“အချိန်မြန်ဆန် အားသွင်းမြန်” တဲ့ A series အသစ် OPPO A78 ကို စတင် မိတ်ဆက်

17.8.23-yyl-4.jpg

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်တဲ့ OPPO ဟာ “အချိန်မြန်ဆန် အားသွင်းမြန်” ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ OPPO A78 ကို သြဂုတ် ၁၆ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Official Unboxing Launch ကနေ တစ်ဆင့် မြန်မာနိုင်ငံဈေးကွက်မှာ ၈၄၉,၉၀၀ ကျပ်နဲ့ စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ OPPO A 78 မှာ အချိန်မြန်မြန်နဲ့ အားသွင်းမြန်စေမဲ့ 67W SUPERVOOCTM နဲ့ 5000 mAh ဘက်ထရီ ပါဝင်လာမှာဖြစ်ပြီး Aqua Green နဲ့ Mist Black ဆိုပြီး အရောင် နှစ်ရောင် ရွေးချယ်ဝယ်ယူ နိုင်မှာဖြစ်ပါတယ်။

OPPO A78 ကို သြဂုတ်လ (၁၆) ရက်နေ့ကနေ ၂၀ ရက်နေ့အထိ Pre-order စတင်မှာယူနိုင်မှာဖြစ်ပြီး အထူးလက်ဆောင်အနေနဲ့ 20,000 mAh Power Bankကို ရရှိမှာဖြစ်ပါတယ်။ ဒီ OPPO A78 Official Launch Event မှာတော့ OPPO ရဲ့ Brand Ambassador ဖြစ်တဲ့ အကယ်ဒမီ ခင်ဝင့်ဝါနဲ့ OPPO ရဲ့ Product Ambassador ဖြစ်တဲ့ လွှမ်းပိုင်တို့ ပါဝင်တက်‌ရောက်ခဲ့ပြီး OPPO A78 နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေ ဆွေးနွေးခဲ့ကြကာ စိတ်လှုပ်ရှားဖွယ်အစီအစဥ်များစွာ ပြုလုပ်ခဲ့ကြပါတယ်။

အချိန်မြန်ဆန် အားသွင်းမြန် 67W SUPERVOOC နဲ့ 5000 mAh ဘက်ထရီ
OPPO A78 မှာ အချိန်ကုန်သက်သာပြီး အားသွင်းမြန်ဆန်စေမဲ့ 67W SUPERVOOC အမြန်အားသွင်းစနစ် ပါဝင် ထည့်သွင်းထားပြီး အားအပြည့်သွင်းနိုင်ဖို့ အချိန် ၄၅ မိနစ်ပဲလိုအပ်မှာဖြစ်တဲ့အတွက် နေ့စဥ် ဖုန်းအားသွင်းဖို့ အချိန်များစွာ မကုန်တော့ပဲ စိတ်တိုင်းကျ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ဒ့အပြင် ဖုန်းအား ဘက်ထရီအနေနဲ့ ကြာရှည်ခံမဲ့ ကြီးမားတဲ့ 5000 mAh ဘက်ထရီ ထည့်သွင်းပေးထားလို့ ပုံမှန်အသုံးပြုသူတွေအတွက်ဆိုရင် နှစ်ရက်စာ လုံလောက်တဲ့ ဘက်ထရီ သုံးစွဲမှုကို ပံ့ပိုးပေးသွားဦးမှာပါ။ ဒါကြောင့်မို့ ဖုန်းအားသွင်းဖို့ အချိန်မကြာချင်တဲ့သူတွေ၊ ဖုန်းကို တစ်နေကုန် အသုံးပြုနေတတ်တဲ့သူတွေ၊ ညဘက်ဖုန်းအားသွင့်ဖို့ မေ့နေလို့ မနက်ကျမှ မျက်နှာသစ်၊ ရေချိုးရင်း အမြန် ဖုန်းအားသွင်းချင်သူတွေအတွက် အချိန်တိုအတွင်းမှာပဲ ဖုန်းအားသွင်းနိုင်မှာဖြစ်သလို ဘတ်ထရီလဲ ကြာရှည် အသုံးခံမှာဖြစ်ပါတယ်။ OPPO A78 ကို ရွေးချယ်သူတိုင်းအတွက် အခြား အားသာချက်တစ်ခုအနေနဲ့ ဘက်ထရီသက်တမ်းကို ၂ ဆ ကြာရှည်ခံစေမှာဖြစ်တဲ့ Battery Health Engine စနစ်ပါဝင်လာဦးမှာဖြစ်ပြီး သာမန် ဖုန်းများထက် အသုံးပြုမှု သက်တမ်း ၂ ဆ ပိုမိုကြာရှည် အသုံးပြုနိုင်မှာ ဖြစ်ပြီး ၄ နှစ်ကြာ သုံးပြီးရင်တောင် ဘက်ထရီအား ၈၀ ရာခိုင်နှုန်း ကျန်နိုင်ဦးမှာ ဖြစ်ပါတယ်။

Storage နဲ့ Multimedia သုံးစွဲမှု အတွေ့အကြုံ
OPPO A78 မှာ Storage အနေနဲ့ RAM 8 GB ကို နောက်ထပ် 8 GB တိုးချဲ့ ထည့်သွင်း အသုံးပြုနိုင်တဲ့အတွက် 16GB လုတ်ဆောင်မှုကိုပေးစွမ်းနိုင်မှာဖြစ်ပြီး ROM အနေနဲ့ 256 GB ပါဝင်လာမှာ ဖြစ်တဲ့အတွက် RAM နဲ့ ROM သုံးစွဲမှု ပိုမိုလိုအပ်တဲ့သူတွေအတွက် အသုံးတည့်မဲ့ ဖုန်းတစ်လုံးဖြစ်လာမှာပါ။ ဒီအပြင် OPPO A78 မှာ Qualcomm Snapdragon 680 ကို အသုံးပြုထားတဲ့အတွက် ဖုန်းအားကုန်တာကို သက်သာစေမဲ့အပြင် ဖုန်းသုံးစွဲ လျင်မြန် ချောမွေ့ကာ Application များ ကို ပိုမို ပေါ့ပါးစွာ အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။ OPPO A78 မှာ ColorOS 13.1 ကို အသုံးပြုထားပြီး ထူးခြားချက်တစ်ခုအနေနဲ့ အခြား App များအသုံးပြုနေရင်း ဖုန်းရဲ့နောက်ခံမှာ YouTube သီချင်းများကို တိုက်ရိုက်ကြည့်ရှုနားဆင်နိုင်မဲ့ Background Stream လုပ်ဆောင်ချက် ပါဝင်လာတဲ့အတွက် ပိုမိုကောင်းမွန်တဲ့ Multi Media သုံးစွဲမှု အတွေ့အကြုံကို ပေးစွမ်းမှာပဲ ဖြစ်ပါတယ်။

ပိုမိုကောင်းမွန်ပြီး လျင်မြန်ချောမွေ့တဲ့ ဖုန်းမျက်နှာပြင် အတွေ့အကြုံ
OPPO A78 မှာ 90 Hz AMOLED Punch-hole Display အသုံးပြုထားတဲ့အတွက် ပိုမိုတောက်ပ ကြည်လင်ပြီး လျင်မြန် ချောမွေ့တဲ့ ကြည့်ရှုခံစားမှုအတွေ့အကြုံကို ရရှိစေမှာဖြစ်တဲ့အတွက် ဗီဒီယိုတွေ ကြည့်တဲ့အခါမှာပဲဖြစ်ဖြစ်၊ ဖုန်းသုံးစွဲတဲ့အခါမှာဖြစ်ဖြစ် ပိုမိုကောင်းမွန်တဲ့ ရုပ်ထွက်အရည်အသွေးကို ရရှိခံစားနိုင်မှာပါ။ AMOLED Display အသုံးပြုထားမှုနဲ့အတူ ဖုန်းသုံးစွဲမှုကို ပိုမိုကောင်းမွန်စေဖို့ In Display Fingerprint Unlock စနစ်ကို ထည့်သွင်းပေးထားတဲ့အတွက် မျက်စိတစ်မှိတ်အတွင်း ဖုန်း Unlock ကို ပိုပြီး မြန်မြန်ဖွင့်နိုင်မှာဖြစ်ပါတယ်။ အသံပိုင်းဆိုင်ရာမှာလည်း အရည်အသွေးကောင်းမွန်တဲ့ Dual Stereo Speakers တပ်ဆင်ထားပြီး Volume level ကို 300% အထိ အသံတိုးချဲ့နိုင်မဲ့ Ultra Volume Mode လဲ ပါဝင်လာတဲ့အတွက် ရုပ်ရှင်တွေ သီချင်းတွေ ခံစားနားထောင်တာပဲဖြစ်ဖြစ်၊ ဖုန်းပြောဆိုတဲ့အခါတွေမှာပဲ ဖြစ်ဖြစ် ဖုန်းပတ်ဝန်းကျင် ဆူညံသံတွေကိုလဲ ကျော်လွန်ကာ ကြည်လင်ပြတ်သားတဲ့ အသံကို နားဆင်နိုင်စေမှာပဲ ဖြစ်ပါတယ်။

အသုံးပြုသူတွေအတွက် နေ့စဉ်ဖုန်းသုံးစွဲမှုတွေမှာ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးမဲ့ အချိန်မြန်မြန်နဲ့ အားသွင်းမြန်စေတဲ့ OPPO A78 ကို မြန်မာနိုင်ငံတွင် ၈၄၉,၉၀၀ ကျပ်ဖြင့် သြဂုတ်လ (၁၆) ရက်နေ့ကနေ (၂၀) ရက်နေ့အထိ Pre-order များ စတင်မှာယူနိုင်ပြီဖြစ်ပြီး အထူးလက်ဆောင်အနေနဲ့ 20,000 mAh Power Bank ကို ရရှိမှာဖြစ်ပါတယ်။ OPPO A78 အကြောင်းကို ဒီလင့်ကနေ ဝင်ကြည့်နိုင်သလို https://www.oppo.com/mm/smartphones/series-a/a78/ OPPO A78 နဲ့ Pre-order အချက်အလက်တွေကိုလဲ ဒီလင့်ကနေ တစ်ဆင့် https://tinyurl.com/5n9bykz5 ကြည့်ရှုလေ့လာ နိုင်ပါတယ်။

OPPOA78 #67WSUPERVOOC #8GBRAM #256GBROM #InDisplayFingerprint

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top