မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါကို တိုက်ဖျက်ဖို့ စားသုံးသင့်တဲ့ အစားအစာများ

yyl-031.jpg

ကျွန်တော်တို့ရဲ့မှတ်ဉာဏ် အားကောင်းစေဖို့ ဦးနှောက်ကို လေ့ကျင့်ခန်းလုပ်ပေးနိုင်တဲ့ အရာတော်တော်များများ ရှိပါတယ်။ ဒါပေမဲ့ မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါဖြစ်နိုင်ခြေကို လျော့ချပေးတဲ့နေရာမှာ အရေးပါတဲ့တစ်နေ့တာ စားသောက်မှုပုံစံကိုလည်း လျစ်လျူရှုထားလို့မရပါဘူး။ တစ်နေ့တာစားသောက်တဲ့ အစားအစာတွေကလည်း အဲဒီရောဂါကို လျော့ချပေးနိုင်ကြောင်း လေ့လာချက်တွေ လည်းရှိပါတယ်။ ဦးနှောက်မှတ်ဉာဏ် အားကောင်းစေဖို့ အဓိကအာဟာရဓာတ်တွေ ပါဝင်အောင် စားသုံးပေးသင့်ပါတယ်။ ဒါကြောင့် မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါကို တိုက်ဖျက်ဖို့အတွက် စားသုံးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ဘယ်ရီသီးတွေက စားသုံးသင့်တဲ့ နံပါတ်တစ်အသီးပါပဲ

ဘယ်ရီသီးတွေက ကျွန်တော်တို့ ဦးနှောက်အတွက် အရမ်းအကျိုးရှိတဲ့ ဖောဗိုနွိုက် (Flavonoids)ဓာတ်တွေမြင့်မားစွာ ပါဝင်ပါတယ်။ အသီးအမျိုးမျိုးစားသုံးတဲ့ လူထောင်ပေါင်းများစွာနဲ့ ပြုလုပ်ခဲ့တဲ့ လေ့လာချက်မှာ သုတေသီတွေက ဘယ်ရီသီး အများဆုံးစားသုံးတဲ့ သူတွေက မှတ်ဉာဏ်ချို့ယွင်းမှု ဖြစ်နိုင်ချေ အနည်းဆုံးရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။ဒါကြောင့် သင့်ဦးနှောက် ကျန်းမာဖို့အတွက် ဘလူူးဘယ်ရီသီး၊ စတော်ဘယ်ရီသီးအစရှိတဲ့ ဘယ်ရီသီးတွေကို သွားရည်စာအနေနဲ့ စားပေးသင့်ပါတယ်။

အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်ကို စားသုံးပေးပါ

ဟင်းသီးဟင်းရွက်တွေက အာဟာရဓာတ်များစွာ ပါဝင်တဲ့အတွက် ကျွန်တော်တို့ ဦးနှောက်ကျန်းမာရေး အပါအဝင် ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ဒေါက်ခွရွက်၊ ကိုက်လန်၊ ဆလတ်ရွက်လို အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေက ဦးနှောက်ကျန်းမာရေးအတွက် ကောင်းတဲ့ရွေးချယ်မှုဖြစ်ပြီး အသက်ရလာလို့ မှတ်ဉာဏ်ချို့ယွင်း နိုင်ခြေကိုလည်း လျော့ချပေးပါတယ်။

အစေ့အဆံတွေစားသုံးပေးပါ

အချိုများတဲ့ သွားရည်စာတွေ စားသုံးမဲ့အစား ဦးနှောက်လုပ်ဆောင်ချက် အားကောင်းစေမဲ့ ဗီတာမင်အီဓာတ် မြင့်မားစွာပါဝင်တဲ့ အစေ့အဆံတွေကို ရွေးချယ်စားသုံးသင့်ပါတယ်။ အစေ့အဆံမှာ ပါဝင်တဲ့ဓာတ်တွေက ကျွန်တော်တို့ရဲ့ ကျန်းမာရေးအတွက်လည်း အကူအညီပေးပါတယ်။ ဦးနှောက်မှတ်ဉာဏ် ချို့ယွင်းမှုတွေ မဖြစ်အောင် အစေ့အဆံနဲ့ ဘယ်ရီတို့ကို ရောပြီး စားပေးလို့ရပါတယ်။

ကြော်လှော်ချက်ပြုတ်တဲ့အခါ သံလွင်ဆီကို အသုံးပြုပေးပါ

သံလွင်ဆီရဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေ၊ အလှအပ အကျိုးကျေးဇူးတွေကို ဖတ်ဖူူးကြမှာပါ။ သံလွင်ဆီက ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာအတွက် နံပါတ်တစ်ဆီဖြစ်ပါတယ်။ သံလွင်ဆီကို အစားအသောက်အတွက် အသုံးပြုတာက ဦးနှောက်မှတ်ဉာဏ် ချို့ယွင်းမှုကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

တစ်ပတ်ကို အနည်းဆုံး (၁)ကြိမ်လောက် ငါးစားသုံးပေးပါ

ငါးကို စဉ်ဆက်မပြတ်စားသုံးတဲ့ အသက် (၆၅) နှစ်ကျော်လူတွေက ငါးစားတာနည်းပြီး အသားကို ပိုစားကြတဲ့ သူတွေနဲ့ယှဉ်ရင် မှတ်ဉာဏ်အားပိုကောင်းတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ ငါးမှာ ပါဝင်တဲ့ဓာတ်တွေက ကျွန်တော်တို့ ဦးနှောက်အတွက် အကျိုးကျေးဇူးတွေရှိပါတယ်။ ငါးကို တစ်ပတ်ကို တစ်ခါလောက် စားသုံးရင်ပဲ လုံလောက်ပါတယ်။

Ref: Foods You Can Eat to Fight Alzheimer’s Disease

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top