သုံးနာရီခွဲကျော်ကြာတဲ့ ဇာမဏီဖယောင်းသိုလှောင်ရုံမီးလောင်မှုကြောင့် မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦးနဲ့ အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သတင်း

yyl-001.jpg

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ စက်မှုဇုန်(၁)၊ ကွမ်းအပ်မင်းသားလမ်းရှိ ဇာမဏီ ဖယောင်းသိုလှောင်ရုံမီးလောင်မှုကြောင့် မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦးနှင့် အရပ်သား ၅ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါဒဏ်ရာရရှိသူ ၁၇ ဦးသည် စိုးရိမ်ရသော အခြေအနေမရှိသော်လည်း လက်ရှိတွင် သင်္ဃန်းကျွန်း စံပြဆေးရုံနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)ဆေးရုံတို့တွင် ဆေးကုသမှုခံယူလျက်ရှိရာ မီးသတ်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က သွားရောက်ကြည့်ရှု၍ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်ဟုလည်း သိရသည်။
ယခုမီးလောင်မှုဖြစ်စဉ်သည် စက်တင်ဘာ ၁၀ ရက်၊ ည ၇ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင် ၈၀၀ ကျော်၊ မီးသတ်ယာဉ် ၉၂ စီး၊ Foam အမြှုပ်ဆေးရည် ၆၉၇ ဂါလန်နှင့် ရေဂါလန် ၂၅၀၀၀၀ ခန့် အသုံးပြု ငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၃၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ခြင်း ဖြစ်သည်။
KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top