Face Access နဲ့ တွဲသုံးသင့်တဲ့ Raise to wake Feature

Combination-of-smart-awake-and-faceaccess_02.jpg

24MP အရှေ့ကင်မရာ၊ FullViewTM Display ဆိုတဲ့ အချက်နှစ်ချက်ကြောင့် လူကြိုက်များနေတဲ့ V7+ မှာ lock ဖွင့်ရမြန်ဆန်တဲ့ Face Access လည်းပါဝင်နေပါသေးတယ်။

Face Access ဟာအရင် V series မှာလည်းအသုံးပြုလို့ရတာမှန်ပေမယ့် V7+ ရဲ့ Face Access ကတော့ ပိုပြီးတော့ လူသိများလာပါတယ်။ အထူးသဖြင့် V7+ ဟာ FullviewTM Display ဖြစ်သွားပြီး finger print က နောက်ဘက်ကိုရောက်သွားတဲ့အတွက် Face Access ကိုပိုပြီးအသုံးပြုလာကြတာပါ။

V7+ မှာ Face Access ကို Unbox လုပ်ပြီးတာနဲ့ ချက်ချင်းတန်းသုံးလို့မရနိုင်သေးဘဲ system update လုပ်ပြီးမှသာသုံးလို့ရတဲ့ အကြောင်းဖော်ပြခဲ့ဖူးပါတယ်။ အဲဒီတုန်းက Face access သုံးဖို့အတွက် လိုအပ်ချက်တွေကိုတစ်ဆင့်ချင်းစီဖော်ပြခဲ့ပေမယ့် သုံးစွဲသူအချို့က raise to wake ကို activate လုပ်ဖို့ မေ့နေတတ်ကြပါတယ်။

Face Access နဲ့ lock ဖွင့်တဲ့အခါ wake ဖြစ်အောင်လို့ power ခလုတ်ကို နှိပ်နေရတာက အလုပ်ပိုတယ်၊ finger print ကမှ လက်နဲ့ထိလိုက်တာနဲ့ တန်းပြီးပွင့်သွားတယ်လို့ သုံးစွဲသူအချို့ကပြောကြပါတယ်။ တကယ်တော့ power ခလုတ်ကို နှိပ်ပြီးမှ Face Access ကိုသုံးလို့ရတာ မဟုတ်ပါဘူး။

Smart motion ကိုသွားပြီး Smart turn on/off screen ကိုရောက်ရင် Raise to wake ကို activate လုပ်ဖို့ပဲလိုတာပါ။ ဒါဆိုရင်တော့ ဖုန်းကို ကိုင်မြှောက်လိုက်တာနဲ့ lock ပွင့်သွားမှာ ဖြစ်ပါတယ်။ ဒီအဆင့်ကို ပြီးပြည့်စုံအောင် လုပ်ပြီးပြီဆိုရင်တော့ စာဖတ်သူရဲ့ V7+ ကို ဖွင့်ရာမှာဘယ် key ကိုမှ နှိပ်စရာ မလိုတော့ပါဘူး။ ဖုန်းကိုကောက်ကိုင်ပြီး မျက်နှာရှေ့ကို ကပ်လိုက်တယ်ဆိုရင်ပဲ အလိုအလျောက် lock ဖွင့်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

ဒီအဆင့်ကို မလုပ်ထားဘူးဆိုရင် အပေါ်မှာ ပြောခဲ့သလိုပဲ ဖွင့်ကာနီး power button ကို နှိပ်နေရဦးမှာပါ။ pattern တွေ၊ password တွေ၊ finger print တွေတောင် မသုံးဘဲ Face Access ကို အထာကျကျ သုံးချင်ရဲ့သားနဲ့ ခလုတ်တစ်ခုကို နှိပ်နေရတာမျိုး ဖြစ်မနေရအောင် Raise to wake ကို activate လုပ်ဖြစ်အောင် လုပ်လိုက်ကြပါဦး။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top