လူဦးရေထူထပ်တဲ့ လှိုင်သာယာမြို့နယ်မှာ ကျန်းမာရေးစစ်တမ်းကောက်ယူသွားမယ်

11-5-2020-yyl-027.jpg

COVID-19 ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် လူဦးရေထူထပ်တဲ့ လှိုင်သာယာမြို့နယ်မှာ ကျန်းမာရေး စစ်တမ်းကောက်ယူသွားမယ်လို့ လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးမြတ်မင်းသူက ရိုးရာလေးကို ပြောပါတယ်။

မူလက (၆)ရပ်ကွက်၊ (၁၀)ရပ်ကွက်နဲ့ ချန်းရီစက်ရုံက လူပေါင်း ၉၀၀၀ ကျော်ကို မေ ၁၆ ရက်မှာ စစ်တမ်း ကောက်ယူဖို့ စီစဉ်ထားပေမယ့် အခုအခါမှာတော့ တစ်မြို့နယ်လုံးကို ကောက်ယူနိုင်ဖို့အတွက် လုပ်ငန်း အသေး စိတ်စီမံချက်ကို ပြန်ရေးဆွဲနေတယ်လို့ ဦးမြတ်မင်းသူက ဆိုပါတယ်။ ”မေ ၁၆ ရက်မှာ စစ်မှာတော့ သေချာတယ်။ ဒါပေမဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က လှိုင်သာယာ တစ်မြို့နယ်လုံးကို စစ်ချင်တဲ့အတွက် လုပ်ငန်းအသေးစိတ်စီမံချက် ပြန်ဆွဲဖို့ ညွှန်ကြားထားတယ်။ အဲဒါပြီးမှ အတိအကျ ပြန်ပြောနိုင်မယ်”လို့ ၎င်းက ပြောပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လေ့လာတွေ့ရှိချက်တွေအရ အတည်ပြုလူနာတချို့ဟာ ရောဂါ လက္ခဏာလုံးဝမပြကြတဲ့အတွက် အခုလိုမြေပြင်ကို ကွင်းဆင်းပြီး ကျန်းမာရေးစစ်တမ်းကောက်ယူရတာ ဖြစ်တယ်လို့လည်း ဦးမြတ်မင်းသူက ဆိုပါတယ်။
အခုလိုကျန်းမာရေးစစ်တမ်းကောက်ယူတဲ့စီမံချက်ကို မေ ၆ ရက်က COVID-19 ရောဂါပိုးတွေ့ရှိသူ အများဆုံးဖြစ်တဲ့ အင်းစိန်မြို့နယ်မှာ ပထမဦးဆုံးအနေနဲ့ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုဆောင်ရွက်ရာမှာ အင်းစိန်မြို့နယ်မှာရှိတဲ့ ရပ်ကွက်(၄)ရပ်ကွက်က လူဦးရေ ၄၇,၀၀၀ ကျော်ကို စစ်တမ်းကောက်ယူနိုင်ခဲ့ပါတယ်။ အဲဒီအထဲကမှ ၃ ဦးကို ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ရပြီး ၁၆ ဦးကို လှိုင် Quarantine Center သို့ ပို့ဆောင်နိုင်ခဲ့ပါတယ်။
လှိုင်သာယာမြို့နယ်မှာ ရပ်ကွက်ပေါင်း ၂၀ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၉ အုပ်စုရှိပြီး COVID-19 ရောဂါပိုး တွေ့ရှိသူ ၅ ဦးရှိခဲ့ပါတယ်။

Photo – Wai Phyo Han
KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top