်လို့ရပါတယ်။ အင်တာနက်လိုင်းသာ ရုတ်တရက်ပြတ်တောက်သွားတယ်ဆိုရင် ဘဏ်စနစ်တစ်ခုလုံး ပိတ်သွားမှာဖြစ်ပြီး အရင်လိုအချိန်တွေ အများကြီးပေးရတဲ့ အခြေအနေကို ပြန်ရောက်သွားမှာ ဖြစ်ပါတယ်။

e-commerce နဲ့ အွန်လိုင်းရှော့ပင်းတွေ ပျက်သုဉ်းသွားနိုင်ပါတယ်
amazon, Alibaba, eBay တို့လိုမျိုး e-commerce တွေဟာ ကျွန်မတို့ရဲ့လက်ရှိ လူမှုနယ်ပယ်မှာ အများကြီးအကူအညီဖြစ်စေပါတယ်။ e-commerce တွေဟာလည်း အင်တာနက်နဲ့ပဲ အလုပ်လုပ်တာဖြစ်ပါတယ်။ e-commerce ကိုသုံးပြီး ပစ္စည်းအမျိုးအစားတွေ အများကြီးကို နှိုင်းယှဉ်ရွေးချယ်နိုင်ပြီးတော့ ဈေးဝယ်ထွက်နိုင်ပါတယ်။ အင်တာနက်မရှိရင်တော့ တစ်ကမ္ဘာလုံးဟာ အရင်လိုပဲ ဈေးဝယ်စင်တာတွေကိုသွားပြီး ဘယ်ကုန်ပစ္စည်းပိုကောင်းလဲလိုက်ကြည့်ရင်း အချိန်တွေအများကြီးပေးရပါလိမ့်မယ်။

သတင်းအချက်အလက်တွေ သိရှိနိုင်တဲ့ခေတ်ကြီးကုန်သွားပါလိမ့်မယ်
ကျွန်မတို့အားလုံးအတွက် သတင်းအချက်အလက်တွေ လဲလှယ်သိရှိနိုင်အောင်လည်း အင်တာနက်က လုပ်ဆောင်ပေးပါတယ်။ အင်တာနက်နဲ့ တခြားဆိုရှယ်မီဒီယာတွေကြောင့် ဖုန်းတွေကိုလက်လေးနဲ့ ပွတ်လိုက်တာနဲ့တင် သတင်းအချက်အလက်တွေကို မှန်မှန်ကန်ကန် သိရှိနိုင်ပါတယ်။ အင်တာနက်လိုင်းတွေ မရှိတော့ရင်တော့ သတင်းအချက်အလက်တွေလည်း ရှာဖွေလို့ရတော့မှာ မဟုတ်သလို တစ်ခုခုသိချင်ပြီဆိုရင် စာအုပ်တွေကို လှန်လှောပြီး ရှာဖွေရမှာ ဖြစ်ပါတယ်။

Ref: www.blinkd.io “What would happen to us if the internet dies suddenly”
Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top