မျက်နှာက အဆီပိုတွေကို ဘယ်လိုဖယ်ရှားကြမလဲ

face.png

လူတော်တော်များများက ကိုယ်အလေးချိန်ကျသွားပြီးတာတောင် မျက်နှာက အဆီတွေ လျော့မသွားတာနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ဒါက ကျွန်တော်တို့ခန္ဓာကိုယ်မှာ လျော့ရခက်တဲ့ အဆီတွေထဲက တစ်ခုပါပဲ။ ပါးဖောင်းဖောင်းလေးကနေစပြီး မေးနှစ်ထပ်ဖြစ်နေတာအထိ မျက်နှာက အဆီတွေကို ဖယ်ရှားပစ်လို့ရပါတယ်။ မျက်နှာက အဆီပိုတွေ မရှိအောင် တစ်နေ့တာ လုပ်ဆောင်လို့ရတဲ့ အလေ့အထတွေကို ပြောပြပေးချင်ပါတယ်။

မျက်နှာလေ့ကျင့်ခန်းလုပ်ကြည့်ပါ

မျက်နှာက အဆီပိုတွေကို ဖယ်ရှားစေပြီး ကြွက်သားတင်းရင်းလာအောင်ကူညီပေးတဲ့ မျက်နှာလေ့ကျင့်ခန်းများစွာရှိပါတယ်။ လေ့ကျင့်ခန်းတွေထဲက တစ်ခုက မေးစေ့နဲ့လည်ပင်းက ကြွက်သားတွေ တင်းရင်းလာတဲ့အထိ (၁၀) စက္ကန့်လောက် လျှာကို ထုတ်လိုက်ရမှာပါဖြစ်ပါတယ်။

ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ပါ

ဘယ်လိုမျိုး ကိုယ်လက်လှုပ်ရှားမှုပဲလုပ်လုပ် အေးရိုးဗစ်လေ့ကျင့်ခန်းနဲ့ တွဲလုပ်ဆောင်ကြည့်ပါ။ အနည်းဆုံး တစ်နေ့ကို (၂၀-၄၀) မိနစ် ပြုလုပ်ကြည့်ရမှာပါ။ ဒီလေ့ကျင့်ခန်းက အဆီပိုတွေကို လျော့နည်းအောင် ကူညီပေးမှာဖြစ်ပါတယ်။

အရက်သောက်သုံးမှုကို ကန့်သတ်လိုက်ပါ

အဆက်မပြတ် အရက်သောက်သုံးခြင်းက မျက်နှာဖောရောင်ခြင်းနဲ့ အဆီပိုတွေဖြစ်လာနိုင်ပါတယ်။ တစ်နေ့ကို တစ်ခွက်လောက်သာ သောက်သုံးပြီး ရေဓာတ်ပမာဏ တိုးလာအောင်လုပ်ဆောင်လိုက်ပါ။

ကာဗွန်ဟိုက်ဒရိုတ်လျော့ချပေးပါ

ကာဗွန်ဟိုက်ဒရိုတ်တွေက အမျှင်ဓာတ်လျော့နည်းပါတယ်။ အဓိကအားဖြင့် ကာဗွန်ဟိုက်ဒရိုတ်တွေက ပေါင်မုန့်၊ ထမင်း၊ ဂျုံမုန့်၊ သကြား၊ ဆိုဒါ၊ ချိုတဲ့အစားအစာတွေမှာပါဝင်ပါတယ်။ ဒီလိုအရာမျိုးတွေ စားခြင်းက အဆီသိုလှောင်မှုကို မြင့်တက်စေနိုင်ပါတယ်။

ဆိုဒီယမ်ပမာဏနည်းအောင်လုပ်ပါ

ဆိုဒီယမ်ပမာဏများတဲ့အစားအစာတွေကို စားသုံးခြင်းက ဖောရောင်ခြင်းနဲ့ ရောင်ရမ်းခြင်းတွေ တိုးလာစေပါတယ်။ ဆားပါတဲ့အစားအစာတိုင်းနီးပါးက မျက်နှာက အဆီတွေများလာစေပါတယ်။

Ref: TOI “5 habits that can help to reduce FACE FAT”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top