Honor 8A စမတ်ဖုန်း အလုံး (၈၀) ကို ဖုန်းအဟောင်းတွေနဲ့ လဲလှယ်ရယူနိုင်မဲ့ အစီအစဉ်

honor-2.png

ဈေးကွက်အတွင်း ဦးဆောင်နေတဲ့ စမတ်ဖုန်းအမှတ်တံဆိပ် တစ်ခု ဖြစ်တဲ့ Honor က ကမ္ဘာနဲ့အဝှမ်းမှာ ရှိနေမဲ့ Honor ချစ်သူတွေ အတူတကွတွေ့ဆုံပြီး ၎င်းတို့ရဲ့လှုပ်ရှား မှုတွေ၊ ပရိုမိုးရှင်းတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေမှာ အတွေ့အကြုံတွေ မျှဝေခြင်း၊ သင်ယူနိုင်ခြင်းများပြုလုပ်နိုင်ရန် ဆောင်ရွက်လျှက်ရှိတဲ့ Honor ချစ်သူများအသင်းကို မြန်မာနိုင်ငံအတွက်လည်းအွန်လိုင်းတွင် Honor Myanmar Fan Club အမည်ဖြင့် အသစ်ဖွဲ့စည်းလိုက်ပြီး အဲဒီအသင်းအောက်မှာ Honor ချစ်သူတွေအတွက် ပထမဆုံးသော အစီအစဉ်အသစ်တစ်ခုကို ၂၀၁၉ခုနှစ် ဧပြီလ (၁) ရက်နေ့မှာ စတင်မိတ်ဆက်လိုက်ပါပြီ။ အဲဒီအစီအစဉ်သစ်မှာ #ChangeForBetter အမည်ရပြီး မကြာသေးမီအချိန်အတွင်းမှာ ဈေးကွက်အတွင်း စတင်မိတ်ဆက်ခဲ့တဲ့ မိုးရေစက်သဏ္ဍာန်မျက်နှာပြင် Dewdrop display ပါ ဈေးနှုန်းသက်သာတဲ့ စမတ်ဖုန်းအသစ် Honor 8A ကို Honor Fan အဖွဲ့ဝင်တွေက သူတို့ လက်ရှိ ကိုင်ဆောင်ထားတဲ့ စမတ်ဖုန်းအဟောင်းတွေနဲ့ လဲလှယ်နိုင်မဲ့ အစီအစဉ်လည်းဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် မလေးရှားနိုင်တွင် ကျင်းပခဲ့သည့် Honor ချစ်သူများအတွက် ဆောင်ရွက်ပေးခဲ့သော Honor Campus Tour

Honor Club ဆိုတာက ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ Honor ချစ်သူတွေအတွက် တရားဝင်ဖွဲ့စည်းထားပေးတဲ့ အဖွဲ့ တစ်ခုဖြစ်ပါတယ်။ Honor Club ကို ၂၀၁၈ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး လက်ရှိမှာ Honor ချစ်သူအဖွဲ့အစည်းတွေကို ကမ္ဘာ့နေရာအနှံ့အပြားမှာ လွှမ်းခြုံဖွဲ့စည်းနိုင်နေပြီဖြစ်ပါတယ်။ အဲဒီHonor ချစ်သူအဖွဲ့တွေမှာ သက်ဆိုင်ရာနိုင်ငံအလိုက် Honor သုံးစွဲသူတွေအတွက် အပိုထပ်ဆောင်းဝန်ဆောင်မှုတွေ ပေးအပ်နိုင်ရန်၊ Honor ထုတ်ကုန်တွေဆိုင်ရာ နောက်ဆုံးရအချက်အလက်များ ဖြန့်ဝေထောက်ပံ့ပေးနိုင်ရန်၊ EMUI ROM ဆိုင်ရာ အထောက်အထားအချက်အလက်တွေ မျှဝေနိုင်ရန်နဲ့ Honor သုံးစွဲသူ၊ ချစ်သူများအချင်းချင်း မိမိတို့ရဲ့သုံးစွဲမှု ဆိုင်ရာ အတွေ့အကြုံတွေ ဝေမျှနိုင်ဖို့ရာ ဆုံရပ်တစ်ခုဖြစ်လာစေရန် ရည်ရွယ်တည်ထောင်ထားခြင်းဖြစ်ပါတယ်။

Honor Myanmar Fan Club အနေနဲ့ မြန်မာနိုင်ငံအတွင်း Honor အမှတ်တံဆိပ်ကို ချစ်ခင်ကြသူတွေအတွက် ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ Honor Myanmar ဖေ့စ်ဘွတ်စာမျက်နှာမှာ လစဉ်လတိုင်းနီးပါး လှုပ်ရှားမှုတွေ၊ အကြောင်းအရာများစွာ ဝေမျှခြင်းတွေ ဆောင်ရွက်သွားမှာဖြစ်ပြီး အဆိုပါ ကမ်ပိန်းအစီအစဉ်တွေမှာ Honor ကို ချစ်ခင်တဲ့ အဖွဲ့ဝင်တွေနဲ့ Honor အကြား ပိုမိုကောင်းမွန်တဲ့ ဆက်သွယ်မှုလမ်းကြောင်းတွေ ဖြစ်ပေါ်လာစေရန်နဲ့ နိုင်ငံအတွင်း ထူးခြားသည့် အခိုက်အတန့်အခါသမယတွေ ပေါ်ပေါက်လာစေရန်ဖြစ်ပါတယ်။ လှုပ်ရှားမှုအစီအစဉ်တွေးထဲကမှ Honor က ၎င်းရဲ့ စိတ်လှုပ်ရှားဖွယ်ရာ ကနဦးအစီအစဉ်သစ်တစ်ခုဖြစ်တဲ့ #ChangeForBetter အစီအစဉ်ကို စတင်ဆောင်ရွက်နေပြီလည်း ဖြစ်ပါတယ်။

အစီအစဉ်ကို ဧပြီလ (၁) ရက်မှ (၁၁) ရက်နေ့အတွင်း ပြုလုပ်သွားမှာဖြစ်ပြီး အဖွဲ့ဝင်တွေက ၎င်းတို့ရဲ့ ဖုန်းအဟောင်း တွေနဲ့ Honor 8A ဖုန်းအသစ်တစ်လုံးကို လဲလှယ်နိုင်မဲ့ အခွင့်အရေးရရှိမှာဖြစ်ပါတယ်။ အဆိုပါအစီအစဉ်တွင် ပါဝင်ရန် အဖွဲ့ဝင်တွေက အောက်ပါအချက်အလက်တွေကို ဆောင်ရွက်ရန်လိုအပ်မှာဖြစ်ပါတယ်။

၁။ ဖေ့စ်ဘွတ်မှာ Honor Myanmar Fan Club လို့ ရိုက်၍ ရှာဖွေပြီး Honor Myanmar Fan Club အတွင်းမှာ အသင်းဝင်ပါ။

၂။ Honor အမှတ်တံဆိပ်နဲ့ သက်ဆိုင်တဲ့ဓါတ်ပုံတစ်ပုံနဲ့အတူ #ChangeForBetter #Honor8A #BiggerViewBetterSound အစရှိတဲ့ #hashtag တွေနဲ့အတူ အောက်ပါမေးခွန်းနှစ်ခုအတွက် အဖြေတွေ ကို ရေးသားပြီး Honor Myanmar Facebook Group အတွင်း ပို့စ်တစ်ခုတင်ရမှာဖြစ်ပါတယ်။

  • လက်ရှိအသုံးပြုနေတဲ့ ဖုန်းအမျိုးအစား
  • Honor 8A ဖုန်းအသစ်နဲ့ လက်ရှိကိုင်ဆောင်ထားတဲ့ဖုန်းကို မည်သည့်အတွက်ကြောင့်                   လဲလှယ်လိုတဲ့ အကြောင်းပြချက်

လက်ရှိ Honor မှာ အလယ်အလတ်အဆင့် စမတ်ဖုန်းတွေနဲ့ မြန်မာနိုင်ငံက သုံးစွဲသူတွေရဲ့ အသည်းနှလုံးကို စွဲကိုင်အနိုင်ယူထားနိုင်ပြီး သုံးစွဲသူတွေအနေနဲ့ Honor ရဲ့ အဆင့်မြင့် Flagship စမတ်ဖုန်းအမျိုးအစားတွေကို မြန်မာနိုင်ငံအတွင်း မိတ်ဆက်ရောင်းချပေးရန် မျှော်လင့်လျက်ရှိနေတာလည်းဖြစ်ပါတယ်။ မကြာမီအချိန်အတောအတွင်း အဆင့်မြင့် Flagship အဆင့် စမတ်ဖုန်း အမျိုးအစားတွေ တရားဝင်မိတ်ဆက်ခြင်းတွေ ပြုလုပ်သွားဖို့ စီစဉ်လျက်ရှိပြီး လက်ရှိမှာ Honor Myanmar အနေနဲ့ Honor ချစ်သူတွေနဲ့ ပိုမိုချိတ်ဆက်မှုအားကောင်းစေရေးကို ကျယ်ကျယ်ပြန့်ပြန့် ဦးတည်မဲ့ #ChangeForBetter ကဲ့သို့ အစီအစဉ်များနည်းတူ Honor ချစ်သူတွေအတွက် ဆုလက်ဆောင်ပြန်လည်ပေးအပ် မဲ့အစီအစဉ်တွေကိုလည်း အနာဂတ်တွင် Flagship အဆင့် စမတ်ဖုန်းတွေမိတ်ဆက်ခြင်းနဲ့အတူ များစွာ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Honorရဲ့ နောက်ဆုံးရ သတင်းအချက်အလက်တွေပိုမိုသိရှိလိုပါက Honor Myanmar Facebook စာမျက်နှာ www.facebook.com/HonorMyanmar ကို ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top