စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်း (၂၆-၆-၂၀၂၂ မှ ၃-၇-၂၀၂၂ )ရက်နေ့အထိ

25-6-2022-yyl04.jpg

တနင်္ဂနွေ


ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့ကတော့အတွက်
စီးပွားရေး။ ။ သစ်လုပ်ငန်း၊သစ်တောနှင့်ပါတ်သက်သော လုပ်ငန်းများကံကောင်းနေပါလိမ့်မည်။ ပြည်ပသို့ ပိုဆောင်သော လုပ်ငန်းတွင် အနည်းငယ် နှေးကွေးနေပါလိမ့်မည်။ ဘဏ်လုပ်ငန်းနှင့် ပရိဘောကလုပ်ငန်းများ အဆင်ပြေပါလိမ့်မည်။ သတ္တုလုပ်ငန်းများ ညံ့ပါသည်။

ကျန်းမာရေး။ ။ အရိုး၊အဆစ်ကိုက်ခဲခြင်း၊ ရေနှင့်ဆိုင်သော အဆုတ်ရေဝင်ခြင်း၊ချောင်းဆိုးခြင်း စသည့် ရောဂါများရတတ်ပါသည်။ သတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ ချစ်ရသောသူနှင့် မကြာခဏ စိတ်ကောက်နေတတ်သည်။ အိမ်ထောင်ရေးအနေနှင့် မိသားစု ယာယီခရီးသွားရတတ်သည်။သားကြီးရှိသူများ သားနေမကောင်းဖြစ်တတ်သည်။

ပညာရေး။ ။ပညာရေးအနေနှင့် အရာထမ်းစာမေးပွဲအတွက် ကြိုးစားသူများ ပိုကြိုးစားသင့်သည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ကား၊ဆိုင်ကယ် စသည့်ပစ္စည်းသစ်များ ရောက်လာတတ်သည်။ အိမ်ပြောင်းရတတ်သည်။ နိုင်ငံဝန်ထမ်းများ အရာထမ်း စာမေးပွဲ ဖြေပါက အောင်မည်။
အကျိုးပေးဂဏန်းမှာ ။ ။၁။၅။၉

ယတြာ။ ။ အုန်းလက် (၆) လက်ကို အိမ်ဘုရားတွင် လှူပေးပါ။အုန်းသီးပါသောမုန့်ကို နွမ်းပါးသူကို ကြွေးပါ။

တနင်္လာ


ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ကတော့
စီးပွားရေး။ ။ ရေထွက်ပစ္စည်းများ၊ ငါးလုပ်ငန်း၊ရေသန့်လုပ်ငန်း၊ ရေခဲနှင့်ဆိုင်သောလုပ်ငန်း၊အအေးခန်းနှင့်ဆိုင်သော စက်ရုံအလုပ်ရုံများ နှင့်ပါတ်သက်ပြီး ကံကောင်းပါသည်။ ပြည်ပနှင့် ဆက်သွယ်သော ရေလုပ်ငန်းများလည်း ကောင်းပါသည်။

ကျန်းမာရေး။ ။ မျက်လုံးနှင့် ပါတ်သက်သောရောဂါ။ သွားရောဂါများ ဖြစ်တတ်ပါသည်။ ပြင်ပထိခိုက်ခြင်းကြောင်း မျက်လုံးထိခိုက်မိတတ်ပါသည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့်အနည်းငယ်ညံ့ပါသည်။ ချစ်သူနှင့် မပြတ်မသားသော ဆုံးဖြတ်ချက်များကြောင့် ဝေးကွာရတတ်သဖြင့် ပြတ်သားရန်လိုပါသည်။ အိမ်ထောင်ရေး ကံကောင်းပါသည်။

ပညာရေး။ ။ပညာရေးအနေနှင့် ကံကောင်းသောအချိန်ကာလဖြစ်ပြီး သင်တန်းများ စတက်သင့်ပါသည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း အဝတ်အထည်သစ်များ ရတတ်သည်။ အိမ်ပြင်ရပါက ထီထိုးသင့်သည်။ အစိုးရဝန်ထမ်းများ ငွေကံကောင်းပါလိမ့်မည်။ သတိပြုရန်မှာ မိမိအနေဖြင့် စာရွက်စာတမ်းအကြောင်းပြုပြီး စစ်ဆေးခံရတတ်သည်။

အကျိုးပေးဂဏန်း – ၄ ၊ ၅ ၊ ဝ။
ယတြာ– တနင်္လာနေ့တွင် တန်ခိုးကြီးဘုရားတွင် ကံ့ကော်ပန်း (၁၅) ညွှန့်ကပ်လှူပါ။

အင်္ဂါ


ယခုအပတ်အတွင်း အင်္ဂါသားသမီးတွေကတော့
စီးပွားရေး။ ။ အလှကုန်ပစ္စည်း၊ အဝတ်အထည်၊ ကြွေထည်ပစ္စည်း၊ ဖန်၊မှန်နှင့်ဆိုင်သောပစ္စည်းများ ရောင်းဝယ်ခြင်းကောင်းပါသည်။ ပြည်ပပို့ကုန် အေးနေတတ်ပြီး စက်ပစ္စည်းများ၊အကြီးစားစက်မှု့လုပ်ငန်းများ ညံ့ပါသည်။

ကျန်းမာရေး။ ။ ခါးနှင့် ပါတ်သက်သော ရောဂါ။ ကျောက်ကပ်ရောဂါများ ရတတ်ပါသည်။ ဆီးချိုသမား သတိထားရမည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် အထူးသတိထားရန်မှာ ချစ်သူနှင့် ခိုက်ရန်ဖြစ်ပြီး တစ်ဘဝလုံး ဝေးသွားတတ်သည်။ အိမ်ထောင်ရေးအနေနှင့်လည်း အညံဘက်ပါပြီး အိုးအိမ်နှင့်ပါတ်သက်ပြီး စကားများရတတ်သည်။

ပညာရေး။ ။ပညာရေးအနေနှင့် နိုင်ငံခြား ဘာသာစကားကို စတင်လေ့လာသင့်သည့်အချိန်ဖြစ်သည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း အိမ်နေရာပြောင်းရပါက သတိထားပါ ညံ့နေတတ်သည်။ လက်နက်ကိုင်ဝန်ထမ်းများ သတိရှိပါစေ။

အကျိုးပေးဂဏန်း – ၃၊ ၆ ၊ ၉။
ယတြာ – အင်္ဂါနေ့တွင် အင်္ဂါနံဘုရားတွင် ဇီးယို လှူပေးပါ။

ဗုဒ္ဓဟူး


ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့အနေဖြင့်
စီးပွားရေး။ ။ အစားအသောက်နှင့် ဆိုင်သောလုပ်ငန်းများ၊စားသောက်ဆိုင်၊စားသောက်ကုန်လုပ်ငန်းများ၊ ဖုန်း၊ကွန်ပျူတာနှင့်ဆိုင်သောလုပ်ငန်းများ ကောင်းပါသည်။ ရေနံနှင့် ဆိုင်သော လုပ်ငန်းလည်း ကောင်းပါသည်။ ငွေကြေးကိစ္စများ ပြသနာဖြစ်တတ်သဖြင့် သတိထားရန်တော့ လိုပါသည်။

ကျန်းမာရေး။ ။ ဒူးနာခါးနာဖြစ်မည်။ အဆုတ်ရောဂါ ၊ဆီးကျိတ်ရောင်ရောဂါများ ဖြစ်တတ်သည်။ ခေါင်းကိုက်မည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ မိမိအားအလွန်ချစ်တတ်ပြီး နာလည်မှု့ပေးနိုင်သော ချစ်သူကို ရရှိမည်။ အိမ်ထောင်ရေးအနေနှင့် အေးစက်သော အိမ်ထောင်ရေး ဖြစ်နေတတ်ပါသည်။

ပညာရေး။ ။ပညာရေးအနေနှင့် အဆင့်မြင့်ပညာရေးကို ရရှိမည်။နိုင်ငံခြား မဟာဘွဲ့လျောက်နိုင်သည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း မိမိနှင့်ပါတ်သက်သော မိတ်ဆွေများ ရောက်လာတတ်သည်။ အဝေးဧည့်သည်ထံမှ လက်ဆောင်ရမည်။ ဝန်ထမ်းများ စိတ်အနည်းငယ် ညစ်ရလိမ့်မည်။

ရာဟု သားသမီးတို့ကတော့ ကျန်းမာရေး အနေနှင့် ခါးနာရောဂါရတတ်သည်။ အချစ်ရေးတွင်လည်း အဖြေစောင့်ရလိမ့်မည်။ စီးပွားရေးတွင် အကျိုးဆောင်လုပ်ငန်းကို ဦးစားပေးသင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါက ကံကောင်းပါလိမ့်မည်။

အကျိုးပေးဂဏန်း – ၄ ၊ ၀ ၊ ၆။
ယတြာ။ ။ ဗုဒ္ဓဟူးနေ့တွင် ရေသန့် (၁၇) ဗူးလှူပေးပါ။

ကြာသပတေး


ယခုအပတ်အတွင်း ကြာသာပတေး သားသမီးတို့အတွက်
စီးပွားရေး။ ။ ပညာရေးနှင့်ပါတ်သက်သော လုပ်ငန်းများ ၊ကိုယ်ပိုင်ကျောင်းလုပ်ငန်း၊ ပညာရေးဝန်ဆောင်ခြင်း တို့ ကောင်းပါသည်။

ကျန်းမာရေး။ ။ ဝမ်းဗိုက်နှင့်ဆိုင်သောရောဂါ ၊အူ နှင့် အစာအိမ်လမ်းကြောင်းတို့တွင် ရောဂါရတတ်သည်။ အစားအသောက်ကြောင့်ဖြစ်တတ်သဖြင့် သတိထားပါ။အစားအဆိပ်သင့်တတ်သေးသည် သတိပြုပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ ချစ်ရသောသူနှင့် အမြန်ဆုံးလက်ထပ်ရလိမ့်မည်။ အိမ်ထောင်သည်များလည်း အလုပ်ကိစ္စများနှင့်ပါတ်သက်ပြီး ခရီးဝေးသွားရပြီး ခွဲနေရမည်။

ပညာရေး။ ။အလုပ်နှင့် သက်ဆိုင်သော သင်တန်းတစ်ခုခုကို အမြန်တက်လိုက်ပါ။ ဘဝအတွက် အာမခံရရှိမည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ဘာသာရေးဆိုင်ရာ အလုပ်တစ်ခုခုလုပ်ကိုင်ရမည်။ ကုသိုလ်လုပ်ရမည်။ ထီထိုးပါ။ ဝန်ထမ်းများလည်း ထီကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၅ ၊ ၈ ၊ ဝ။
ယတြာ – ကြာသာပတေးနေ့တွင် ဘုရားတွင် ဆီမီး (၁၉) တိုင် လှူပေးပါ။

သောကြာ


ယခုအပတ်အတွင်း သောကြာသားသမီးတို့သည်
စီးပွားရေး။ ။ ကျောက်မျက်ရတနာလုပ်ငန်း၊ တူးဖော်ခြင်းလုပ်ငန်း၊ ရွှေနှင့် သတ္တုတူးဖော်ခြင်းလုပ်ငန်းများ၊ဆောက်လုပ်ရေးလုပ်ငန်းများ ကံကောင်းပါသည်။ အစုစပ်လုပ်ငန်း လုပ်သူများအနည်းငယ် သတိထားပါ။ ရန်ပေါ်တတ်ပါသည်။ ငွေကြေးပြသနာတက်တတ်ပါတယ်။

ကျန်းမာရေး။ ။ အသဲရောဂါသတိထားပါ။ ပြင်ပထိခိုက်ခြင်းဖြစ်တတ်သည်။ အထူးသဖြင့် စက်ရုံလုပ်ငန်းလုပ်သူများ လက်သတိထားပါ။ ဆေးရုံတွင်ရောက်နေသူများ ကျန်းမာရေးအမြန်ပြန်ကောင်းမည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းသော်လည်း ချစ်သူနှင့် နယ်ဝေးနေရတတ်သည်။ အိမ်ထောင်သည်များလည်း ခွဲနေရတတ်သည်။ စိတ်ပူရန်မရှိပါ။

ပညာရေး။ ။ပညာရေးအနေနှင့် စာရင်းပညာကို အဓိကထားလေ့လာသင့်သည့် အချိန်ဖြစ်သည်။
အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ကား၊ဆိုင်ကယ် စသည့် ယာဉ်တစ်ခုခုဝင်တတ်ထွက်တတ်သည့်အချိန်ဖြစ်ပါသည်။ ဝန်ထမ်းများလည်း မိမိနှင့် ဌာနတွင်း နေရာပြောင်းရတတ်သည်။ကားဝင်ပါက အလှူတစ်ခုပြုလုပ်ပါ။

အကျိုးပေးဂဏန်း – ၂ ၊ ၇ ၊ ၉။
ယတြာ – သောကြာနေ့တွင် ငါးအရှင်များကို တတ်နိုင်သလောက် လွတ်ပေးပါ။

စနေ


ယခုအပတ်အတွင်း စနေသားသမီးတို့သည်
စီးပွားရေး။ ။ မီးနှင့်သက်ဆိုင်သော လုပ်ငန်းများ၊ မုန့်ဖုတ်သည့်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း စသည်တို့ ကံကောင်းသည့်အချိန်ဖြစ်သည်။ ဆောက်လုပ်ရေး၊အိမ်ဆောက်ပစ္စည်းလုပ်ငန်း၊ သံထည်ပစ္စည်းလုပ်ငန်းများ ကောင်းပါသည်။ အထူးမှတ်ရန်မှာ လူယုံကြောင့် ဒုက္ခရောက်တတ်တယ်ဆိုတာဖြစ်ပါတယ်။

ကျန်းမာရေး။ ။ ခြေထောက်နှင့်ပါတ်သက်သောရောဂါဖြစ်တတ်သည်။ ခြေသလုံးသွေးကြောများ ပိတ်ပြီး ခွဲစိတ်ရတတ်သည်။ ငွေကုန်တတ်ပြီး ကျန်းမာရေးပြနေသော ဆရာဝန်ပြောင်းပြရလိမ့်မည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ ချစ်သူတို့ အိမ်ထောင်ပြုရန် အဆင်ပြေမည်။ အိမ်ထောင်သည်များ အနေဝေးနေပါက ယခုတစ်ပါတ်တွင် ပြန်လည်ပေါင်းစုံရပါမည်။

ပညာရေး။ ။ပညာရေးအနေနှင့်ကံကောင်းနေပြီး စာမေးပွဲအောင်မည်။
အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း အိမ်၊ခြံ၊ကား ဝင်တတ်ပါသည်။ ဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၃။၆။၉ ၊
ယတြာ – ရဟန်းတစ်ပါးကို ငွေ တစ်ထောင်ကျပ် လှူပါ။

Team (ရိုးရာလေး)

KimKaThu
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top