48MP ကျောဘက်ကင်မရာနှစ်လုံးပါ OPPO F11 Pro ကို ပြည်တွင်းမှာ စတင်ရောင်းချ

mmexport1554093539915.jpg

အလင်းမှိန်မှိန်တွင် ပုံရိပ်တွေကို ထင်ထင်ရှားရှား ရိုက်ကူးစေနိုင်မယ့် 48MP ကျောဘက်ကင်မရာနှစ်လုံးပါ OPPO F11 Pro စမတ်ဖုန်းကို ပြည်တွင်းဈေးကွက်၌ စတင်ရောင်းချလိုက်ပြီဖြစ်ပါတယ်။

ပိုမိုဆန်းသစ်တဲ့နည်းပညာနဲ့ ပိုမိုကောင်းမွန်တဲ့ သွင်ပြင်လက္ခဏာတွေပါရှိတဲ့ OPPO F11 Pro စမတ်ဖုန်း စတင်ရောင်းချခြင်း အခမ်းအနားကို ရန်ကုန်မြို့ Myanmar Plaza က OPPO Showroom မှာ ကျင်းပပြုလုပ်ခဲ့ပြီး OPPO က ဖိတ်ကြားထားသော အနုပညာရှင်များဖြစ်ကြတဲ့ သရုပ်ဆောင်မော်ဒယ် ပိုင်အုပ်စိုးအောင်နဲ့ ဖုန်းသီရိကျော်တို့ တက်ရောက်ပြီး ကြိုတင်မှာယူသူတွေကို ဖုန်းလွှဲပြောင်းပေးအပ်ခြင်း၊ (၄၀,၀၀၀) ကျပ်ဝန်းကျင်ရှိ OPPO Bluetooth Headphone လက်ဆောင်ပေးခြင်း၊ အမှတ်တရ လက်မှတ်ရေးထိုးခြင်းနှင့် ဓာတ်ပုံရိုက်ကူးခြင်းများပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် OPPO Myanmar က မကြာမီရောက်ရှိလာတော့မယ့် မြန်မာ့နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ OPPO F11 Pro စတင်ရောင်းချတဲ့အခမ်းအနားမှာ သပြေခက်နှင့်ရေပက်တာ၊ ရွှေရင်အေးနဲ့ တည်ခင်းဧည့်ခံတာတွေ ပြုလုပ်ခဲ့ပါတယ်။

OPPO F11 Pro မှာ စမတ်ဖုန်းအသုံးပြုသူတွေအတွက် ကျယ်ပြန့်ရှင်းလင်းတဲ့ ဖုန်းမျက်နှာပြင်ထိတွေ့သုံးစွဲမှုကို ပေးစွမ်းမယ့် မျက်နှာပြင်ပေါ်က အပေါက်လုံးဝမပါတဲ့ Panoramic Screen နှင့် ၆.၅ လက်မ မျက်နှာပြင်အရွယ်အစားပါရှိပါတယ်။ F11 Pro ရဲ့ 48MP+5MP ကျောဘက်ကင်မရာနှစ်လုံးမှာ Ultra-clear Image နှင့် Ultra-clear Night Mode ပါရှိပြီး အကောင်းဆုံးညရှုခင်းရိုက်ကူးမှုတွေဖန်တီးနိုင်ပါတယ်။ ဒါ့အပြင် OPPO F11 Proမှာ ဖုန်းအပေါ်ဘက်အလယ်ဗဟိုမှ ထွက်လာတဲ့ အထူးဆွဲဆောင်မှုရှိတဲ့ Pop Up Selfie ကင်မရာစနစ်လည်းပါရှိပါတယ်။

OPPO စမတ်ဖုန်းသစ်တွင် VOOC 1.0 ထက် မိနစ် (၂၀) ခန့် ပိုမိုမြန်ဆန်စွာ ရာနှုန်းပြည့် ဖုန်းအားပြည့်နိုင်တဲ့ VOOC အမြန်အားသွင်းစနစ် 3.0 လည်း ပါရှိပါတယ်။ F11 Pro မှာ ပါရှိတဲ့ 4,000mAh ဘက်ထရီက (၁၅) နာရီခွဲကြာ အသုံးခံပြီး (၁၂) နာရီကြာ ဗီဒီယိုကြည့်နိုင်ရန်နှင့် ၅နာရီခွဲကြာ ဂိမ်းကစားနိုင်တဲ့အထိ အထောက်အကူပြုပါတယ်။

F11 Pro စမတ်ဖုန်းကို သဘာဝအလှတရားမှ စိတ်ကူးဖန်တီးထားတဲ့ Thunder Black နှင့် Aurora Green ဆိုပြီး အရောင်နှစ်ရောင်နဲ့ ရရှိနိုင်ပါတယ်။ အလင်းမှိန်မှိန် ပုံရိပ်ထင်ထင် OPPO F11Proကို (၄၉၉၉၀၀) ကျပ်နဲ့ ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top