Vietjet က မြန်မာတို့ ဂျပန်ပြည်ကို ဟနွိုင်းမှတဆင့် အလွယ်တကူသွားနိုင်စေရန် လုပ်ဆောင်

yyl-18-002.jpeg

ရန်ကုန်၊ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၆ — ခေတ်မီလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Vietjet သည် အောက်တိုဘာလ ၁၉ နှင့် ၂၀ တွင် Yangon Convention Center ၌ ကျင်းပပြုလုပ်မည့် မြန်မာပြည်၏ အကြီးဆုံးသော ဂျပန်ပြပွဲဖြစ်သည့် “၂၀၁၉ မြန်မာ-ဂျပန် ပြပွဲကြီး”တွင် ပါဝင်ပြသပြီး ရန်ကုန်မှ ဂျပန်ပြည် မြို့တော်များဖြစ်သည့် တိုကျိုနှင့် အိုဆာကာသို့ ဟနွိုင်း (ဗီယက်နမ်)မှ တဆင့် သွားရောက်နိုင်သည့် ခရီးစဉ်များကို ရှင်းလင်းပြသမည်ဖြစ်သည်။ ပြပွဲကြီးတွင် Vietjet က ပြခန်းအမှတ် S30 တွင် ပြသည်မည် ဖြစ်ပြီး ပျော်ရွှင်ဖွယ်ရာကစားနည်းများ၊ လက်ဆောင်များအပြင် Vietjet ၏ လာဘ်ကောင်အရုပ်ဖြစ်သည့် အေမီ၏ အကဖျော်ဖြေမှုများလည်း ပါဝင်မည်ဖြစ်သည်။ မြန်မာခရီးသွားများအနေဖြင့် ဂျပန်သို့ Vietjet နှင့် ပျံသန်းသွားလာရင်း တမူထူးခြားသည့် လေကြောင်းခရီးအတွေ့အကြုံနှင့် အထူးကောင်းမွန်သောဝန်ဆောင်မှုများကို အသက်သာဆုံးသော နှုန်းထားများဖြင့် ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြပွဲကြီးတွင် ပါဝင်ခြင်းဖြစ်သည်။

Vietjet ၏ Vice President ဖြစ်သူ Nguyen Thanh Son က “ဒီ ၂၀၁၉ မြန်မာ-ဂျပန်ပြပွဲမှာ ပါဝင်ရတာကို အရမ်းစိတ်လှုပ်ရှားပျော်ရွှင်မိပါတယ်၊ မြန်မာလူမျိုးတွေ အနေနဲ့ ဂျပန်ပြည်ကို အပျော်ခရီးသွားဖို့၊ ပညာသင်ဖို့ ဒါမှမဟုတ် အလုပ်လုပ်ဖို့ ပိုပြီး စိတ်ဝင်စားလာတာနဲ့အမျှ ဂျပန်ကို သွားလာဖို့ အတွက် အဆင်ပြေသက်သာတဲ့ ခရီးစဉ်တွေ၊ ဈေးနှုန်းချိုသာတဲ့ လက်မှတ်ခနဲ့ နွေးထွေးတဲ့ဝန်ဆောင်မှုတွေ ပေးနိုင်တဲ့ Vietjet လေကြောင်းလိုင်းကို မိတ်ဆက်ပေးရတာ ဝမ်းမြောက်ရပါတယ်၊ ဗီယက်နမ်နိုင်ငံဟာ သဘာဝရှုခင်းအလှအပတွေ၊ စုံလင်တဲ့ ယဉ်ကျေးမှုဓလေ့တွေ၊ ကမ္ဘာ့အကောင်းဆုံး အစားအသောက်တွေနဲ့ ပြည့်စုံနေတဲ့ နိုင်ငံဖြစ်ပါတယ်၊ မြန်မာခရီးသွားတွေအနေနဲ့ ဂျပန်ကို သွားရောက်လည်ပတ်ရင်း ဗီယက်နမ်မှာ တဆင့် ဝင်ရောက်လည်ပတ်ရရင်လည်း မမေ့နိုင်တဲ့ ပျော်စရာ ခရီးသွားအတွေ့အကြုံတွေ ရမယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

Vietjet သည် ဂျပန်နှင့် ဗီယက်နမ်နိုင်ငံတို့၏ အကြီးဆုံးသော စီးပွားရေးနှင့် ခရီးသွားမြို့တော်များဖြစ်သည့် တိုကျို၊ အိုဆာကာ၊ ဟနွိုင်း၊ ဒါနန်းနှင့် ဟိုချီမင်းမြို့တော်တို့ကို ချိတ်ဆက်ပြေးဆွဲလျက်ရှိပြီး ၂ နိုင်ငံခရီးသွားများနှင့် နိုင်ငံတကာခရီးသွားများအား အချိန်၊ ခရီးစဉ်နှင့် စရိတ်များသက်သာသည့် လေကြောင်းခရီးစဉ် ရွေးချယ်စရာများကို ပေးအပ်လျက်ရှိသည်။ မြန်မာ ခရီးသွား များအနေဖြင့်လည်း တိုကျိုနှင့် အိုဆာကာစသည့် ဂျပန်မြို့တော်များသို့ ဟနွိုင်းမှတဆင့် Vietjet နှင့် ပျံသန်းသွားလာနိုင်ပြီး ဟနွိုင်း-ရန်ကုန် ခရီးစဉ်များကိုလည်း Vietjet က တစ်ပတ်လျှင် ငါးကြိမ် အသွားအပြန် ပျံသန်းပို့ဆောင်လျက်ရှိသည်။

ခရီးသွားများသည် Vietjet ၏ နောက်ဆုံးပြုလုပ်နေသော လျှော့ဈေးပွဲတော်ဖြစ်သည့် “Ohayo Saturday, fly to Japan from only MMK 0” ကာလအတွင်း လေယာဉ်လက်မှတ်များကို (အခွန်အခမပါဝင်ဘဲ) “သုည”ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည် လည်းဖြစ်သည်။ ယင်း သုညကျပ် လျှော့ဈေးများကို ၂၀၂၀ ခုနှစ် မတ်လ ၃၁ အထိ အပတ်စဉ်စနေနေ့တိုင်း www.vietjetair.com တွင် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး ဟနွိုင်းနှင့် ဟိုချီမင်းမှ ဂျပန်သို့ ပျံသန်းမည့် ခရီးစဉ်အားလုံးအတွက် အကြုံးဝင်သည်။ ခရီးသွားလာခြင်းကို နှစ်သက်သည့် မြန်မာလူမျိုးများအနေဖြင့်လည်း နေ့စဉ် လုပ်ငန်းတာဝန်များမှ ခဏတာ လွတ်မြောက်ကာ ရန်ကုန်မှ ဂျပန်သို့ သွားလာလည်ပတ်နိုင်မည့် အခွင့်အရေးကောင်းလည်းဖြစ်သည်။

Vietjet သည် တစ်ကမ္ဘာလုံးတွင် ဂျပန်စီးပွားရေးအဖွဲ့အစည်းအဖဲ့ွချုပ် ဖြစ်သည့် Japan Federation of Economic Organizations (Keidanren) ၏ အသင်းဝင်ဖြစ်ခွင့်ရသော ပထမဆုံး တန်ဖိုးနည်းလေကြောင်းလိုင်းဖြစ်သည့်အပြင် အထူးခွင့်ပြုထားသော နိုင်ငံခြားစီးပွားရေး အဖဲ့ွအစည်းလည်း ဖြစ်သည်။ ယင်းအဖဲ့ွချုပ်သည် ဂျပန်၏အကြီးဆုံးသော စီးပွားရေး အဖဲ့ွချုပ်လည်းဖြစ်သည်။

နှစ်နိုင်ငံမှ ဝန်ကြီးများ၊ ဂျပန်သံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဂျပန်စီးပွားရေးအဖဲ့ွအစည်းမှ ပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နံှသူများ တက်ရောက်မည့် မြန်မာ-ဂျပန်ပြပွဲကြီးသည် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ၊ ယဉ်ကျေးမှု၊ ပညာရေး၊ နည်းပညာ၊ အလုပ်အကိုင် အခွင့်အလမ်းများကို မြန်မာနိုင်ငံသို့ မိတ်ဆက်သယ်ဆောင်လာမည့် အကြီးဆုံးပြပွဲကြီးဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top