ကမ္ဘာ့အဆင့်မြင့်ဆုံး ဖျက်သင်္ဘော ကို အမေရိကန်တို့ စတင်စမ်းသပ်မောင်းနှင်

22965290304_4eeccac586_k.0.0.1449566151.0.jpg

ကမ္ဘာ့အဆင့်မြင့်ဆုံး ဖျက်သင်္ဘော (Destroyer) ကို အမေရိကန်ရေတပ်မှ စတင် ရေချလိုက်ပြီ ဖြစ်ပါတယ်။ ယင်း သင်္ဘော ရေချတဲ့ ပွဲကို လူပေါင်း ၂၀၀ ကျော် သွားရောက်ကြည့်ရှုကြပြီး သင်္ဘောရဲ့ ပုံစံကို ယခုလို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

သင်္ဘောဟာ အခြား မြင်ဖူးနေကျ ဖျက်သင်္ဘောများနဲ့မတူပဲ ထူးခြားဆန်းသစ်တဲ့ ပုံစံရှိနေပါတယ်။ ရည်ရွယ်ချက်ကတော့ ရေဒါကနေ ကြည့်တဲ့အခါ ဖျက်သင်္ဘောဖြစ်ကြောင်း နဲ့ အခြားသော စစ်သင်္ဘော တစ်စီးစီးလို့ ထင်နိုင်တာကို မှားယွင်းနိုင်အောင် ဖြစ်ပါတယ်။ ရန်သူကိုလှည့်စားနိုင်တဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ သင်္ဘော တစ်စီးလုံးကို လျှပ်စစ် ပါဝါပေးစနစ်ဖြင့်သာ မောင်းနှင်မှာ ဖြစ်ပြီး နျူကလိယျ နဲ့ အခြား လောင်စာဆီများကို အသုံးပြုထားခြင်း မရှိပါဘူး။ ပေ ၆၀၀ အရှည်ရှိပြီး တန်ချိန်အားဖြင့် တစ်သောင်းခွဲ တန်ရှိပါတယ်။ တည်ဆောက်မှုဟာ စုစုပေါင်း လေးနှစ်ကြာမြင့်ခဲ့ ပါတယ်။

Atlantic သမုဒ္ဒရာသို့ စတင်ပြေးဆွဲပြီ ဖြစ်ပြီး စစ်ရေးမှာ အမေရိကန်တို့ အသုံးပြုသွားမယ့် ရေယာဉ်တစ်စင်း ဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top